Border agency staff seize 26,000 euros in woman's bra

Monday, May 31, 2010

ရင်ခွင်ထဲက ငွေတွင်း...


ဗြိတိန်နိုင်ငံ၊ ဟိုလီဟက်ဒ် ဆိပ်ကမ်း မှတာဝန်ရှိသူများဟာ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့ မှ ဆိုက်ရောက်
လာသည့် ကူးတို့ သင်္ဘောတစ်စင်းပေါ်တွင် ပါရှိလာသည့် အမျိုးသမီးတစ်ဦး၊ သူမ၏ဘရာစီယာ ထဲတွင်
သိုဝှက်ယူဆောင်လာသည့် ယူရို ၂၆၀၀၀  ကိုဖမ်းဆီးသိမ်းယူလိုက်ခဲ့ ပါတယ်...
၇ိုမေနီးယားနိုင်ငံသူ အဆိုပါအမျိုးသမီးကတော့ ထိုငွေများဟာအိုင်ယာလန်နိုင်ငံမှာ သူမရဲ့ စီးပွားရေးလုပ်
ငန်းအရောင်းအ၀ယ်တစ်ခုက ရတဲ့ ငွေတွေဖြစ်ပါတယ် လို့ ဗြိတိန်နယ်ခြားစောင့် တာဝန်ရှိသူဝန်ထမ်းများ
ကိုပြောကြားခဲ့ ပါတယ်...
ထိုငွေများဟာ ယူရို ၅၀၀ တန်ငွေစက္ကူများဖြစ်ပြီး သူမရဲ့ ရင်နှစ်မွှာကြားမှာ သိုဝှက်ထားခဲ့ တာဖြစ်ပါတယ်..
" ထိုပိုက်ဆံများဟာ ဒုစရိုက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်တို့ သံသယရှိယင် ဒီငွေတွေကို ဖမ်း
ဆီးထိန်းသိမ်းထားနိုင်ခွင့် ကျွန်တော်တို့ မှာ ရှိပါတယ်..." လို့ နယ်ခြားအဖွဲ့ ကဆိုပါတယ်...
Agnlesey မှာရှိတဲ့ သင်္ဘောဆိပ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေတာဖြစ်ပါတယ်...



ဘယ်လိုပင်ဝှက်ထားထား၊ ရအောင်ရှာမှာပဲ...

Helpful graphic from here.


အဆိုပါနယ်ခြားအဖွဲ့ ရဲ့ အဆိုအရ အမျိုးသမီးဟာ ထိုငွေတွေကို စီးပွားရေးအရောင်းအ၀ယ်ကိစ္စက ရရှိ
တယ်ဆိုတာကို သက်သေမပြနိုင်တဲ့ အပြင် သူမအနေနှင့် အဘယ်ကြောင့် အတွင်းခံဘရာစီယာထဲမှာ
ထိုမျှများပြားလှသောငွေကြေးများ အဘယ်ကြောင့် ထည့် သွင်းသယ်ဆောင်လာရသလဲဆိုတာကိုလည်း
ရှင်းမပြနိုင်ခဲ့ ဘူးလို့ သိရပါတယ်...
ပေါင်စတာလင် ၂၂၆၀၀ နှင့် ညီမျှသည့် အဆိုပါငွေများကို သူမအနေနှင့် တရားဝင်ခိုင်လုံသည့် သက်
သေအထောက်အထား ပြသနိုင်မှသာ ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်...
ယခုလ အစောပိုင်းကပင် စနစ်တစ်ကျဖွဲ့ စည်းကျူးလွန်သောပြစ်မှုများနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ က
ယူရို ၅၀၀ တန်ငွေစက္ကူများကို အင်္ဂလန်နိုင်ငံမှာ ဆက်လက်ဖြန့် ချီတော့ မှာမဟုတ်ဘူးလို့ ကြေငြာခဲ့ 
ပါတယ်...
၉၀ ရာခိုင်နှုံးမျှသော ယူရို ၅၀၀ တန်သုံးစွဲမှုများဟာ တရားမ၀င် ပြစ်မှုဆိုင်ရာကိစ္စများနှင့် သာဆက်စပ် နေသည့် အထောက်အထားများတွေ့ ရှိရပြီးနောက် ယခုလိုကြေငြာခဲ့ တာဖြစ်ပါတယ်...
ငွေစက္ကူများ ယခုကဲ့သိုဖမ်းဆီးသိမ်းဆည်းခြင်းဟာ ဒုစ၇ိုက်မှုခင်းများဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဆက်
လက်ဆောင်ရွက်ခြင်းဥပဒေအရဖြစ်ပြီး၊ ဒုစရိုက်မှုကျူးလွန်ခြင်းနှင့် ဆက်စပ်သောငွေကြေးများကို ဒုစရိုက်
ဥပဒေအရ တရားဝင်အပြစ်ချမှတ်ခြင်းမပြုခင် ဖမ်းဆီးသိမ်းယူနိုင်သည် ဟုပြဌာန်းထားခြင်းဖြစ်ပါတယ်...

အင်္ဂလိပ်လို သတင်းပါ....
Port officials have confiscated 26,000 euros, which they found inside a woman's bra as she arrived at the Port of Holyhead on a ferry from Dublin. The Romanian woman claimed to UK Border Agency staff that the money was from the sale of a business in Ireland. The money was concealed in 500 euro notes.
"Where we suspect cash may be linked with criminal activity, we have the power to seize it," said the agency. Officers had been carrying out checks at the ferry terminal on Anglesey.
The agency said the woman could not prove she had earned the money from the sale of a business or give any reason why she was carrying a large sum of money inside her bra. The cash - an equivalent of £22,600 - will only be returned if the woman can provide proof to a court that the money came from a legitimate source. Earlier this month, the Serious Organised Crime Agency (Soca) announced the 500 euro note would no longer be available over the counter in the UK.

It followed evidence that more than 90% of UK demand for it was linked to criminality. The seizure was under the Proceeds of Crime Act, which allows the UK government to recover the proceeds of criminal activity without requiring a criminal conviction.

2 comments:

Zay Tar Yar said...

ဟုတ်ပဖွက်တတ်လိုက်တာ ဘယ်လိုဖွက်ပါလိမ့်နော်
ကိုပီတာကြီး ....ဘယ်လိုထင်တုန်း

Angel Shaper said...

အိမ်းးးးးးး ဒါ စဉ်းစားစရာပဲ... ဟိဟိ
ဦးပီ သိလိမ့်မည်.. ဘီလိုဖွက်တယ်ဆိုတာ... ဟုတ်စ်တယ်ဟုတ်....