Boozy chimp sent to rehab
Sunday, February 28, 2010
ရေခံမြေခံကောင်းလို့ ပါ...
သောက်မယ်...စားမယ်...
ပျော်မယ်...ပါးမယ်...
ရုရှားနိုင်ငံမှ လူဝံတစ်ကောင်ဟာ ဆေးလိပ်နှင့် ဘီယာ သောက်ခြင်းစွဲလာနေပြီဖြစ်တဲ့ အတွက်တိ
ရိစ္ဆာန်ရုံထိန်းသိမ်းစောင့် ရှောက်သူများက အဆိုပါမျောက်ဝံအား အကျင့် ပျက်သူများအားစာရိတ္တပြန်
လည်ကောင်းမွန်အောင်ထိန်းကျောင်းပေးသည့် စခန်းတစ်ခုသို့ ပို့ လိုက်ရပါသည်...
ဖွဲ့ ကနေ ရုရှားနိုင်ငံတောင်ပိုင်း Rostov မြို့ ကတိရိစ္ဆာန်ရုံတစ်ခုကို ရွေ့ ပြောင်းပို့ ဆောင်ပေးခဲ့ ရပြီး
သူဟာ အဆိုပါတရိစ္ဆာရုံမှာ လူဝံသားပေါက်လေးများရဲ့  ဖခင်အဖြစ် လူဝံမများနဲ့ အတူနေထိုင်ခဲ့ ပြီး
ဘောလ်ပင် မှင်ချောင်းများနဲ့ အရုပ်များဆွဲတတ်သည်အထိတတ်မြောက်ခဲ့ တဲ့ အပြင် ဖော်ပြပါအတတ်
ကောင်းနှစ်ခု ( ဆေးလိပ်နှင့် ဘီယာ ) ကိုပါ တတ်ခဲ့ ခြင်းဖြစ်ပါသည်...
” အခုတော့  သူဟာ ဘီယာနဲ့ စီးကရက်ကြောင့် ဘ၀ပျက်ခဲ့ ရပြီဖြစ်ပါတယ်...သူဟာ တိရိစ္ဆာန်ရုံကို
လာသူများကို ဘီယာမရမချင်းတောင်းနေတတ်တော့ တာပါပဲ...” လို့ Komsomolskaya Pravda
သတင်းစာက ဆိုပါသည်...
အခုတော့ အဆိုပါ လူဝံကို မော်စကိုမြို့ တော်၏အရှေ့ ဖက် ကီလိုမီတာ ၈၀၀ ( မိုင် ၅၀၀ ) မျှကွာဝေး
သော Kazan မြို့ ရှိစာရိတ္တပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ပို့ ထားရကြောင်း သတင်းစာက ထပ်မံ၍ဖော်
ပြခဲ့ ပါသည်...
 သြော်...
အရက်နဲ့ ဘီယာကြိုက်တတ်တာကတော့ ရုရှားမှာ လူတွေတင်မဟုတ် တိရိစ္ဆာန်တောင်အဆစ်ပါ
လိုက်သေးတယ်...
အင်္ဂလိပ်သတင်းအတိုလေးပါ...
A Russian chimpanzee has been sent to rehab by zookeepers to cure the smoking and beer-drinking habits he has picked up.An ex-performer, Zhora became aggressive at his circus and was transferred to a zoo in the southern Russian city of Rostov, where he fathered several baby chimps, learned to draw with markers and picked up his two vices.
"The beer and cigarettes were ruining him. He would pester passers-by for booze," the Komsomolskaya Pravda paper said.
It added he has now been transferred to the city of Kazan, about 800 km (500 miles) east of Moscow, for rehabilitation treatment.
0 comments: