Mayawati is worth Rs880m, officially

Friday, May 28, 2010


အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်က ရူပီးသန်း ၈၈၀ ချမ်းသာ
ကြွယ်ဝတဲ့ ပြည်နယ်ဝန်ကြီးချူပ်...



သိပ်မများပါဘူး...
အန်တီဝန်ကြီးချူပ်အတွက် ရူပီး ၁၈ သိန်းတန်ဖိုးရှိတဲ့ ငွေစက္ကူတွေနဲ့ လုပ်ထားတဲ့ 
ပန်းကုံးကြီးနဲ့ ကြိုဆိုခဲ့ ကြတာပါ....( တစ်ထောင်တန်ရူပီငွေစက္ကူရွက်တွေနဲ့ လုပ်ထားတာပါတဲ့ ...)
MONEY REPLACES FLOWERS
Chief Minister Mayawati being presented a garland of currency notes worth Rs 18 lakh by leaders at party headquarters in Lucknow.

အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ ရှ်ပြည်နယ် ၀န်ကြီးချူပ် မာယာဝတီ ဟာ ဗီဒန်ပါရီရှက် မဲဆန္ဒနယ်မှ ပင်ထပ်မံ
အရွေးခံရန်လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ က၎င်း၏အမည်စာရင်းတင်သွင်းခဲ့ ရာတွင် သူမ၏ ပိုင်ဆိုင်ချမ်းသာ
ကြွယ်ဝမှုကို အိန္ဒိယ ရူပီသန်း၈၈၀ ရှိသည်ဟု ကြေငြာဖော်ပြခဲ့ ပါတယ်...

ထိုချမ်းသာကြွယ်ဝမှုဟာ ၂၀၀၇ ခုက သူမရဲ့ ပိုင်ဆိုင်မှုထက် သန်း ၃၆၀ ကျော်များပြားတိုးတက်လာတာ
ဖြစ်ပါတယ်..
၂၀၀၇ ခုနှစ်က သူမ အထက်လွှတ်တော်တွင် ရွေးချယ်တင်မြောက်ခံရစဉ်က သူမ၏ပိုင်ဆိုင်ချမ်းသာကြွယ်
ဝမှုဟာ ရူပီး သန်း ၅၂၀ ရှိခဲ့ ပါတယ်လို့ မာယာဝတီက ပြောကြားခဲ့ ပါတယ်...
တစ်နည်းအားဖြင့် ဆိုရလျှင် ထိုစဉ်ကတည်းက သူမဟာ လစဉ် ရူပီးငွေ ၁၀ သန်းမျှ ၀င်ငွေရှိခဲ့ သည့် သ
ဘောပဲဖြစ်ပါတယ်...

သူမကိုယ်တိုင်ဝန်ခံပြောကြားချက်အရ မာယာဝတီဟာ နယူးဒေလီမြို့ ရဲ့ ဆာဒါပတေးမာ့ ဂ် အရပ်မှာ
( အကျယ် စတုရန်း ပေ ၃၉၀၀၀ ) ရှိတဲ့ တစ်ဆက်တည်း မြေကွက်နှစ်ခုမှာ ဆောက်ထားတဲ့ ရူပီး ၅၄၀.၉
သန်း တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ဘန်ဂလိုတစ်ခု လည်းပိုင်ဆိုင်ပါတယ်လို့ ဆိုပါတယ်...

သူမဟာ မြို့ တော်မှာ အကျယ် ၃၄၁၁၂ စတုရန်းပေ ရှိပြီး ရူပီး ၁၅၀.၅ သန်း တန်တဲ့ အဆောက်အဦး
လည်း ဥက္ကလာအရပ်မှာ ( အိန္ဒိယ က ဥက္ကလာနော်...) ပိုင်ဆိုင်ပြီး ကွန်နော့ တ် အရပ်မှာလည်း (အ ကျယ် ၃၆၂၈ စတုရန်းပေ ) ရူပီး ၂၀.၀၅ သန်း နှင့်  ( အကျယ် ၄၅၃၅ စတုရန်းပေ ) ရူပီး ၁၀.၂၇ သန်း
တန် မြေကွက်များလည်း ပိုင်ဆိုင်ပါသေးတယ်....
ထို့ အပြင် သူမပိုင်ဆိုင်သမျှတွေထဲမှာ လပ်ခနောင်းမြို့ ရဲ့ သာယာလှပပြီး တန်ဖိုးကြီးသည့် ကန်တိုမင် အ
ရပ်မှာလည်း ရူပီး ၁၀.၇၉ သန်းတန် စံအိမ်တစ်လုံး ပါဝင်ပါသေးတယ်...

