Myanmar discovers over 100-ton jade stone in northern state

Monday, February 8, 2010

တန်ချိန် ၁၀၀ ရှိ ကျောက်စိမ်းတုံး မြန်မာပြည်တွင်တွေ့ ရှိ


ဗီယက်နမ်ကိုရောင်းလိုက်တဲ့ တန် ၃၀ လား...
ပါးပါးလေးပါ....တန်ချိန် ၁၀၀ နဲ့ 
တန်ချိန် ၃၀၀၀ တောင်ထပ်တွေ့  ထားသေးတယ်...

မြန်မာနိုင်ငံတွင် ၁၁၅ တန်အလေးချိန်ရှိသော ကျောက်စိမ်းအရိုင်းတုံးကြီးတစ်ခုကို ကချင်ပြည်
နယ်ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင်တွေ့ ရှိခဲ့ ရကြောင်း မြန်မာသတင်းဂျာနယ်တစ်စောင်
ကလွန်ခဲ့ သော သောကြာနေ့ ကဖော်ပြခဲ့ သည်ဟု တရုတ်နိုင်ငံဆင်ဟွာသတင်းဌာနကဖေါ်ပြ
ထားခဲ့ ပါတယ်...

လွန်ခဲ့ တဲ့ ဆယ်နှစ်အတွင်းတူးဖော်တွေ့ ရှိသမျှထဲတွင် ဒုတိယအကြီးဆုံးဖြစ်သော အဆိုပါကျောက်
စိမ်းအရိုင်းတုံးကြီးကို မက်စ် မြန်မာ ကုမ္ပဏီက တူးဖော်တွေ့ ရှိခဲ့ ခြင်းဖြစ်သည်ဟုဆိုပါသည်...
ကမ္ဘာ့ အကြီးဆုံး တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကိုလည်း ဖားကန့် ဒေသမှာပင် ၂၀၀၀ခုနှစ်
ကတွေ့ ရှိခဲ့ ပါသေးတယ်ဟုသတင်းဖော်ပြချက်မှာပါရှိခဲ့ ပါသည်...

အလျား ၂၁ မီတာ ( ၆၈ ပေ ) ၊ အကျယ် ၄.၈ မီတာ ( ၁၅.၇ ပေ ) ၊ နဲ့ အမြင့်  ၁၀.၅ မီတာ
( ၃၄ ပေ ) ရှိတဲ့ အဆိုပါကျောက်စိမ်းတုံးကြီးကို မြေကြီးအောက် ၁၂ မီတာ ( ၄၀ ပေ ) အနက်
မှာ တွေ့ ရှိခဲ့ ရတာဖြစ်သည်ဟု သတင်းများကဆိုပါသည်...

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ အကြီးဆုံးပတ္တမြား ( ၂၁၄၅၀ ကာရက် အလေးချိန် ) ၊ ကမ္ဘာ့ အကြီး
ဆုံး နီလာဂေါ်ကြိုး ( ၆၃၀၀၀ ကာရက် ) ၊ ကမ္ဘာ့ အကြီးဆုံးပြောင်ဂေါင်းစိမ်း ( ၃၂၉ ကာရက် )
ကမ္ဘာ့ အကြီးဆုံး ပုလဲကြီး ( ၈၄၅ ကာရက် ) တို့ ကိုလည်း ပိုင်ဆိုင်ထားသည်ဟုဆိုပါတယ်...

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာများတူးဖော်လုပ်ကိုင်နေသော ရတနာမိုင်းတွင်းခြောက်ခု
ရှိပြီး၊ ၎င်းတို့ မှာ ရှမ်းပြည်နယ်ရှိ မိုင်းရှူးဒေသ၊ နမ့် မျှားဒေသ၊ မန္တလေးတိုင်းရှိ မိုးကုတ်ဒေသ၊
စစ်ကိုင်းတိုင်း ရှိခန္တီးဒေသ နှင့်  ကချင်ပြည်နယ်ရှိ မိုးညှင်းဒေသ နှင့် ဖားကန့် ဒေသ များဖြစ်
ကြပါသည်...

ကျောက်မျက်မျိုးစုံပေါ်ထွက်ရာအဖြစ် နာမည်ကျော်သော မြန်မာပြည်တွင် ပတ္တမြား၊ စိန်၊ကြောင်
မျက်ရွှဲ၊ နီလာ၊မြ၊ ဥဿဖယား၊ ပုလဲ၊ သန္တာ မှစပြီး ကျောက်မျက်အမျိုးအစားပေါင်းမြောက်များ
စွာထွက်ရှိသည်ဟု ၀ံ့ ကြွားနိုင်ပါတယ်...

