Saturday, May 29, 2010
ရုရှားက စည်းကမ်းပြည့် ဝသည့် ဒီမိုကရေစီ....


 လူမရှိလည်းရှိတဲ့ လူကမဲပေးတယ်...

ရုရှားနိုင်ငံရဲ့ မကြာခဏပြက်ရယ်ပြုခံရလေ့ ရှိတဲ့ ( အမှန်တစ်ကယ်အာဏာမရှိပဲ လက်ညှိုးထောင်ခေါင်း
ငြိမ့် လုပ်တဲ့ ၊ ရုပ်သေး ) လွှတ်တော်ဟာ ၎င်းရဲ့ ကိုယ်စားလှယ်တော်အမတ်မင်းတွေ လွှတ်တော်အတွင်း
ဆွေးနွေးမဲပေးတဲ့ အစည်းအဝေးတစ်ခုမှာ မတက်ရောက်ပဲပျက်ကွက်သည့် အမတ်များအတွက်တစ်နေရာ
မှတစ်နေရာသို့ အပြေးအလွှားသွားကာ မဲခလုတ်တွေကိုနှိပ်ပြီး ကိုယ်စားမဲပေးနေကြသည်ကိုရိုက်ကူးထား
သည့် ဗီဒီယိုမှတ်တမ်းတစ်ခု လွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ကထွက်ပေါ်လာခဲ့ တဲ့ အတွက် ကျော်မကောင်းကြားမ
ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ထပ်မံတိုးပွားလာခဲ့ ရပါတယ်...

အဆိုပါအဖြစ်အပျက်ဟာ ( ရုရှားအစိုးရ ) ကရင်မလင် ကတင်သွင်းတဲ့ ဥပဒေများနှင့် ဆုံးဖြတ်ချက်မှန်
သမျှကိုကန့် ကွက်ဆန့် ကျင်ခြင်းမရှိသလောက်ဖြစ်ပြီး အမြဲတမ်း ထောက်ခံအတည်ပြု၊ တံဆပ်တုံးနှိပ်
ပေးနေခဲ့ ရတဲ့  State Duma လို့ ခေါ်တဲ့ ရုရှားအောက်လွှတ်တော်အတွက် နောက်ဆုံးထွက်ပေါ်လာတဲ့ 
အ၇ှက်၇စေမှုတစ်ခုလည်းဖြစ်ပါတယ်...

အ၇က်သေစာသုံးစွဲပြီး ယာဉ်မောင်းနှင်မှု ထိန်းချူပ်အပြစ်ပေးရေးဆိုင်ရာ ဥပဒေအသစ်တစ်ခုကို ရုရှား
အောက်လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ စဉ် ပထမအကြိမ် အစည်းအဝေးမှာပဲ အမှန်တစ်ကယ်တက်
ရောက်သည့် ကိုယ်စားလှယ် ၈၈ ယောက်သာရှိသည့် ထိုနေ့ အစည်းအဝေးက ထောက်ခံမဲ ၄၄၀ ကျော်
ဖြင့် အတည်ပြုပေးခဲ့ ပါတယ်...( ဗော်ဒဂါ တန်ခိုးနဲ့  ၅ ဆ တိုးလိုက်တယ်ထင်ပါရဲ့ ....)

ထိုကဲ့ သို့ ထောက်ခံမဲ အပြတ်အသတ်ဖြစ်ရသည့် အကြောင်းအရင်းကတော့ ရိုးရှင်းလှပါတယ်...
တက်ရောက်လာတဲ့ လွတ်တော်ကိုယ်စားလှယ်တွေဟာ အစည်းအဝေးမတက်ရောက်သူအများစုသော
ကိုယ်စားလှယ်တွေရဲ့ လူသူကင်းမဲ့ နေတဲ့ ထိုင်ခုံများသို့ တစ်ခုံမှတစ်ခုံအပြေးအလွှားသွားရောက်ကာ မဲ
ပေးသည့် ခလုတ်များကိုနှိပ်ပြီး မဲပေးခဲ့ ကြလို့ ပဲဖြစ်ပါတယ်...

