ချာချီသောက်တဲ့ ဆေးပြင်းလိပ် လေလံတင်...
Monday, February 1, 2010
Half-smoked cigar that Churchill stubbed out as he heard the Nazi army had reached Leningrad is sold for £4,500
                                     cigar
ဆေးပြင်းလိပ်ကြိုက်သူ ဆာဝင်စတန်ချာချီ...
Cigar fan: Sir Winston Churchill
၁၉၄၁ ခု နှစ်က အင်္ဂလန်ဝန်ကြီးချူပ် ၀င်စတန်ချာချီ၏ သောက်လက်စ ဆေးပြင်းလိပ်တစ်ပိုင်းတစ်စ
ကိုလေလံတင်ပွဲတွင်ရောင်းချခဲ့ ရာ ပေါင်စတာလင် ၄၅၀၀ ( ဒေါ်လာ ၇၂၀၀ ကျော် ) ပေးဝယ်သွား
ခဲ့ သည်ဟု လေလံတင်သူများကဆိုခဲ့ ပါသည်...
နောဖို့ ခ် နယ်၊ အိုင်လ်ရှန်မြို့ မှ ကီးစ် လေလံတင်အဖွဲ့ သားများ၏အဆိုအရ ဆာဝင်စတန်ချာချီဟာ
ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အဆိုပါ ဆေးပြင်းလိပ်ကို ကုန်အောင်မ
သောက်နိုင်ပဲ တစ်ပိုင်းတစ်စဖြင့် ချန်ထားခဲ့ သည်ဟု သိရပါသည်...
cigar
 သမိုင်းဝင်ဆေးပြင်းလိပ်တိုနဲ့ ပတ်ထားတဲ့ စာရွက်....
Stub: The half-smoked cigar with the letter that was wrapped around it
ထိုဆေးပြင်းလိပ်တိုကို ဒေါင်းနင်းလမ်း ( ၀န်ကြီးချူပ်အိမ်တော် ) မှ ကိုယ်ရေးလက်ထောက်တစ်ဦး
က ကောက်ယူခဲ့ ပြီး သူ၏ သူငယ်ချင်းတစ်ဦးထံသို့  အိမ်တော်တံဆပ်ခေါင်းစီးပါ စာရွက်တွင် မှတ်
ချက်စာသားအနည်းငယ်ရေးကာ လက်ဆောင်အဖြစ်ပေးပို့ ခဲ့ ခြင်းဖြစ်သည် ဟု ဆိုပါသည်...
ထိုသူသေဆုံးသောအခါ သူ့ ရဲ့ ဆွေမျိုးတစ်ဦးထံသို့ ရောက်ရှိသွားခဲ့ ခြင်းဖြစ်ပါသည်....
အိုင်လ်ရှမ်မြို့ တွင်ကျင်းပသော လေလံပွဲတွင် လေးလက်မခန့် သာရှိသော အဆိုပါဆေးပြင်းလိပ်
တိုကို ကိုယ်ပိုင်အမှတ်တ၇ ၀ယ်ယူစုဆောင်းသူ တစ်ဦးက ၀ယ်ယူသွားခြင်းဖြစ်ကြောင်း ကီးစ် 
လေလံအဖွဲ့ ကဆိုပါသည်...
အဆိုပါဆေးပြင်းလိပ်တိုနှင့်အတူပေးပို့ ခဲ့ သော ၀န်ကြီးချူပ်ရုံး၊အမှတ် ၁၀ ခေါင်းစီးတံဆိပ်ပါ
စာရွက်တွင် ” ဒီအမှတ်တရ ပစ္စည်းလေးက နောင်တစ်ချိန်မှာ သမိုင်းတွင်အကြီးကျယ်အမြင့် 
မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး အင်္ဂလန်မှာ နေထိုင်သွားတယ်ဆိုတာ သင့် ကိုအမှတ်ရနေစေပါ
အဆိုပါဆေးပြင်းလိပ်မှာ နယ်ချဲ့ နာဇီတပ်များ ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့ သို့ ချီတက်ရောက်ရှိပြီး
သမိုင်းဝင် လီနင်ဂရက်တိုက်ပွဲအဖြစ်သို့ မှတ်တမ်းတင်စေခဲ့ သည့် နေ့ တွင် တစ်စိတ်တစ်ပိုင်းဖြင့် 
ထားရှိခဲ့ ခြင်းဖြစ်ပါသည်...
ထိုဆေးပြင်းလိပ်တိုကို တယ်လီဖုံးဖြင့် ဈေးအမြင့် ဆုံးပေးဝယ်ခဲ့ သည့် ဟတ်ဖို့ ရှိုင်းယားမှ လူတစ်
ဦးက ရရှိသွားကြောင်း ဈေးနှုံးအကဲဖြတ်သူ ဆာရာပရီယာ ကပြောခဲ့ ပါသည်...
