Eighty-year-oldManGets Ready for 31st Child
Tuesday, February 23, 2010
အာသံပြည်နယ်က လူစွမ်းကောင်း...
အာသံကကျေးရွာတဲအိမ်လေး....
အိန္ဒိယနိုင်ငံအာသံပြည်နယ်မှ အသက် ၈၀ အရွယ်ရှိ လယ်သမား အဘိုးအိုတစ်ဦးဟာ သူ့ ရဲ့ စတုတ္ထ
နေချိန်မှာပဲ သူ့ ရဲ့ တတိယဇနီးက သူ့ အတွက် ၃၁ ယောက်မြောက် ကလေးကို မွေးဖွားပေးတော့မှာ
မို့ သူ့ အနေနဲ့ ကျန်းမာသန်စွမ်းနေဆဲပဲဆိုတာ သံသယမရှိပေမယ့် (တစ်နေရာမှာ ထူးချွန်လွန်ကဲနေ
တဲ့ ) အစွမ်းအစ ကိုတော့ အနည်းငယ် စိုးရိမ်စပြုနေပါပြီ....
” ဒီလို ဇနီး၊မယား လေးဦးနဲ့ သားသမီးပေါင်း ၃၀ ပါဝင်တဲ့ မိသားစုကြီးပိုင်ဆိုင်နေရတာကိုက ဘုရား
ပေးတဲ့ လက်ဆောင်ပါပဲ...”  လို့ ဖြူဖွေးရှည်လျားလှတဲ့ သူ့ ရဲ့ မုတ်ဆိတ်မွေးတွေကြောင့် ယားယံအနေ
ခက်ပြီး ငိုနေတဲ့ ကလေးငယ်ကို ပွေ့ ချီထားတဲ့ လူစွမ်းကောင်း အဘိုး Ali ကအားရပါးရပြုံးယင်း ပြောပြ
ခဲ့ပါတယ်....
 အာသံသူများ....
အာသံပြည်နယ်ရဲ့ အဓိက မြို့ တော်၊ Guwahati ကနေ အရှေ့ ဘက်အရပ် ၇၀ ကီလိုမီတာ အကွာအ
ဝေးက Lakhimpur  ဒေသမှာရှိတဲ့  Mohkhuli  ရွာကလေးကရွှံ့ နဲ့ မံပြီးအင်ဖက်၊ သက်ကယ်မိုးထား
တဲ့  တဲဝိုင်းစုကလေးရဲ့ ရှေ့ မှာ ခနော်နီနနော်နဲ့ ကြိမ်ကုလားထိုင်မှာထိုင်နေတဲ့ အဘ Ali ရဲ့ ပုံပန်းက
တော့ ပိန်ပိန်ပါးပါးနဲ့ အားနည်းနေတဲ့ ပုံပေါက်နေပါတယ်...
” လူတစ်ဦးကို ပိန်တာ၊ ၀တာ အရပ်နိမ့် တာ၊ မြင့် တာတွေနဲ့ ခန့် မှန်း အကဲဖြတ်လို့ မရပါဘူး...ကျူပ်
ရဲ့ နှလုံးသားကနုပျိုနေပေမယ့် နောက်ထပ်မိန်းမ ထပ်ယူဖို့  တော့ စိတ်ကူးမရှိပါဘူး...ဒီဇနီးမယားတွေ
နဲ့ အယောက် ၃၀ မျှသော သားသမီးတွေရော၊ အခုနောက်ဆုံးမွေးတော့ မယ့်  ၃၁ ရောက်မြောက် က
လေးအပါအ၀င် ဒီမိသားစုကြီးနဲ့ ပျော်ရွင်နေပါပြီ....”  လို့ ချီထားတဲ့ လက်ထဲက ကလေးကို လာယူဖို့ 
ဇနီးတစ်ယောက်ကို လှမ်းခေါ်လိုက်တဲ့ အဖိုးအိုက ပြောလိုက်ပါတယ်....
အခုတော့ သူ့ ရဲ့ အကြီးဆုံးသားပင်လျှင် အသက် ၄၀ ရှိပြီဖြစ်ပါတယ်....
ဒါပေမယ့် သူ့ ရဲ့ သားသမီးတွေအားလုံးရဲ့ အမည်တွေကိုမှတ်မိရဲ့ လားလို့ မေးတော့ အသက်ရှစ်ဆယ်
အရွယ်ရှိပြီဖြစ်တဲ့ အဘိုး Ali  ခမျာအကုန်မစဉ်းစားနိုင်တော့ ရှာပါဘူး... 
” ဖခင်တစ်ယောက်က ကိုယ့် ရဲ့ သားသမီးတွေရဲ့ အမည်ကို မမှတ်မိပဲနေလိမ့် မယ်လို့ ခင်ဗျားက
ထင်တယ်ပေါ့ ...”  လို့ အနည်းငယ်စိတ်တိုနေတဲ့ ဟန်နဲ့ သူကပြောပြီး ကလေးတွေရဲ့ နာမည်ကို စတင်
စဉ်းစားရွတ်ဆိုပါတော့တယ်... ဒါပေမယ့်  ၁၅ ယောက်လောက်သာပြောနိုင်ပြီး ရှေ့ ဆက် မမှတ်မိနိုင်
တော့ ပါဘူး...
” တစ်ခါတစ်လေတော့လည်း သူတို့ နာမည်တွေကို မေ့ ကုန်တာပေါ့ ...ဒါပေမယ့် သူတို့ မျက်နှာမြင်ကို
မြင်လိုက်ယင်တော့ မှတ်မိပါတယ်...”  လို့ သူက အားရပါးရ ရယ်မောလိုက်ယင်းပြောပါတယ်...