၎င်းတို့ အားပါးတစ်ရထောက်ခံခဲ့ တဲ့ ဥပဒေကတော့ ရုရှားသမ္မတ Dmitry Medvedev ကအဆိုပြုတင်
သွင်းခဲ့ တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်...
မေလ ၁၉ ရက်နေ့ ကကျင်းပခဲ့ တဲ့  အစည်းအဝေးမှာ မဲပေးခဲ့ ကြတဲ့ ဗရုတ်သုက္ခအဖြစ်အပျက်ကို ရုရှား
ရုပ်သံလိုင်း Ren TV ကထုတ်လွှင့် ပြသခဲ့ ပြီး၊ ယူကျု ကနေပြန်လည်ကြည့် ရှုခဲ့ တဲ့ အကြိမ်ပေါင်း တစ်
သိန်းရှစ်သောင်းကျော် ရှိခဲ့ ပြီလို့ ဆိုပါတယ်...
" ခန္ဓာကိုယ်ထွားကြိုင်းသန်မာတဲ့ အမတ်တစ်ဦးဆိုယင် သူတစ်ဦးတည်း မဲပေးတဲ့ ခလုတ် ၉ ခု ကိုနှိပ်ပြီး
မဲပေးခဲ့ ပါတယ်..." လို့ Ren TV သတင်းဖော်ပြခဲ့ ပါတယ်...
အမတ်တွေအနေနဲ့ မဲပေးဖို့ စက္ကန့် ၂၀ မျှအချိန်ရခဲ့ ကြပါတယ် လို့ ရုရှားနိုင်ငံ Komsomolskaya Pravdaသတင်းက ဗုဒ္ဓဟူးနေ့ တွင်ဖော်ပြခဲ့ ပါတယ်...
" ကျွန်တော်တို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ State Duma လွှတ်တော်ထဲမှာတစ်နေကုန် ထိုင်နေနိုင်မှာမဟုတ်ဘူးဆိုတာ သံသယရှိပေမယ့် ၈၈ ယောက်ပဲတက်တဲ့ အစည်းအဝေးက ထောက်ခံမဲ ၄၅၀ရတယ် ဆိုတာကတော့ လွန်လွန်းပါတယ်..." လို့ Komsomolskaya Pravda ကရေးသားဖော်ပြခဲ့ ပါ
တယ်...
Duma လွှတ်တော်ဒုတိယ သဘာပတိ Oleg Morozov ကိုယ်တိုင် မဲအရေအတွက် ရလာဒ်ဖြစ်တဲ့ မဲ
ပေးနိုင်ခွင့် ရှိသူ ၄၅၀ အထဲက ၄၄၉ မဲ ပေးခဲ့ ၊ ရခဲ့ ပါတယ်ဆိုတဲ့ စာလုံးတွေဖန်သားပြင်ပေါ်မှာ ထွက်
ပေါ်လာတော့  " တစ်ယောက်ယောက်တော့ ထွက်လာပြီးမဲပေးခဲ့ တာဖြစ်မယ်..." လို့ ဟာသလုပ်ကာ ပျက်ရယ်ပြုခဲ့ တာတွေ့ရပါတယ်...

လက်ရှိအာဏာရ ရုရှားစည်းလုံးညီညွတ်ရေးပါတီကတော့ အဆိုပါဗီဒီယိုမှတ်တမ်းကို ဒေါသတစ်ကြီးဖြင့်
တုန့် ပြန်ခဲ့ ပါတယ်....
ပါတီထိပ်တန်းတာဝန်ရှိသူ Sergei Neveror ကတော့ အစည်းအဝေးမတက်ရောက်ခဲ့ တဲ့ ကိုယ်စားလှယ်
များဟာပါတီရဲ့ (နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ) အမည်စာရင်းတင်သွင်းခွင့် ဆုံးရှုံးကြမှာဖြစ်ပါတယ်
လို့ ခြိမ်းခြောက်ပြောဆိုခဲ့ ပါတယ်...

" အခုလို လွှတ်တော်ကိုယ်စားလှယ်တွေ မလာရောက်မှုတွေဟာ မကြာခဏဖြစ်ပွားလို့ အရှက်တစ်ကွဲ
ဖြစ်ရမှုတွေကို နှိမ်နင်းဖို့ လိုပါတယ်..." လို့ Neverov ကပြောကြားခဲ့ ကြောင်း ITAR- TASS သတင်းဌာ
န ကဖော်ပြခဲ့ ပါတယ်...
" Duma လွှတ်တော်ဟာ အစည်းအဝေးမတက်ပဲ ကိုယ်ကျိုးရှာနေတဲ့ ကိုယ်စားလှယ်တော်တွေကို ဖယ်
ရှားဖို့ လိုအပ်နေပါပြီ..." လို့ လည်း သူကဆိုခဲ့ ပါတယ်...
အဆိုပါ Duma လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ နာမည်ကျော်အဆိုတော်အနုပညာရှင်များ၊ အိုလံပစ်
အားကစားသမား Alinakabaveva ကဲ့ သို့ သော ယခင်က နာမည်ကျော်အားကစားသမားများ လည်းပါ
ဝင်ပါတယ်...