” ရှေးဟောင်းပစ္စည်းများ ကိုယ်ပိုင်ဝယ်ယူစုဆောင်းသူနှစ်ဦးက ဒီဆေးပြင်းလိပ်ကို အလွန်ဝယ်ယူ
စုဆောင်းချင်နေခဲ့ ကြတာပါ...သူတို့ ဟာတစ်ဦးကိုတစ်ဦး အလျော့ မပေးပဲ ဈေးကိုတိုးမြှင့် ပေးခဲ့  
တာ သိသာနိုင်ပါတယ်...
ဒီလေလံပွဲဟာ တစ်ကယ့် ကို အကြိတ်အနယ်ပါပဲ... သူတို့ နှစ်ဦး အဲဒီလေလံတင်တဲ့ အခန်းထဲမှာ
ရှိမနေခဲ့ တာကိုကပဲ တော်တော်ကောင်းပါတယ်...” လို့ သူမက ပြောခဲ့ ပါသည်...
ထိုသမိုင်းဝင်ဆေးပြင်းလိပ်ကို သတင်းမီဒီယာများနှင့် ကမ္ဘာတစ်လွှားမှ ၀ယ်ယူစုဆောင်းသူများက
အထူးစိတ်ဝင်စားခဲ့ ကြသည်...
အီဂျစ်၊ အစ္စရေး စသည့် နိုင်ငံများက ဖုံးဖြင့် ဈေးပြိုင်ပေးဝယ်သူများက အကြိမ်ပေါင်း ၁၅ ကြိမ်တိုင်
အောင် အပြိုင်အဆိုင်ဈေးပေးခဲ့ကြပြီး၊ ဈေးနှုံးမြင့် လာတာနှင့် အမျှ လူအများ ထိုလေလံပွဲမှ နောက်
ဆုတ်သွားခဲ့ ကြပါသည်...
cigar
အမြင်စုတ်ပေမယ့် ...သမိုင်းဝင်၊ အဖိုးတန်တဲ့ဆေးလိပ်တို...
The stub was bought by a private collector at a sale in Aylsham
ထိုနေ့ ကလေလံပွဲတာဝန်ခံကျင်းပသူ ကီးစ်လေလံအဖွဲ့ မှသူများအနေဖြင့် ဆေးပြင်းလိပ်တို၏ 
မူလကြမ်းခင်းဈေးဖြစ်သည့်  ပေါင်စတာလင် ၃၀၀ ( ဒေါ်လာ ၄၈၀ ) ထက် ပို၇လိမ့် မည်ဟု
၁၅ ကြိမ်တိုင်တိုင် ဈေးခေါ်ပေးဝယ်ခဲ့ သည့် အရောင်းအ၀ယ်အဖြစ်ထူးကို မစ္စပရီယာကပြော
ကြားခဲ့ ပါသည်...
သတင်းမီဒီယာတွေက ဒီဆေးပြင်းလိပ်ကို စိတ်ဝင်စားနေတယ်ဆိုတာသိရတော့ ကျွန်မတို့ အ
နေနဲ့   ပေါင်စတာလင် ၁၀၀၀၊ ၂၀၀၀ ( ဒေါ်လာ ၁၆၀၀၊ ၃၀၀၀ ) လောက်ဈေးနှုံးတိုးမြှင့် ရဖို့ 
တော့ မျှော်လင့် ခဲ့ ကြပါတယ်...ဒါပေမယ့် အခုလောက် ( ဒေါ်လာ ၇၂၀၀ ) ရလိမ့် မယ်လို့ တော့
အဆိုပါဆေးပြင်းလိပ်ကို ၀ယ်ယူသွားခဲ့ သူအနေဖြင့် သူ့ ရဲ့ သမိုင်းဝင်ရှားပါးပစ္စည်းများစုဆောင်း
မှုဟာ ယခုဆေးပြင်းလိပ်တိုကြောင့် ပိုမိုတိုးပွားလာကာဂုဏ်ယူနိုင်မှာဖြစ်ပါတယ်....
အခုသမိုင်းဝင်ပစ္စည်းဟာ အင်္ဂလန်မှာပဲဆက်လက် ရှိနေမှာဖြစ်လို့ သူမအနေနဲ့ ဂုဏ်ယူမိပါတယ်
လို့ လည်း မစ္စပရီယာက ဆိုပါသည်...
ဝင်စတန်ချာချီ ဆိုတာ စစ်အတွင်း က သူရဲကောင်းစိတ်ဓါတ်ဖြင့် ကြီးကျယ်မြင့် မြတ်မှုတွေနဲ့ ဆက်
စပ် ပါတ်သက်နေခဲ့ တဲ့ သူဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နိုဝင်ဘာလ ကလည်း လန်ဒန်မြို့ က ညစာစားပွဲရုံနဲ့ စကားပြောဆိုဆွေးနွေးငြင်းခုံရာနေရာ
အဖြစ် မစ္စတာချာချီဦးစွာ တည်ထောင်ခဲ့ တဲ့ ကလပ်မှာ သူအသုံးပြုခဲ့ တဲ့ ဆေးလိပ်ခွက်တစ်ခုကိုလည်း
မူလခန့် မှန်းထားတဲ့ ဈေးနှုံးတန်ဖိုးထက်သုံးဆမြင့် ပြီး ပေါင်း ၄၂၀၀ ( ဒေါ်လာ ၆၇၀၀ ) ဖြင့် ရောင်းချ
ခဲ့ ပါသေးတယ်...
