Patient lamped during operation

Monday, May 10, 2010


ကံ...ကံငယ်ခေလွန်းတာမို့ ...



ဆိုးလိုက်တဲ့ ကံနှယ်...


ကံမကောင်းအကြောင်းမလှရှာသည့် လူနာတစ်ဦးဟာခွဲစိတ်ကုသမှုခံယူနေစဉ်မှာပဲ ၎င်း၏ခေါင်းပေါ်
ကိုခွဲစိတ်ခန်းသုံး မီးဆိုင်း ( မီးလုံးကြီး ) ပြုတ်ကျခဲ့ ကာ ဒါဏ်ရာထပ်ရခဲ့ ပါတယ်...
၎င်းကိုခွဲစိတ်ကုသနေတဲ့ ခွဲစိတ်ဆရာဝန်ပါ အဆိုပါကံဆိုးမိုးမှောင်ကျမှုမှာ အဆစ်ပါခဲ့ ရပြီး ထိုခိုက်ဒါဏ်
ရာ ရခဲ့ ကာ ကိုယ်တိုင်ပဲဆေးကုသမှုခံယူခဲ့ ရလို့ ခွဲစိတ်ကုသမှုကို ရပ်ဆိုင်းခဲ့ ရပါတယ်...
ထိုမီးဆိုင်းပြုတ်ကျချိန်မှာ လူနာကိုထုံဆေးပေးထားခဲ့ တာဖြစ်ပြီး ၎င်းထုံဆေးပြယ်ကာသတိရလာချိန်မှာ
တော့ သူ့ ရဲ့ မျက်နှာနှင့် နှုတ်ခမ်းများ ကွဲရှ၊ ထိခိုက်ဒါဏ်ရာရခဲ့ တာကိုသိလိုက်ရပါတော့ တယ်...
ခွဲစိတ်ကုသမှုပြုလုပ်နေစဉ်အတွင်း အဘယ်ကြောင့် ထိုပေါင် ၃၀ လေးတဲ့ မီးဆိုင်း ပြုတ်ကျခဲ့ တယ်ဆို
တာသိရှိနိုင်ဖို့ ကျန်းမာရေးဌာနဆိုင်ရာအကြီးအကဲများဟာ အလျင်အမြန်ပဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်
စေခဲ့ ကြပါတယ်...
ဝေလနယ်မြောက်ပိုင်း၊ ဂလင်းကလွိုက်ဆေးရုံနှင့်  အခြားအနီးပါတ်ဝန်းကျင်ရှိဆေးရုံများ၏မီးဆိုင်းများ
ထိုကဲ့ သို့ ချွတ်ယွင်းမှုများရှိ၊ မရှိကိုစမ်းသပ်စစ်ဆေးခဲ့ ကြပါတယ်...
" အခုလိုမတော်တစ်ဆမှုဖြစ်ပွားခဲ့ ရပြီး လူနာများထိခိုက်ဒါဏ်ရာ ရခဲ့ တဲ့ အတွက်အလွန်ပဲ ၀မ်းနည်းရ
ပါတယ်..." လို့ ဆေးရုံပြောခွင့် ရပုဂ္ဂိုလ်က ပြောကြားခဲ့ ပါတယ်...
" ခွဲစိတ်ဆရာဝန်ကိုယ်တိုင်ပဲ နေအိမ်မှာပြန်လည်ရောက်ရှိနေတဲ့ လူနာကို ဆက်သွယ်ပြီး ဘာကြောင့် ယ
ခုလိုဖြစ်ခဲ့ ၇တယ်ဆိုတာနှင့် ကျွန်တော်တို့ အားလုံးရဲ့ တောင်းပန်မှုကိုပြန်လည်ပြောကြားခဲ့ ပါတယ်..
စုံစမ်းစစ်ဆေးချက်များအရ မီးဆိုင်းကိုထိမ်းထားပြီးရွေ့ လျားလှည့် လည်သည့် နေရာမှ မူလီတစ်ခု အရစ်
ပြုန်းနေခဲ့ တာလို့ သိရပါတယ်..."  လို့ ၎င်းကပြောခဲ့ ပါတယ်...
လူနာကိုတော့ နောက်တစ်ပါတ်အကြာမှာ ဆက်လက်ခွဲစိတ်ကုသပေးခဲ့ ပါတယ်...

သြော်...
ဖြစ်မှဖြစ်ရလေတယ်...
ကံများဆိုးပြီဆိုယင်...တားလို့ ကိုမရတော့ဘူးဆိုတာ ဒါမျိုးဖြစ်မယ်ထင်ပါတယ်...

အင်္ဂလိပ်လိုသတင်းလေးပါ...

AN unlucky hospital patient was bashed over the head with a giant lamp as he underwent surgery.
The procedure had to be halted because the surgeon performing the op also suffered concussion and had to receive treatment himself.

The patient was sedated at the time but when he came round he found he needed even more treatment for a split lip and facial injuries.

Health chiefs have launched an urgent probe into why the 30lb lamp broke free as it was moved during the op.

All other lamps at Glan Clwyd Hospital in North Wales and neighbouring hospitals have been checked for similar faults.

A spokesman said: "We are very sorry that this incident occurred and that one of our patients suffered an injury as a result.

"The surgeon has since contacted the patient at home to explain what occurred and offered our sincere apologies.

"Investigations revealed that a screw had worked loose on the swivel bracket that holds the lamp."

The patient had the operation a week later.

1 comments:

သုခုမလေဒီ said...

သူတို့ဆီမှာတောင် ဒီလိုတွေဖြစ်တယ်နော်။ မမြင်နိုင်တဲ့ ကံဆိုတာ ဒါမျိုးပဲဖြစ်မယ်။