မာယာဝတီမှာ ကိုယ်ပိုင်မော်တော်ယာဉ်တစ်စီးမှ မပိုင်ဆိုင်ပေမယ့် ၇ူပီး ၈.၆ သန်းဖိုးရှိ စိန် ၃၈၀ ကာရက်၊
၇ူပီး ၁.၉ သန်းဖိုးရှိ ရွှေ ၁ ကီလိုဂရမ်၊ ၇ူပီး ၄၄၀၀၀၀ တန် ငွေသားထမင်းစား ပန်းကန်ခွက်ယောက်တစ်စုံ
နှင့် ၇ူပီးသန်း ၁.၅ သန်း တန်ဖိုးရှိ နံရံဆေးရေးပန်းချီများလည်း ပိုင်ဆိုင်ပါသေးတယ်လို့ ဆိုပါတယ်...
( ၀န်ကြီးချူပ်ဆိုတော့ ကိုယ်ပိုင်ကားဝယ်စရာမလိုဘူးနော်...အစိုးရကားကိုဘယ်သွားသွားအလကားစီး
တာရတာပေါ့...)

သူမရဲ့ ဘဏ်ထဲမှာစုဆောင်းအပ်နှံပိုင်ဆိုင်မှုက ရူပီး ၁၁၀.၃၉ သန်းဖြစ်ပြီး၊ ထိုပမာဏထဲမှာ ငွေသားက
ရူပီး ၁.၂၉ သန်းဖြစ်ပါတယ်...
ယခင်က ကျောင်းဆရာမ တစ်ဦးဖြစ်ခဲ့ သည့် မာယာဝတီဟာ ၂၀၀၇ ခုနှစ်မေလမှာ သူမရဲ့ ဗဟုဂျန် ဆ
မက်ဂ်ျ ပါတီကိုဦးဆောင်ပြီး ပြည်နယ်လွှတ်တော်မှာ မဲအများဆုံးဖြင့် ပြည်နယ်ဝန်ကြီးချူပ်ဖြစ်လာခဲ့ တာ
ဖြစ်ပါတယ်....

အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ပြည်နယ်ရဲ့ အကြီးအကဲဝန်ကြီးချူပ် အမျိုး
သမီးအနေနဲ့ ဒီလောက်ချမ်းသာနေတာကတော့ အံ့ သြစရာပါပဲ....

ကမ္ဘာ့ အကြီးဆုံး ( လူဦးရေ အများဆုံး ) ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ လွှတ်တော်
ကိုယ်စားလှယ်တွေ ရွေးချယ်တင်မြောက်ခြင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းတွေမှာ အလုံးစုံပြီးပြည့် စုံသည့် ကောင်း
မွန်သော စနစ်ဟုပြောလို့ မရနိုင်ပေမယ့် အလွန်ပင် သိသာပွင့် လင်းပြီး၊ ရွေးချယ်ခံကိုယ်စားလှယ်တွေအ နေနဲ့ ၎င်းတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေကို အသိပေးကြေငြာရလေ့ ရှိပါတယ်...

မကြာမီ လာမည်မျှော်ဆိုတဲ့ ပြဇတ်ကြီး တင်ဆက်မယ့် တိုင်းပြည်ကြီးမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ကြ
မည့် လူကြီးမင်းများအနေနှင့်  ထိုကဲ့ သို့ မိမိတို့ ပိုင်ဆိုင်ချမ်းသာကြွယ်ဝမှုတွေကို ရိုးရိုးသားသား အမှန်
အတိုင်းပဲတိုင်းပြည်ကို ကြေငြာကြမှာလားဆိုတာတော့ ....


အင်္ဂလိပ်လိုသတင်းလေးပါ...
Uttar Pradesh Chief Minister Mayawati on Wednesday filed her nomination papers seeking a fresh term in the Vidhan Parishad, declaring assets worth Rs880 million, a hike of Rs360 million from 2007.
In the 2007 elections to the upper house, Mayawati said she had assets worth Rs520 million.
In other words, her wealth has gone up Rs10 million every month since then.
By her own admission, Mayawati owns a bungalow built on two adjoining plots (about 39,000 sq feet) on New Delhi’s upscale Sardar Patel Marg worth Rs540.9 million.
She also owns commercial property in the national capital — 34,112 sq feet worth Rs150.5 million in Okhla area and two spaces in Connaught Place, which measure 3,628 sq feet (Rs20.05 million) and 4,535 sq feet (Rs10.27 million).
Among her acquisitions was a mansion in Lucknow’s posh Cantonment area worth Rs10.79 million.
Mayawati does not own a single vehicle but has 380 carats of diamonds worth Rs8.6 million, over 1 kg of gold worth Rs1.9 million, a silver dinner set worth Rs440,000 and murals worth Rs1.5 million.
Her bank deposits total Rs110.39 million with Rs1.29 million in cash.
A former school teacher, Mayawati became the chief minister in May 2007 after leading her Bahujan Samaj Party (BSP) to a majority in the assembly elections. — IANS

0 comments: