Medical mystery: Living on yoga alone?
Saturday, May 1, 2010
Man claims to have had no food or drink for 70 years
ဆာဒူးကြီးကို ဆေးရုံတွင် စောင့် ကြည့် လေ့ လာစမ်းသပ်စစ်ဆေးနေကြပါတယ်...
အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန သုတေသနအဖွဲ့ မှ တပ်မတော်ဆရာဝန်ကြီးများပါဝင်သောအဖွဲ့ 
တစ်ဖွဲ့ ဟာ နှစ်ပေါင်း ၇၀ ကြာမျှ မည်သည့် အစားအစာနှင့် ရေကိုမျှ မစား၊မသောက်ပဲအသက်ရှင်နေ
ထိုင်ခဲ့ သည်ဟုဆိုသော အသက် ၈၃ နှစ်အရွယ်ရှိ ဆာဒူး၊ယောဂီကြီးတစ်ဦးကိုစောင့် ကြည့် လေ့ လာ
စမ်းသပ်မှုများပြုလုပ်နေခဲ့ ပါတယ်...
ပရာလက်ဂျာနီ အမည်ရှိ ဆာဒူးယောဂီကြီးကို အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမီဒါဘတ်မြို့ ရှိဆေးရုံတစ်
ရုံမှာ ဆရာဝန်ပေါင်း ၃၀ က အခန်းတစ်ခုမှာ အလုံပိတ်ပြီး ၂၄ နာရီပါတ်လုံး စောင့် ကြည့် ကာ ဆေးပ
ညာဆိုင်ရာစမ်းသပ်မှုမျိုးစုံပြုလုပ်ကာ လေ့ လာစမ်းသပ်လျှက်ရှိပါတယ်...
" ဆာဒူးကြီးဟာ အစာမစား၊ ရေမသောက်ပဲနေခဲ့ တာ အခုဆိုယင် ၆ ရက်တိုင်တိုင်ရှိခဲ့ ပြီး သူ့ ခန္ဓာကိုယ်
မှာ ဆာလောင်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း စတဲ့ လက္ခဏာတွေတစ်ခုမှ မတွေ့ ရပါဘူး... "လို့ ဆရာဝန်
များကဆိုပါတယ်...
ဆာဒူးကြီးဟာ ငယ်စဉ် အသက် ၇ နှစ်အရွယ်ကတည်းကအိမ်ကနေထွက်ခွာလာခဲ့ ပြီး သူတော်စင်တစ်
ပါးအဖြစ် ရာဂျက်စတန်ပြည်နယ်မှာလှည့် လည်သွားလာနေခဲ့ ပြီး သူ့ ကိုလူအများက လေကိုသာရှူရုံမျှ
ဖြင့် နတ်ဒေ၀တာများလို အသက်ရှင်နေထိုင်နိုင်ခဲ့ တယ်လို့ ယူဆထားခဲ့ ကြပါတယ်...
သူကတော့ နတ်သမီးတစ်ပါးက အာယုဝုဋန လို့ ခေါ်တဲ့ နတ်သုဒ္ဓါ အသက်ရှည်ဆေးကို သူ့ ရဲ့ ပါးစပ်ထဲ
လောင်းထဲ့ ပေးခဲ့ လို့ အခုလို ( အစာမစား၊ရေမသောက်ပဲ ) နေနိုင်တာလို့ ယုံကြည်နေပါတယ်...
သူ့ ရဲ့ ယုံကြည်ပြောဆိုမှုကိုလည်း ထူးခြားတဲ့ တန်ခိုးသိဒ္ဓိများရရှိတယ်လို့ ဆိုတဲ့ ပုဂ္ဂိုလ်ထူးများကိုအထူး
ပြုလေ့ လာခဲ့ တဲ့ အိန္ဒိယဆရာဝန်တစ်ဦးကလည်း ထောက်ခံခဲ့ ပါတယ်...သို့ သော်တစ်ခြားသောသူများ
ကမူ သူဟာကျေးရွာများတွင် လှည့် လည်လိမ်ညာနေသူ ဟုပြောဆိုစွပ်စွဲခဲ့ ကြတယ်...
ယခုလိုလေ့ လာစမ်းသပ်မှုကနေ အစာမစား၊ရေမသောက်ပဲ လူတွေဘယ်လိုအသက်ရှင်နေထိုင်နိုင်မလဲ
ဆိုတာကို ပိုမိုသိရှိလာနိုင်မှာဖြစ်ပါတယ်လို့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဌာန စုပေါင်းအသုံးချသိပ္ပံနှင့် ဇီဝ
ကမ္မဗေဒ ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အီလာဗာဇဟာဂန် ကပြောကြားပါတယ်...
အဆိုပါဌာနဟာ အိန္ဒိယနိုင်ငံ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ အစည်းရဲ့ အစိတ်အ
ပိုင်းတစ်ခုဖြစ်ပြီး မကြာသေးခင်ကာလများက သတင်းများမှာဖော်ပြပါရှိခဲ့ တဲ့ အကြမ်းဖက်သမားများနှိမ်
နင်းရေး ငရုတ်သီးဖုံးကိုတီထွင်ခဲ့ တဲ့ ဌာနလည်းဖြစ်ပါတယ်...
" ယခုလေ့ လာမှုများသာအောင်မြင်ခဲ့ ယင် ) ကျွန်တော်တို့ ဟာ သဘာဝဘေးအန္တရယ်များကျရောက်
နေခဲ့ စဉ်အတွင်း၊ လကမ္ဘာနှင့် အင်္ဂါဂြိုလ်တို့ ဆီကဲ့ သို့ အာကာသကောင်းကင်ခရီးစဉ်များအတွင်း၊ ပင်
လယ်သမုဒ္ဒရာအတွင်းရွက်လွှင့်ခရီးစဉ်များအတွင်းနှင့် အခြားသော အခက်အခဲအခြေအနေများကြုံတွေ့ 
နေ၇စဉ်အတွင်း လူသားတွေရဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်...ကျွန်တော်တို့ ဟာ အခက်
အခဲအကြပ်အတည်းနဲ့ ကြုံတွေ့ နေရချိန်မှာ အစားအစာနဲ့ ရေအနည်းငယ်ဖြစ်စေ၊ လုံးဝမရှိပဲနှင့် ဖြစ်စေ
အသက်ရှင်နေထိုင်နိုင်မယ့် နည်းတွေကို ပညာပေးနိုင်မှာ ဖြစ်ပါတယ်..." လို့ သူကဆက်ပြောခဲ့ ပါတယ်...
ဆာဒူးကြီးကိုပြုလုပ်တဲ့ လေ့ လာစမ်းသပ်မှုတွေထဲမှာ သံလိုက်လှိုင်းရောင်ပြန်ပုံရိပ်ဖော်စက်ဖြင့်စမ်းသပ်
ခြင်း၊ ဦးနှောက်လှိုင်းများ၊ နှလုံးခုန်လှုပ်ရှားမှုကို လျှပ်ကူးပစ္စည်းငုတ်များဖြင့် စမ်းသပ်ခြင်း၊ သွေးစမ်းသပ်
မှုများအပြင် အာရုံကြောနှင့် ဇီဝကမ္မဆိုင်ရာ စမ်းသပ်လေ့ လာမှုများလည်းပါဝင်ပါတယ်...
အဆိုပါလေ့ လာစမ်းသပ်မှုကို လွန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ ကတည်းက စတင်ခဲ့ ပြီး၊ ၁၅ ရက်နေ့ ကနေ
၂၀ ရက်အထိကြာမှာဖြစ်ပါတယ်...
လေ့ လာစမ်းသပ်မှုစတင်ကတည်းက ဆာဒူးကြီးဟာ လုံးဝအစာမစား၊ရေမသောက်ပဲနေခဲ့ ပြီး အိမ်သာ
လည်းမသွားခဲ့ ပါဘူးလို့  ဒေါက်တာအီလာဗာ ဇဟာဂန် ကပြောခဲ့ ပါတယ်...
ယခုကဲ့ သို့ ဆာဒူးကြီးကိုဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများဖြင့်လေ့ လာစမ်းသပ်တာဟာ ၎င်းအနေနှင့် 
မည်သို့ သောစွမ်းအင်သတ္တိများဖြင့်အသက်ရှင်နေထိုင်နိုင်သလဲဆိုတာ သိရှိနားလည်နိုင်ရန်ဖြစ်ပြိး တပ်မ
တော်သားများအနေဖြင့်လည်း ဆာဒူးကြီးရဲ့ စွမ်းရည်သတ္တိကိုနည်းနာယူနိုင်မှာဖြစ်ပါတယ် လို့ သူကဆက်
ပြီးပြောခဲ့ ပါတယ်...
ဆာဒူးကြီးကတော့ စွမ်းအင်တွေရဖို့ သူဟာ တရားဘာဝနာကျင့် ကြံအားထုတ်တာပါပဲလို့ ဆိုပါတယ်...
" ကျွန်တော်တို့ ရဲ့ ရဲဘော်တွေကတော့ တရားအားထုတ်နိုင်မှာမဟုတ်ပါဘူး...ဒါပေမယ့် လူနှင့် လူ့ ခန္ဓာ
ကိုယ်အကြောင်းကိုတော့ ပိုမိုလေ့ လာသိရှိနိုင်မှာဖြစ်ပါတယ်..." လို့ ဆရာဝန်ကြီးကဆိုခဲ့ ပါတယ်...
