New photocopy rules introduced in Tibet

Friday, May 21, 2010

မိတ္တူကူးလျှင် မှတ်ပုံတင် ပါရမည်...

 

 
တိဗက်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု....

တိဗက်ပြည်နယ်မြို့ တော် လာဆာ တွင်နေထိုင်သူများဟာ ၎င်းတို့ ရဲ့ စာရွက်စာတမ်း၊ မှတ်တမ်းစသည့် 
မည်သည့် အရာမဆို မိတ္တူကူးလိုပါက ၎င်းတို့ ရဲ့ ကိုယ်ရေးမှတ်တမ်းကိုမှတ်ပုံတင်စာရင်းသွင်းကြရတော့ 
မှာဖြစ်ပါတယ်...

မြို့ တော်အာဏာပိုင်တွေဟာ တိဗက်မှာ ပုံနှိပ်ထုတ်ဝေတဲ့ ( နိုင်ငံရေးနဲ့ ပါတ်သက်သည့်  ) စာအုပ်၊ စာတမ်းတွေနဲ့ ပါတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ် လို့ ဆိုင်ပိုင်ရှင် တွေကဆိုပါတယ်...
ယခုကဲ့ သို့ တင်းကြပ်တဲ့ ထိန်းချူပ်မှုတွေပြုလုပ်ရခြင်းမှာ သာမန်ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့် ပါတ်
သက်သော စာရွက်စာတမ်းများ ဖြန့် ဝေခြင်းများမှ တားဆီးလိုတဲ့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပုံရပါတယ်...

ပြင်းထန်တဲ့ ဆန္ဒပြမှုတွေလွန်ခဲ့ တဲ့ နှစ်နှစ်က တိဗက်ပြည်မှာ ဖြစ်ပွားခဲ့ ပြီးနောက် ယခုအချိန်အထိ မြို့ 
တော် လာဆာ မှာလုံခြုံရေးတပ်ဖွဲ့ ဝင်တွေ တင်းကြပ်စွာ ထိန်းချူပ်ထားနေဆဲပဲ ဖြစ်တယ်လို့ ယူဆရပါ
တယ်..
စာရွက်စာတမ်းများ မိတ္တူကူးလိုသူ မည်သူမဆို ၎င်းတို့ ရဲ့ မှတ်ပုံတင်၊ စိစစ်ရေးကဒ်ပြသရမှာဖြစ်ပြီး ကိုယ်
ရေးဆိုင်ရာအချက်အလက်များကိုလည်း မှတ်တမ်းတင်ရေးသွင်းထားရမှာဖြစ်ပါတယ်... ကုမ္ပဏီများအနေ
ဖြင့် လည်း အမည်နဲ့ ရုံးခန်းလိပ်စာများရေးသားဖြည့် သွင်း၇မည့် အပြင် ကူးလိုသောမှတ်တမ်းမိတ္တူအရေ
အတွက်၊ သက်ဆိုင်ရာလုပ်ငန်းဌာနရဲ့ မန်နေဂျာ အမည်ကိုပဲရေးသားခဲ့ ရမည် လို့ ဆိုပါတယ်...

၎င်းတို့ အနေနဲ့ စစ်ဆေးမှုများပြုလုပ်မှာဖြစ်ပြီး ယခုပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေအသစ်ကို မလိုက်နာ
တဲ့ မိတ္တူကူး ဆိုင်တွေကို အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်...

ရွှေပြည်ကြီးနဲ့ သိပ်မကွာပါလား...

အင်္ဂလိပ်လိုသတင်းလေးပါ....
People in the Tibetan capital of Lhasa will have to register their names if they want to make photocopies. City shopkeepers say the authorities are particularly concerned about material printed in Tibetan.
This appears to be an attempt to prevent ordinary people from printing political pamphlets and other documents. It suggests the security forces still have a tight grip on the city, two years after serious riots.
Individuals wanting to photocopy documents will have to show their ID cards and have the information recorded. Companies will have to register their names and addresses, the number of copies they want and provide the name of the manager in charge of the work.

The police say they will carry out checks and punish any shop that does not abide by the new regulation.

2 comments:

Anonymous said...

အောင်မလေးအစိုးရရယ်...ကိုယ်ပိုင်မိတ္တူကူးစက်ဝယ်ပြီးဖြန့်ဝေမယ်ဆိုရင်ရော၊

Unknown said...

ရေတောင်မကူးရဲတော့ဘူး