လဲနေသူထူပေးပါ.. အားငယ်သူအားပေးပါ….
(နှင်းနဲ့မာယာ)
ရေတစ်ပေါက်ရဲ့ တန်ဘိုးကိုလည်း ရေငတ်နေချိန်မှာမှသတိရတတ်ကြပါ
ကျွန်မတို့လူသားတွေထဲမှာ အလင်းရောင်ကို အသည်းအသန် လိုက်ရှာနေကြသူတွေ ရှိကြသလို အလင်းရောင်ပေးနိုင်သူဖြစ်ဖို့ ကြိုးစားနေသူတွေလည်း ရှိပါတယ်.. ရေစက်ရေပေါက်လေးတွေကို လိုက်ရှာနေကြသူရှိသလို ရေအလှူဒါနပြုနေသူတွေ လည်း ရှိနေခဲ့ပါတယ်။
အားနည်းသူကို အားပေးပြီး လဲနေသူတွေကို ထူမပေးဖို့ ကြိုးစားနေသူတွေ နေရာတိုင်းမှာ ရှိနေသလို ကျွန်မတို့ ဒူဘိုင်းမှာ လည်း အားငယ်နေသူတွေကို အားပေးကူညီတတ်တဲ့ မြန်မာမိသားစုလေးတစ်စု ရှိနေခဲ့ပါတယ်။
မိသားစုနဲ့အဝေးမှာ မိမိဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရင်း အမိမြေက လိုအပ်နေတဲ့ ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာ မိသားစုလေးရဲ့ အလှူမှတ်တမ်းလေးတွေနဲ့ ကြိုးစားမှုလေးတွေကို ဒီတစ်ပတ်ရွှေရောင်စဉ်မှာ ဖော်ပြပါရစေ။
ဒူဘိုင်းရောက်ရွှေမြန်မာမိသားစု
တချိန်တည်းမှာပဲ MOSN ( Myanmar Orphan Support Network ) နဲ့ဆက်သွယ်ပြီး မိဘမဲ့ ကလေးများစောင့်ရှောက်ရေးအတွက်လဲ အလှူငွေများကို လှူဒါန်းခဲ့ကြပါတယ်။

မြန်မာလူငယ်ပရဟိတ အဖွဲ့ရဲ့ အမှန်တကယ်လိုအပ်တဲ့ နေရာများကိုရှာဖွေရွေးချယ်၍ ပညာရေးကူညီထောက်ပံ့မှုပေးရန်ဆို

၂၀၁၀ နှစ်ဦးပိုင်းမှာတော့ မြိုင်ပရပိာတ သီလရှင်စာသင်တိုက်ကို ဦးစီးတည်ထောင်ပြီး သာသနာ့ ဘောင်ထဲကနေ မိဘမဲ့ကလေးများနဲ့ ရပ်ရွာအတွင်းရှိနွမ်းပါးတဲ့ ကလေးငယ်များကို ရင်အုပ်မကွာစောင့်ရှောက်ကူညီမှု


နောက်ပိုင်းမှာတော့ နှစ်လတစ်ခါ သုံးလတစ်ခါဆိုသလို မြန်မာလူငယ်ပရဟိတ အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာပြည်မှာ ပညာရေး ထောက်ပံ့မှု အမှန်တကယ်လိုအပ်နေတဲ့ စာသင်ကျောင်းတွေကို ရှာဖွေပြီး ပညာဒါန ကုလိုလ်ပြုခဲ့ကြပါတယ်။
ဒီနှစ်ဦးပိုင်းလေးမှာပဲ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့က ရွှေဆံနွယ်ဆရာတော် ဦးစီးကုသိုလ်ပြုတဲ့ ရွှေဆံနွယ်ဓမ္မစရ ကုသိုလ်ဖြစ်ဆေးခန်းလေး ဖြစ်မြောက်ရေးအတွက် ဒူဘိုင်းရွှေရောင်စဉ် မိသားစုနဲ့အတူ ဒူဘိုင်းရောက် ရွှေမြန်မာမိသားစုလေးက မတည်ငွေ သိန်းနှစ်ဆယ် လှူဒါန်းပြီး ကုသိုလ်ပါဝင်ခဲ့ကြပြန်ပါတယ်။
အခုအချိန်မှာတော့ ဒူဘိုင်းရောက် ရွှေမြန်မာ မိသားစုအနေနဲ့ မြန်မာ လူငယ်ပရဟိတ အဖွဲ့အပြင် STA ( Save The Aged http://savetheaged.ning.com/ ) သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်း ကိုပါ ဆက်သွယ်ပြီး လစဉ်ပုံမှန် အလှူငွေများ ပေးပို့လှူဒါန်းလျှက်ရှိပါတယ်။