တစ်ခါတစ်လေတော့ လည်းလောကမှာ သိပ္ပနည်းနဲ့ စမ်းသပ်လို့ မရတာတွေရှိနေတတ်ပါတယ်...
ပီမိုးနင်းရေးတဲ့ ထွက်သက်ဝင်သက်ကြီးပွားအောင်မြင်ရေးကျမ်း ဆိုတဲ့ စာအုပ်လေးလောက်ဖတ်ကြည့် 
ရုံဖြင့်ထိုဆာဒူဘာကြောင့် အစာမစား၊ရေမသောက်ပဲအသက်ရှင်နေထိုင်နိုင်သလဲဆိုတာနားလည်နိုင်ပါ
တယ်...
ဆာဒူးကြီးအကြောင်းဗီဒီယိုကလစ်လေးပါ...
အင်္ဂလိပ်လိုသတင်းပါ....
-A team of military doctors backed by India's national defence research centre is studying an 83-yearold man who claims to have survived seven decades without food or water.
The yogi, Prahlad Jani, has been sealed in a hospital in the western city of Ahmedabad where he is under 24-hour observation by 30 doctors and will be subjected to a series of medical tests.
He has now spent six days without food or water under strict observation and doctors say his body has not yet shown any adverse effects from hunger or dehydration.
Mr Jani, who claims to have left home aged seven and lived as a wandering sadhu or holy man in Rajasthan, is regarded as a 'breatharian' who can live on a 'spiritual life-force' alone. He believes he is sustained by a goddess who pours an 'elixir' through a hole in his palate. His claims have been supported by an Indian doctor who specializes in studies of people who claim supernatural abilities, but he has also been dismissed by others as a "village fraud."
"The observation from this study may throw light on human survival without food and water," doctor G. Ilavazahagan, director of India's Defence Institute of Physiology and Allied Sciences (DIPAS), said.
The DIPAS is part of the Defence Research and Development Organisation, India's state defence and military re search institute also behind a grenade packed with chilli powder that recently hit headlines.
"We will be able to help save human lives during natural disasters, high altitude, sea journeys and other natural and human extremities. We can educate people about the survival techniques in adverse conditions with little food and water or nothing at all."
"This may help in working out strategies for survival during natural calamities, extreme stressful conditions and extra-terrestrial ex plorations like future missions to the Moon and Mars by the human race," Ilavazahagan said.
The tests on Jani include magnetic resonance imaging (MRI) scans, mea suring brain and heart activity with electrodes and other neuro-physiologi cal studies, in addition to blood tests.
The experiment started on April 22 and will take 15-20 days. Since the beginning, Jani has neither eaten nor drunk and has not been to the toilet, Ilavazahagan said.
"The exercise of taking this yogi under the medical scanner is to un derstand what energy supports his ex istence," he added, explaining that sol diers could benefit from his apparent ability to survive.
"Jani says he meditates to get energy.
Our soldiers will not be able to medi tate, but we would still like to find out more about the man and his body," he said. -AFP
4 comments:
ဂျစ်တူး ( မုံရွာ ) said...
ပီမိုးနင်းရေးတဲ့ ထွက်သက်ဝင်သက်ကြီးပွားအောင်မြင်ရေးကျမ်း ကို-
ကိုပီတာစီမှာများရှိသလားဗျာ-ကျေးဇူးပြုပြီးမျှဝေပေးပါလားခင်ဗျာ-ကျနော်တကယ်ဖတ်
ချင်လို့ပါ။
ကျနော့်မေးကိုပို့ ပေးလိုက်ပါတယ်။
jittoo.monywa@gmail.com ပါဗျာ-
ကျေးဇူးတင်လေးစားလျှက်ဖြင့်
SHWE ZIN U said...
ကိုပီတာ
၆ရက် စောင့်ကြည့် နေရုံ နဲ့ လုံလောက်ပြီ ထင်တယ်နော်
ရွှေစင်
SHWE ZIN U said...
ကိုပီတာ
၆ရက် စောင့်ကြည့် နေရုံ နဲ့ လုံလောက်ပြီ ထင်တယ်နော်
ရွှေစင်
Anonymous said...
ကိုကြီးရေ...မစားမသောက်ပဲနှစ်ပေါင်းများစွာနေနိုင်တဲ့နည်းတွေရှိတယ်ဆိုရင်တောင်ညီမလေးကတော့အရသာကိုသိတဲ့အတွက်လုံးဝလုံးဝမသုံးပါ...;-)