ထိုလွှတ်တော်ရဲ့ ကြီးမားကျယ်ပြန့် တဲ့ အခန်းကဏ္ဍအကြောင်းကို ၂၀၀၃ ခုနှစ်မှာ United Russia ရုရှား
စည်းလုံးညီညွတ်ရေးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Boris Gryzlov ရဲ့ ပြောကြားချက်ဖြစ်တဲ့  Duma
လွှတ်တော်ဟာ နိုင်ငံရေးကိစ္စတွေ အခြေအတင်ဆွေးနွေးဝေဖန်ရမည့် တိုက်ပွဲနေရာတစ်ခုမဟုတ်ဘူး ဆို
တဲ့ စကားဖြင့် ပင် ထင်ရှားနေတာကို သိသာနိုင်ပါတယ်...( သိကြပေါ့ ....)
လွန်ခဲ့ တဲ့ ဧပြီလကလည်း သမ္မတ Medvedev က လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုနည်း
ပါးခြင်းကိုဝေဖန်ပြစ်တင်ခဲ့ ပါသေးတယ်...
" ပါလီမန်မှာ ကိုယ်စားလှယ်များရဲ့ ၁၀ ရာခိုင်နှုံး၊ ၁၅ ရာခိုင်နှုံး လောက်သာ အစည်းအဝေးတက်ရောက်
တာကို တွေ့ ရလို့ ကျွန်တော်ကိုယ်တိုင်အံ့ အားသင့် ခဲ့ ရပါတယ်... အစည်းအဝေးကိုလာကြပါ...မလာ
တဲ့ သူတွေကိုတော့ ဥပဒေစည်းမျဉ်းတွေပြောင်းလဲပြုပြင်ပြီး တစ်ခြားကိုသွားခိုင်းရမှာဖြစ်တယ်..." လို့ သူ
ကပြောကြားခဲ့ ပါတယ်......( လာလည်းဘာမှ မထူးတာလေ....)


" ကံမကောင်းအကြောင်းမလှစွာပဲ ရုရှားနိုင်ငံရဲ့  Duma လွှတ်တော်မှာ ဒီလိုမျိုးပျက်ကွက်မှုတွေ ဖြစ်နေ
ကျဖြစ်ပါတယ်.. Duma ရဲ့ ပဉ္စမအကြိမ်သက်တမ်းမှာလည်းဒီလိုပဲ ဖြစ်ခဲ့ ပြီး၊ တစ်ချိန်လုံးလည်း ဒီလိုပဲဖြစ်
နေခဲ့ မှာပါ..." လို့ နိုင်ငံရေးရာသတင်းဌာနရဲ့ ညွှန်ကြားရေးမှူး Alexi Mukhin ကပြောကြားခဲ့ ပါတယ်...
" Duma လွှတ်တော်အကြီးအကဲများဟာ အခုလိုလွှတ်တော် အမတ်များရဲ့ အမှန်တစ်ကယ်အစည်းအဝေး
မတက်ရောက်ပဲ လိမ်ညာပြီး မဲပေးနေမှုတွေကို အလွန်ပဲစိုးရိမ်ပူပန် နေကြပါတယ်...
Duma လွှတ်တော်ရဲ့ စည်းမျဉ်းအရ အစည်းအဝေးမတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်များဟာ ၎င်းတို့ ရဲ့ 
ဆန္ဒမဲပေးနိုင်ခွင့် ကို တစ်ခြားကိုယ်စားလှယ်များကိုလွှဲပေးနိုင်ပါတယ်...သို့ သော်လည်း အတားအဆီး၊အ
ထိန်းအကွပ်မရှိ အပြေးအလွှားဖြင့် မဲပေးခလုတ်များကိုလိုက်နှိပ်ပြီး မဲပေးနေကြတာကတော့ စည်းမျဉ်းချိုး
ဖောက်ရာရောက်ပါတယ်..." လို့  Mukhin ကဆိုခဲ့ ပါတယ်...