အမှောင်ကိုခွင်းပေးမယ့် အလင်းတန်းလေးဖြစ်တဲ့ ဒူဘိုင်းရောက် ရွှေမြန်မာမိသားစုနဲ့အတူကုသိုလ်ပါ
ဝင်လိုကြတဲ့ ဒူဘိုင်းရောက် မြန်မာဆွေမျိုး မိတ်သင်္ဂဟများကို လည်း ဒူဘိုင်းရောက် ရွှေမြန်မာမိသား
စုလေးမှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်..
အလင်းစက်လေးတွေ တစ်စက်ချင်း စုစည်းလိုက်ရင်တော့ လူသားထုတစ်ရပ်လုံးကို အလင်းပေးနိုင်စွမ်းတဲ့ အလင်းတန်းကြီးတစ်ခု ဖြစ်လာနိုင်တာမို့ အမှောင်ကိုခွင်းပေးနိုင်တဲ့ အလင်းတန်းကြီးဖြစ်မြောက်ရေးအ
တွ
အလှူငွေထည့်ဝင်လိုသူများအနေနဲ့ ဆက်သွယ်ရန် ပုဂ္ဂိုလ်များကတော့
(ဒူဘိုင်း)
ကိုရူပ 050 3496808
ဦးအေးဝင်းကို 050 1498275
ကိုမိုးဇော်လွင် 050 5532414
ကိုကျော်သာယာမြင့် 055 9446370
ကိုဇော်ကြီး 050 5068735
နှင်းနဲ့မာယာ 056 1459005
ကိုပီတာ 055 2457601
ကိုသက်နိုင် 050 6761645
ကိုမင်းသူစိုး 050 7089063
(အဘူဒါဘီ)
ကိုဝင်းဇော်နိုင် 050 4438515
မဥမ္မာလှိုင် 0505128643
“တို့လှူတတ်ခဲ့ကြတယ်”
လူကို လူချင်း..
စာနာကြည့်ရင်း......နဲ့ ....
ဟန်ဆောင်ခြင်းမပါ....
ရင်မှာ မြင့်မြတ်....
တို့ ချစ်တတ်ခဲ့ကြတယ်....။
တို့ ချစ်တဲ့လူသား...
ကံကွက်ကြားလို့ ....
ခံစားစိုးထိတ်...
ဒုက္ခမိုးရိပ်တွေနဲ့  မြင်ရရင်လည်း....
မျက်ရည် ဝေဝါး....
တို့ သနားတတ် ခဲ့ကြတယ်....။
ဂရုဏာတရား... ...
တို့ ခံစားတတ်ခဲ့တော့...
မာယာများတဲ့....
ကြမ္မာသားကောင်တွင်းထဲက...
ဆင်းရဲခြင်း မီးတောက်များ...
နှလုံးသားကို အပူဟပ်...
( အဲဒီအခါ တတ်နိုင်သလောက် ကိုယ့် အတ္တ ကိုယ်ပြန်သတ်ပြီး )
တို့ လှူတတ် ခဲ့ကြတယ်......။ ။
(မိုးသိင်္ခ)
1 comments:
သာဓုခေါ်ပါတယ် ကိုပီတာ။
Post a Comment