ရှေးဟောင်းပစ္စည်းများကတော့ အလေးထား၊ တန်ဖိုးထား တတ်သူများအတွက် အဖိုးမဖြတ်နိုင်ပေ
မယ့် အခုလို ဆေးပြင်းလိပ်တို တစ်ခုကို ဒေါ်လာ ၇၂၀၀ ပေးဝယ်တာကတော့ တော်တော်ထူးဆန်း
ပါပေတယ်...
လွန်ခဲ့ တဲ့ နှစ်ရက်လောက်ကပဲ အင်္ဂလန်က အိမ်တစ်အိမ်မှာ ထီးတွေထိုးစိုက်သိမ်းထားတဲ့ တရုတ်
ကြွေပန်းအိုးကြီးတစ်လုံး ဟာလည်းတရုတ်ဧကရာဇ်မင်းတစ်ပါးလက်ထက်က ပြုလုပ်ခဲ့ တဲ့ ရှေး
ဟောင်းလက်ရာဖြစ်နေလို့ ကာလပေါက်ဈေး ပေါင်စတာလင် ငါးသိန်း ( ဒေါ်လာ ရှစ်သိန်း ) ခန့် 
ရှိလို့ ပိုင်ရှင်တွေပွပေါက်တိုးခဲ့ ရပြန်ပါသေးတယ်...
ကုသိုလ်ကံများ ကောင်းချင်တော့ အဟောင်းအမြင်းပုံထဲကပစ္စည်းက ရွှေဖြစ်နေတတ်ပါသေးတယ်...
အဲဒီလိုနည်းနဲ့ ရွှေပြည်ကြီးက ရှေးဟောင်းရုပ်ပွား၊ဆင်းတုတော်များနဲ့ ပစ္စည်းတွေ အနောက်နိုင်ငံ
ရောက်ကုန်တာ ကတော့ နှမျောစရာပါပဲ...
ကိုယ့် အိမ်ကအဟောင်းအနွမ်းပစ္စည်းတွေဆိုယင်လည်း ရမ်းပြီးလွှင့် မပစ်လိုက်နဲ့ နော်...
တော်ကြာအဖိုးတန်...ရှေးဟောင်းသမိုင်းဝင်ဖြစ်နေဦးမယ်..
အင်္ဂလိပ်လိုသတင်းပါ....
A cigar which Sir Winston Churchill left unfinished in 1941 fetched £4,500 at a sale, auctioneers said.
Auctioneers Keys, of Aylsham, Norfolk, said Sir Winston abandoned the stub to attend a cabinet meeting.
It was picked up by a Downing Street valet who sent it to a friend with a note jotted on Number 10 writing paper, said staff.
The friend kept the souvenir until his death then the cigar passed to a relative.
Keys said the stub - nearly four inches long - was bought by a private collector at a sale in Aylsham.
The Number 10 notepaper said: 'Just a small souvenir to remind you at some future date of one of the greatest men that ever lived in England.' 
The cigar was stubbed out on the day the advancing German army reached Leningrad, leading to a historic siege.
It was eventually won by a phone bidder from Hertfordshire, according to assistant valuer Sarah Prior.
She added: 'Two private collectors really, really wanted it and you could sense that neither one wanted to back down.
'It was a real head to head - it was probably quite good they weren't in the room together."
The cigar had attracted interest from media and collectors from across the globe.
Eight phone bidders from countries including Egypt and Israel as well as 15 commission bids and one person in the room prepared for battle at the beginning of the auction but the price quickly forced many to pull out.
Ms Prior said no one at Keys had expected it to fetch 15 times the original estimate of £300.
She said: 'As soon as it had the press interest, we knew it would be more, probably four figures. I was expecting £1,000 or £2,000. We couldn't have dreamed it would go for £4,500."
The buyer plans to add his latest purchase to a private collection of historical memorabilia.
Ms Prior said she was pleased it would remain in the country.
'Winston Churchill is associated with something so great - that war-time spirit,' she said.
In November, a butter dish used as an ashtray by Churchill at the London dining and debating club he co-founded was sold for £4,200 - almost three times its estimate.
2 comments:
Anonymous said...
ကိုကြီးရဲ့စွပ်ကျယ်စုတ်လေးသိမ်းထားလိုက်လေလံတင်မလို့
သွယ်လင်းဆက် said...
သမိုင်းကိုပြင်ရေးခဲ့တဲ့လူတစ်ယောက်သောက်တဲ့ဆေးလိပ်ကဒီလောက်တော့တန်ပါတယ်လေ။