ယခုအထိတော့ အဆိုပါသတင်းပေါက်ကြားမှုကို ရုရှားစည်းလုံးညီညွတ်ရေးပါတီက လွှမ်းမိုးကြီးစိုးထားတဲ့ 
Duma လွှတ်တော်ရဲ့ စည်းမျဉ်းကိုပြင်းထန်စွာချိုးဖောက်မှုတစ်ခုအဖြစ်ထက် ရယ်ရွှင်ဖွယ်ရာ အဖြစ်ဆန်း
တစ်ခုအဖြစ် သဘောထားနေကြပါတယ်...
လွှတ်တော်ရဲ့ စည်းမျဉ်းထဲမှာ ဥပဒေပြုမှုများ အထမြောက်စေဖို့ မဲပေးသူ ကိုယ်စားလှယ်တွေရဲ့ အများစု
တက်ရောက်ဖို့ လိုအပ်တယ်လို့ ပြဌာန်းထားတာကြောင့် ယခုကဲ့ သို့ ကိုယ်စားလှယ်အများအပြားပျက်
ကွက်မှုကြောင့် မဲပေးမှုဟာ တရားမ၀င်ဖြစ်တယ် လို့ ဝေဖန်သူများကပြောကြားခဲ့ တယ်လို့ ဆိုပါတယ်....

ဟုတ်ကဲ့ ....
စည်းကမ်းပြည့် ဝတဲ့ ဒီမိုကရေစီဆိုတာ အဲဒါမျိုးထင်ပါရဲ့ ဗျာ...

ဒါကတော့ အဲဒီ နာမည်ကျော် ဗီဒီယိုကလစ်လေးပါ...






အင်္ဂလိပ်လိုသတင်းလေးပါ....
Russia’s oft-ridiculed parliament was hit by a new scandal on Wednesday after deputies were caught on video running from seat to seat pressing voting buttons for fellow MPs who did not bother to turn up.

The episode is the latest embarrassment for the Russian lower house of parliament, the State Duma, which often just performs the role of a rubberstamp and rarely blocks initiatives from the Kremlin.

When a new law on drink-driving was debated in the lower house of the Russian parliament, the State Duma, it was passed on its first reading by more than 440 deputies, even though only 88 members were present.

The reason was simple. Deputies ran from empty seat to empty seat, pressing the electronic voting buttons for a majority of colleagues who were absent.

The bill that they were voting on was proposed by President Dmitry Medvedev
The voting antics, which took place May 19, were first revealed in a news item filmed by Russian television channel Ren TV, which has been viewed more than 180,000 times on YouTube.
"One physically strong deputy has time to press nine buttons during the voting," Ren TV reported.

Deputies have around 20 seconds to vote, allowing the machinations, Russia’s Komsomolskaya Pravda reported on Wednesday.

“Of course, we suspected that our people’s deputies do not sit around in the State Duma all day long, but come on, 88 out of 450 is too much,” Komsomolskaya Pravda wrote.
Deputy speaker at the Duma, Oleg Morozov, is shown joking as the voting result comes up on the screen: 449 out of 450 deputies have passed the bill.

“Someone must have stepped out,” he quipped.

Ruling party United Russia reacted furiously to the video, with top party official Sergei Neverov threatening that deputies who skip sessions risked losing the party’s nomination.

"We need to clamp down on the disgrace that often happens in the house when a number of the deputies are absent," Neverov said, the ITAR-TASS news agency reported.

"The Duma needs to get rid of the truant deputies."
Its deputies include popular singers and former sports figures, including Olympic gymnast Alina Kabayeva.

In a sign of its nominal role, speaker Boris Gryzlov of the United Russia Party, famously said in 2003 that the Duma was "not the place for political battles."
In April, Medvedev criticised deputies for their poor attendance record.
"I am amazed myself by the picture in the parliament when only 10 to 15 per cent of the members are present,” Medvedev said. “Let them go to the sessions, and as for those who don’t go, let’s change the legislation, and let them go somewhere else,” he said.

“Unfortunately in Russia’s State Duma, this practice is common. In the Duma's fifth term, it has been used and is being used all the time" said Alexei Mukhin, director of the Centre for Political Information.

"The leadership of the State Duma is very concerned about the absence of deputies and this creates the illusion that the deputies are present and are voting."
Under Duma rules, absent deputies can pass their voting rights on to colleagues, but the uncontrolled buttonpressing is "of course a breach of procedure," Mukhin said.
So far the news has been reported more as an amusing novelty item than a serious breach of rules in the Duma, which is dominated by United Russia deputies.
Critics said the abysmal turnout technically made the vote illegal since the rules of parliament itself stipulated that a majority of MPs needed to be present for its activities to be legitimate.
-AFP

1 comments:

မောင် လေး said...

မြန်မာပြည်မှာလည်း လာပါတော့မည်ခင်ဗျား