အစိုးရ စီမံကိန်းနှင့် စာရင်းအင်းများဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း
မှာ မြန်မာနိုင်ငံအနေနဲ့  ကျောက်စိမ်း တန်ချိန် ၃၂၉၂၁ ၊ ပတ္တမြားအပါအ၀င် ကျောက်မျက်အမျိုးစုံ
( ပုလဲမပါ ) ၁၈၇၂၈ သန်း ကာရက် နဲ့ ပုလဲ ၇၅၄ ကီလိုဂရမ် ထုတ်လုပ်နိုင်ခဲ့ ကြောင်း သိရပါတယ်...

တွေ့ လားဗျာ...
ရွှေပြည်ကြီးဘယ်လောက်ချမ်းသာသလဲဆိုတာ...
ကမ္ဘာမှာ တစ်ခြားဘယ်နိုင်ငံမှာမှ အဲဒီလိုမရှိဘူး....
ဒါကြောင့် မို့ ဟန်းဖုန်းတို့ ၊ လိုင်းဖုန်းတို့ ကို ကမ္ဘာမှာ တစ်ခြားဘယ်နိုင်ငံမှနဲ့ မတူတဲ့ 
ဈေးနဲ့ ဝယ်ပြီးသုံးနေနိုင်ကြတာပေါ့ ...
ဘာလို့ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေကြသလဲမသိဘူး...
လူတွေများခက်ပါတယ်...
ဟဲဟဲ....

 ဆင်ဟွာသတင်းကဖော်ပြထားတဲ့ အင်္ဂလိပ်လိုသတင်းလေးပါ.... 

YANGON, Jan. 29 (Xinhua) -- Myanmar has discovered a raw jade stone weighing 115 tons at Phakant mining area in the country's northernmost Kachin state, the local Newsweek journal reported Friday.

The jade stone, the second largest one to be mined in the past decade, was excavated by Max Myanmar company, the report said.                                    
The world's largest jade stone weighing about 3,000 tons was discovered in Phakant in 2000.

The giant jade stone, measuring 21 meters long, 4.8 meters wide and 10.5 meters high was found at a depth of 12 meters underground, an earlier report said.
The country also claimed that it possesses the world's largest ruby weighing 21,450 carats, the largest star sapphire weighing 63, 000 carats, the biggest peridot weighing 329 carats and the biggest pearl weighing 845 carats.
There are six mining areas in Myanmar under gem and jade exploration, namely, Mongshu and Namhyar in Shan state, Mogok in Mandalay division, Khamhti in Sagaing division, Moenyin and Phakant in Kachin state.

Myanmar, a well-known producer of gems in the world, boasts ruby, diamond, cat's eye, emerald, topaz, pearl, sapphire, coral and a variety of garnet tinged with yellow.
The government's Central Statistical Organization revealed that in the fiscal year 2008-09, Myanmar produced 32,921 tons of jade and 18,728 million carats of gems which include ruby, sapphire, spinel and peridot, as well as 201,081 mommis (754 kilograms) of pearl.
 

4 comments:

Anonymous said...

ညီမလေးမပြောဘူးလားဆီကိုရေချိုးတဲ့တိုင်းပြည်မှာနေတာ...
မြန်မာတွေချမ်းသာတယ်ဆိုတာနိုင်ငံတော်တော်များများသိတယ်၊US$3 ကျပ်ဆိုကူလီထမ်းတဲ့ကုလားနိုင်ငံကိုခေါ်ရင်တစ်နာရီလောက်ရတာ၊ကိုယ်တွေကရွှေတွေလေ...ကိုယ့်နိုင်ငံကိုတန်ဖိုးကြမခံဘူး၊တစ်နာရီကိုUS$18ကျပ်ပေးပစ်လိုက်တယ်၊:)

Flower said...

ဒါကြောင့်လဲ မြန်မာဆိုတာ ကမ္ဘာကျော်ပေတာကိုးလို့ တွေးမိတယ်..
သယံဇာတပေါလွန်းတော့လဲ လွယ်လွယ်နဲ့ မဖယ်ပေးချင်ဘူးပေါ့.............. ဒီလောက်ပေါတဲ့ ကျောက်မျက်ရတနာ... ယူချင်းယူ ကိုယ်ဘဲယူမှာပေါ့ ..
သူများဘယ်ပေးမလဲ...

သူရဲကောင်းကြယ် said...

ရွှေမြန်တွေလေ...ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာခဲ့ကြတာကလား...ခုမှ ဘာလို့ အပြင်ထွက်ချင် ကုန်ကြပါလိမ့်။ :P :P

ရွှေရတုမှတ်တမ်း said...

ဒီလောက်အကြီးကြီးတွေဘယ်လိုဝတ်မလဲ..
ဒါ့ကြောင့်...သူများနိုင်ငံသွားပြီးသေးသေးလေးလိုက်ရှာတာ..