Watch this movie and win $10,000 -- if you dare ....

Sunday, February 28, 2010

ကြည့် ရဲမလား သရဲကား....ဒေါ်လာတစ်သောင်းပေးမယ်...


တစ်ယောက်တည်းနော်...

အိန္ဒိယရုပ်ရှင်ထုတ်လုပ်ဖြန့် ချီရေးကုမ္ပဏီတစ်ခုက ထိတ်လန့် ဖွယ်သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့် 
ပရိတ်သတ်ကို ၎င်းတို့ နောက်ဆုံးထုတ်လုပ်ဖြန့် ချီလိုက်တဲ့ တမလွန်ဘ၀ဆိုင်ရာ သရဲ၊တစ္ဆေရုပ်ရှင်
ကားကို အစမှအဆုံးပြီးစီးသည်အထိတစ်ဦးတည်းကြည့် ရှုနိုင်သူကို ဆုငွေ ဒေါ်လာ ၁ သောင်းပေးမှာ
ဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်...
အိန္ဒိယနိုင်ငံမှ နာမည်ကျော်ဒါရိုက်တာ Ram Gopal Varma ရဲ့ ၂၀၀၈ ခုနှစ်က ပထမပိုင်း အဖြစ်ရိုက်
ကူးခဲ့ တဲ့  Phoonk ရဲ့ ဒုတိယမြောက်ဇတ်လမ်း Phoonk 2 ရုပ်ရှင်ဟာ မိသားစုတစ်စုကို ခြောက်လှန့် 
ဒုက္ခပေးနေတဲ့ သရဲ၊တစ္ဆေတစ်ကောင်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်...
” ရုပ်ရှင်ဆိုတာတစ်ကယ်မဟုတ်တာမို့  ကြောက်စရာမလိုပါဘူးလို့ ဆိုသူ မည်သူမဆို ရုပ်ရှင်ရုံထဲမှာ
တစ်ယောက်တည်းကြည့် ရှုရဲရမှာဖြစ်ပါတယ်....” လို့ အဆိုပါရုပ်ရှင်ထုတ်လုပ်ဖြန့် ချီတဲ့ ကြေငြာပွဲပြု
လုပ်တဲ့ Mumbai မြို့ မှာ ဒါရိုက်တာဖြစ်သူ Varma ကသတင်းထောက်များကို ပြောကြားခဲ့ တာဖြစ်ပါ
တယ်...

အခုလို ဆုကြေးငွေကိုရယူလိုတဲ့ စိန်ခေါ်သူကိုရုပ်ရှင်ကြည့် နေစဉ် သူ့ ရဲ့ နှလုံးခုန်နှုံးကိုတိုင်းတာတဲ့ 
စက်တပ်ဆင်ထားမှာဖြစ်ပြီး ရုပ်ရှင်ပြသနေစဉ်တစ်လျှောက်လုံး သူ့ အနေနဲ့ မျက်လုံးမှိတ်မထားပဲ ဖွင့် 
ထားတာကို သေချာစေနိုင်ဖို့ ကင်မရာတစ်ခုကိုလည်း တပ်ဆင်ထားမှာဖြစ်ပါတယ်...

အဆိုပါ နှလုံးခုန်စက်ကမှတ်တမ်းတင်နေတာကို ရုပ်ရှင်ရုံအပြင်ဖက်က မျက်နှာပြင်မှာ တိုက်ရိုက်ပြသ
နေမှာဖြစ်ပြီး စိန်ခေါ်ယှဉ်ပြိုင်သူသာ အနိုင်ရရှိခဲ့ ယင် ဆုကြေးငွေ ရူပီးငွေ ၅ သိန်း ( ဒေါ်လာ ၁ သောင်း
ရရှိမှာဖြစ်ပါတယ်လို့  ဒါရိုက်တာ Varma ကဆိုပါတယ်...

ယခင် Phoonk ရုပ်ရှင်ပထမပိုင်းစတင်ပြသစဉ်တုံးကလည်း အခုလိုမျိုးစိန်ခေါ်တာကို ဒါရိုက်တာဖြစ်
သူ Varma ကကြေငြာခဲ့ ပါသေးတယ်.. ဒါပေမယ့် ဒီပြိုင်ပွဲမှာ ( အနိုင်မရနိုင်အောင် ) မရိုးမသားစီစဉ်
ထားမှုတွေ ရှိတယ်လို့ စွပ်စွဲပြောဆိုမှုတွေရှိခဲ့ ပြီးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ ပါတယ်...

ထိုစဉ်က ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိတဲ့ သူဟာ ရုပ်ရှင်ပြသပြီး မိနစ် ၃၀ အကြာမှာ ရုပ်ရှင်ရုံထဲကနေ
ထွက်ပြေးသွားခဲ့  ပါတယ်လို့ ဆိုပေမယ့်  သတင်းစာတွေရဲ့ သတင်းအရတော့ အိန္ဒိယနိုင်ငံတောင်
ပိုင်း ဘန်ဂလို မြို့ က ရုပ်ရှင်ဝါသနာရှင်ဟာ ဆရာဝန်တစ်ဦးကိုအသင့် ရှိနေစေဖို့ မှာကြားထားပြီး လုံ
ခြုံရေးအစောင့် အရှောက်တွေ ရုပ်ရှင်ရုံပြင်ပမှာစောင့် ဆိုင်းထားစေပြီး ရုပ်ရှင်ကို အစမှအဆုံးတိုင်
အောင် တစ်ဦးတည်း ကြည့် ရှုနိုင်ခဲ့ တယ်လို့ ဆိုပါတယ်...

မူရင်းသတင်းလေးပါ...
A Bollywood filmmaker has issued a lucrative challenge to horror movie fans: a $10,000 (£6,400) reward for anyone who can watch his latest supernatural thriller, alone, in a cinema until the closing credits. Ram Gopal Varma's "Phoonk 2," a sequel to his 2008 film of the same name, is about an evil spirit that traumatises a family. "Anyone who says the movie cannot scare him is going to be put in a theatre by himself," Varma told reporters in Mumbai at an event to promote the movie.Varma said the film fan who steps up to the challenge will be wired up to a heart monitoring machine as well as a camera that ensures they keep their eyes open during the whole movie.Readings from the machines will be shown live on a screen outside the cinema, Varma said, and if the contestant succeeds, they will win 500,000 rupees (approximately 6,900 pounds).Varma issued a similar challenge ahead of the release of the original "Phoonk" but the promotional contest was withdrawn after allegations the selection process was rigged.
Varma said the contest winner ran out 30 minutes after the film started, but newspaper reports said a film fan in the southern Indian city of Bangalore booked an entire cinema to prove the director wrong and watched the film alone with a doctor on call and security personnel stationed outside.
(Writing by Tony Tharakan, editing by Miral Fahmy)

2 comments:

Unknown said...

ဟီးးးးးးးးးးဒေါ်လာတစ်သောင်းတော့လိုချင်သား
သရဲတော့ကြောက်တယ်

SHWE ZIN U said...

ဒေါ်လာတစ်သောင်း တောင်မှဘဲ အင်း ကြည်ဘို့စဉ်းစားရမယ် နဲဘူးကြီး