Virginia church worships in the buff

Sunday, February 28, 2010

Church welcomes nude parishioners 

 

 

အမေရိကန်နိုင်ငံ၊ဗာဂျီနီးယားပြည်နယ်အတွင်းမှ ဘုရားရှိခိုးကျောင်းတစ်ခုသို့ တနင်္ဂနွေနေ့ တိုင်းဝတ်
ပြုဆုတောင်းရန်သွားရောက်သူများအနေဖြင့် အ၀တ်အစားဝတ်ဆင်ခြင်းနှင့် ပတ်သက်ပြီးစိုးရိမ်ကြောင့်
ကျရန်မလိုကြောင်းသိရပါတယ်...အဘယ်ကြောင့် ဆိုသော် ထိုဘုရားရှိခိုးကျောင်းသို့ သွားသူများဟာ
အ၀တ်မ၀တ်ပဲနဲ့ လည်းသွားရောက်ဝတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်...
” ထာဝရ အဖဘုရားသခင်အနေနဲ့ သင်ဝတ်ပြုဆုတောင်းနေစဉ်မှာ ဘာတွေဝတ်တယ်၊ ဘယ်လိုဝတ်
ဆင်တယ် ဆိုတာတွေကို ဂရုစိုက်နေမယ်လို့ ကျွန်တော်ဖြင့် မထင်ပါဘူး...” လို့ အသင်းတော်ကိုလာ
ရောက်သူတစ်ဦးဖြစ်တဲ့  Richard Foley  ကပြောပြခဲ့ ပါတယ်...

၎င်းတို့ အနေနဲ့ ဝတ်ပြုဆုတောင်းမှုကိုသာ အာရုံစိုက်နေတာမို့ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားများကို အ၀တ်ဗလာ ကိုယ်လုံးတီးနဲ့ သင်းအုပ်ဆရာဆီက နာယူရတာကိုဘယ်လိုမှသဘောမထား၊ ပြဿနာ
မရှိပါဘူး လို့  White Tail Chapel ကျောင်းက၀တ်ပြုဆုတောင်းသူများအဖွဲ့ ဝင်အသင်းသားများကပြော
ကြားကြပါတယ်...

ယေရှုခရစ်တော်ဟာလည်း သူ့ ဘ၀ရဲ့ အရေးကြီးတဲ့ ကာလ အခိုက်အတန့် အစိတ်အပိုင်းတွေမှာ
ကိုယ်လုံးတီး၊ အ၀တ်ဗလာနဲ့ ပဲဖြစ်ခဲ့ ပါတယ်လို့ ဘုရားကျောင်းဘုန်းတော်ကြီးက ဆိုပါတယ်...

” ( ယေရှုခရစ်တော်ကို ) သူ့ ကိုမွေးဖွားခဲ့ တုံးက သူဟာကိုယ်တုံးလုံးပဲဖြစ်ပါတယ်...ပြီးတော့ လက်
ဝါးကပ်တိုင်မှာ စီရင်ခြင်းခံရစဉ်ကလည်း ဘာအ၀တ်မှမ၀တ်ထားပါဘူး...နောက်ပြီး သူ့ ရဲ့ သင်္ချိုင်းအုတ်
ဂူက ပြန်လည်ရှင်သန်ထမြောက်လာခဲ့ စဉ်ကလည်း သူဟာသူ့ ရဲ့ အ၀တ်တွေကိုထားခဲ့ ပြီး ကိုယ်တုံးလုံး
နဲ့ ပဲလာခဲ့ တာဖြစ်ပါတယ်....အကယ်၍ ထာဝရဘုရားသခင်ကသာ ဒီလိုအတိုင်းသာ ဖန်တီးစီရင်ခဲ့ မယ်
ဆိုလျှင် ဒါဟာ မှားယွင်းမှု၊ လက်မခံနိုင်မှု တစ်ခု ဘယ်လိုလုပ်ဖြစ်နိုင်ပါတော့ မလဲ...” လို့  White Tail
Chapel ကျောင်းရဲ့ ဘုန်းတော်ကြီး Allen Parker  ကပြောဆိုမိန့် ကြားခဲ့ ပါတယ်...
အဆိုပါ ၀တ်ပြုဆုတောင်းရာကျောင်းဟာ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ White Tail
Nudist Resort ( အ၀တ်အစားမ၀တ်သူ၊ သဘာဝအတိုင်းနေထိုင်ချင်သူများအတွက် အထူးဟိုတယ်)
အပန်းဖြေစခန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်....

ဒီသတင်းလေးဖတ်မိတော့  အိန္ဒိယနိုင်ငံမှာယခုအထိရှိနေဆဲ အ၀တ်မ၀တ်တဲ့ ဂျိန်းဘုန်းကြီးများနဲ့ 
ကိုယ်လုံးတီးနဲ့ ဆာဒူးများကို သတိရမိပါတယ်...
ဗဟုသုတရရန်သက်သက်သာရည်ရွယ်၍ တင်ပြပါတယ်...

ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါတယ်...






အင်္ဂလိပ်လိုသတင်းပါ...

People who attend a church in Virginia don't have to worry about finding something to wear on Sundays because clothing is optional. "I really don't think God cares what you wear when you worship," said one congregant Richard Foley.

Members at White Tail Chapel say they have no problem getting the word of god from a pastor in his birthday suit because they focus on worship. The church's pastor also says Jesus was naked during some of his most important moments.
"When he was born he was naked, when he was crucified he was naked and when he arose he left his clothes in the tomb and he was naked. If God made us that way, how can that be wrong," the pastor of White Tail Chapel Allen Parker said.

The Whitetail Chapel is part of the Whitetail Nudist Resort.

1 comments:

Anonymous said...

ကိုကြီးရေ...BBCမှာတွေ့လိုက်သေးတယ်ဒီသတင်းအကြောင်း၊အဟိ...သဘာဝအတိုင်းလေးပေါ့၊သတင်းနော်သတင်းအတင်းမဟုတ်ဘူး၊ဒါပါကြော်ငြာထားအုံး