Woman in Saudi Arabia sues hotel $1.3 mln over mosquito bites
Tuesday, February 9, 2010
ခြင်ကိုက်လို့ ဒေါ်လာ ၁.၃ သန်းတရားစွဲသူ 
Woman in Saudi Arabia sues hotel $1.3 mln over mosquito bites
မင်းကြောင့် ဒေါ်လာ ၁.၃ သန်းရမှာလားကွယ်...
လာပါလေ...ကိုက်စမ်းပါ ကိုယ့် ကို...
ဆော်ဒီအာရေဗျ နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ ဟိုတယ်တစ်ခုမှာ သူမတည်းခိုနေစဉ်ခြင်ကိုက်ခံရလို့ 
ထိုဟိုတယ်ကို လျှော်ကြေးပေးဖို့ တရားစွဲဆိုခဲ့ တယ်လို့  ဆော်ဒီသတင်းစာတစ်စောင်မှာ ဖော်ပြပါရှိ
ခဲ့ ပါတယ်...
နင်္လာနေ့ က နစ်နာကြေး ဆော်ဒီငွေ ရီယယ် ၅ သန်း ဒေါ်လာ ( ၁.၃ သန်း ) ရလိုမှုဖြင့် လျှောက်ထား
စွဲဆိုမှုကိုစစ်ဆေးရန်စတင်စဉ်းစားနေပြီဖြစ်သည်ဟုဆိုပါတယ်...
အဆိုပါဟိုတယ်တွင် တည်းခိုနေထိုင်ခဲ့ စဉ်အတွင်း ခြင်များစွာကိုက်ခံခဲ့ ရပြီး နေမကောင်းဖြစ်ခဲ့ ရ
ကြောင်း၊ အရေပြားများ နီရဲလာကာ ခန္ဓာကိုယ်အနှံ့ အပြားနာကျင်ကိုက်ခဲပြီး ယားယံခဲ့ ရသည်ဟု
အမျိုးသမီးက ဆိုခဲ့ ပါတယ်...
သူမကို ဆရာဝန်က ဆေးစစ်ဖို့ အကြံပေးလမ်းညွှန်ခဲ့ ပြီး၊ ဆေးရုံမှာ ဆက်လက်ကုသပေးခဲ့ ပါတယ်...
ထိုခြင်ကိုက်ခံရသည့် ကိစ္စကို တိုးတိုးတိတ်တိတ်ဖြင့်ဖြေရှင်းရန် ဟိုတယ်ဝန်ထမ်းများက ကြိုးစားခဲ့ 
ကြသော်လည်း မအောင်မြင်ခဲ့ ပေ...
ခြင်ကိုက်ခံခဲ့ ရသူ အမျိုးသမီးက ဟိုတယ်ပိုင်ရှင်အား သူမအနေဖြင့် ဟိုတယ်နှင့်အုပ်ချူပ်သူတာဝန်
ရှိသူများအား တရားစွဲဆို မည်ဖြစ်ကြောင်းအသိပေးခဲ့ ပါတယ်...
သြော်....
ခြင်ကိုက်ခံရတာများ တရားစွဲ ရတယ်လို့ ...
ပြီးတော့ လျှော်ကြေးကလည်း ဒေါ်လာ ၁.၃ သန်းတောင်တောင်းသတဲ့ ဗျာ....
ရွှေပြည်ကြီးသာ လာတည်းလိုက်စေချင်တယ်..
A woman in Saudi Arabia sued a five-star hotel over mosquito bites, a Saudi newspaper reported Monday.
Al Hayat reported that a court in the city of Jidda started considering the lawsuit Monday as the woman demanded that hotel owners pay her 5 million Saudi riyals ($1.3 million) in damages.
She claimed that as a result of numerous mosquito bites she had suffered while staying at the hotel she fell ill, started having severe pains and itching, while her skin turned red.
She also said a doctor advised her to undergo a medical examination and start treatment in a hospital.
All attempts by hotel staff to hush up the conflict were to no avail. The woman notified the hotel owners that she is suing them.
RIYADH, February 9 (RIA Novosti)
1 comments:
သွယ်လင်းဆက် said...
လွန်ခဲ့သော ၁၀နှစ်လောက်က ရန်ကုန်က စတိုး ဆိုင်တစ်ဆိုင်မှာ စပါကလင်တစ်လုံးဝယ်သောက်ဖူးတယ်။ ပါဆယ် ယူမယ်ဆိုတော့ ရောင်းတဲ့သူက တိုင်မှာချိတ်ထားတဲ့ ကြွတ်ကြွတ်အိပ်အသစ်တစ်လုံးကို ဆွဲယူ အဖုံးဖွင့်ပြီးတဲ့ စပါကလင်ကို လောင်းထည့်ပေးလိုက်ပါတယ်။ ရန်ကုန် နေအောက်မှာ လမ်းလျှောက်ကာ အရသာခံစုတ်ရင်း အရသာတစ်မျိုးဖြစ်လို့ လို့ကြွတ်ကြွတ်အိပ်ကိုသေချာကြည့်လိုက်တော့ အထဲမှာ သံချေးအလိပ်လိပ်တက်နေတဲ့ သုံးလက်မ အိမ်ရိုက်သံတစ်ခုက အထဲမှာ အခန့်သား နေရာယူလို့။ အခု ကိုပီတာ ပိုစ့်ကိုဖတ်ရတော့ “တစ်ခြားနိုင်ငံမှာ ဆို ကျွန်တော်လည်း တရားဆွဲလို့ နိုင်ခဲ့မယ်ဆိုရင် ခုလောက်ဆို Millionaire ဖြစ်နေပြီ” လို့။