” အခုလိုများပြားကြီးမားတဲ့ အိမ်ထောင်စုကြီးအတွက်နောင်တမရ၊ စိတ်မပျက်ခဲ့ ပါဘူး...ဇနီးသည်လေး
ယောက်စလုံးကလည်း လိမ္မာကြပြီး ကျူပ်ကိုဂရုစိုက်ကြပါတယ် ...” လို့  Ali ကဆိုပါတယ်....
သူ့ ရဲ့ ဇနီးသည်လေးဦးစလုံးကလည်း သူတို့ ရဲ့ ခင်ပွန်း ( အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ) အ
ဘိုးကြီးဟာ တာဝန်သိတတ်တဲ့ ခင်ပွန်းဖြစ်သလို ကလေးတွေကိုလည်း ဖခင်ဝတ္တရားကျေပွန်ကာ သူ
တို့ အားလုံးကိုလည်း သာတူညီမျှပဲ ဆက်ဆံပါတယ်လို့ ပြောကြပါတယ်....
” သူဟာအိမ်ထောင်တာဝန်သိတတ်တဲ့  ယောကျာင်္းကောင်းတစ်ယောက်ပါပဲ...”  လို့ သားရှစ်ယောက်၊
သမီးသုံးယောက် ၊စုစုပေါင်းကလေး ၁၁ ယောက်တို့ ရဲ့ မိခင်ဖြစ်သူ၊ သူ့ ရဲ့ ပထမဇနီး (မယားကြီး )ဖြစ်
သူ Mohirun Nessa ကပြောပါတယ်...
ဇနီးလေးဦးဟာ အိမ်ဝိုင်းစုကလေးမှာ သီးခြားတဲလေးတွေနဲ့ နေထိုင်ကြတာမို့ ဘဘ Ali အတွက် ဇနီး
လေးယောက်တို့ ဆီ တစ်လှည့် ဆီ အဆောင်တော်ကူးပြီးနေဖို့ အခွင့် သာသွားခဲ့ ပါတယ်...
” ကျူပ်ရဲ့ မိန်းမတွေရော၊ ကလေးတွေရော ဘယ်သူကမှ ပြစ်တင်ဝေဖန်၊ စောဒက မတက်ကြပါဘူး...”
လို့  Mr Ali ကပြောပြပါတယ်...
သူ့ ရဲ့ သားသမီး ၁၅ ဦးဟာလည်းအိမ်ထောင်တွေကျပြီးအိမ်ခွဲနေကြပါပြီ...
( မိသားစုကများတဲ့ အိမ်ထောင်စုကြီးမို့ ) တစ်ခါတစ်လေတော့ ငွေရေးကြေးရေး၊ အခက်အခဲကြုံပေ
မယ့်  အရွယ်ရောက်တဲ့ သားတွေကအလုပ် လုပ်ကြလို့ သူတို့ ကပြန်ထောက်ပံ့ ကြပါတယ်လို့ အဘိုး
အို Ali ကပြောပြခဲ့ ပါတယ်...
အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့ စကားလိုပါပဲ...
မူရင်းအင်္ဂလိပ်လိုသတင်းပါ...
Eighty-year-old Man Gets Ready for 31st Child At 80, Hussain Ali, a small farmer in Assam, is still going strong but is a little worried as his third wife is expecting his 31st child, even as he is busy cradling a bubbly two-month-old baby boy in the courtyard, born to his fourth wife.
"It is all God's gift and wish that I have a large family of four wives and 30 children," Ali said with a hearty smile as his flowing grey beard tickled the infant and made him cry in his arms. Ali looked frail and emaciated as he sat in a rickety cane chair outside his cluster of mud-and-thatch huts at Mohkhuli village in Lakhimpur district, about 370 km east of Assam's main city Guwahati.
"Don't judge someone by his weight or height. I am young at heart although I am not going to marry any more and am happy with my 30 children and another that one of my wives is expecting," Ali said as he ordered one of his wives to come and take the baby from him. His eldest son is 40.
But the octogenarian Ali was at his wit's end when asked if he remembered the names of all his children.
"You think being a father I would not remember the names of my children," Ali retorted with palpable anger and started telling the names of his children, but failed to complete the list after about 15 names.
"At times I do forget their names but recognise them from their faces," he said with yet another hearty laugh.
"I have no regrets for this large family and all my four wives are very good and caring," Ali said.
All four wives say Ali is a responsible husband and father and gives equal treatment to all of them.
"He is a nice man and very responsible," said first wife Mohirun Nessa who is the proud mother of 11 children -- eight sons and three daughters.
The four wives stay in separate huts in the same compound with Ali making it a point to stay with all of them by turns in their respective huts.
"There are no complaints whatsoever from my wives or my children," Ali said. At least 15 of them are now married and stay separately.
"At times it was hard to maintain the family, but now with some of my sons working, they help us financially," Ali said. -
mohkhuli (assam) -
2 comments:
SHWE ZIN U said...
အင်း ကျီးကြောက် တို့ နဲ့များတော့ ကွာပါ့
အဖြစ်ကိုမရှိဘူး
JulyDream said...
အဲဒီလောက်ထိ မွေးနိုင်တဲ့ ခွန်အားဗလကို အားပဲကျရမလား။ မနိုင်ဝန်ကို ဘယ်လိုထမ်းသလဲ ဆိုတာကို လေ့လာသင်ယူဖို့ ဆရာပဲ ပြေးခေါ်ရမလား။ =)