Dutiful daughter tops class

Sunday, May 30, 2010

 ဖေဖေချစ်တဲ့ သမီးလိမ္မာ....

 

Xu Dahui with her dad in class /Quirky China News 
မိဘကျေးဇူး အထူးသိတတ်၊ သမီးမြတ်...

တရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ကိုယ်တစ်ခြမ်းလေဖြတ်နေသည့် သူမရဲ့ ဖခင်ဖြစ်သူကို
အချိန်ပြည့် ကြည့် ရှုစောင့် ရှောက်နိုင်ဖို့ သူမနှင့် အတူ တက္ကသိုလ်ကျောင်းကိုခေါ်သွားလေ့ ရှိပါတယ်...
အသက် ၂၂ နှစ်အရွယ်ရှိ ရွှီဒါဟွေး ဟာ ၀ူဟန်းဇီဝအင်ဂျင်နီယာတက္ကသိုလ်မှာ စက်မှုနှင့် လျှပ်စစ်အင်
ဂျင်နီယာ ဘာသာရပ်တွေကို တက်ရောက်သင်ယူနေတာ ဖြစ်ပါတယ်လို့ ချန်ကျန်းနေ့ စဉ်သတင်းစာက
ဖော်ပြခဲ့ ပါတယ်...

နေ့ စဉ်သူမရဲ့ ဖခင်ကိုဂရုစိုက်ပြုစုရ၊ မိသားစုစားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်လည်းလုပ်ရသည့် 
ကြားထဲကပင် ကျောင်းစာကိုပါလေ့ လာခဲ့ ရတာဖြစ်ပေမယ့် ထူးဆန်းအံ့ သြစရာကောင်းစွာ သူမဟာအ
တန်းထဲမှာ စာအတော်ဆုံးကျောင်းသူဖြစ်နေပါတယ်...

" ကျွန်မအတွက်တော့ ဘ၀ခရီးဟာ ကြမ်းတမ်းတယ်လို့ မထင်မိပါဘူး...မိသားစုမှာ တစ်ဥိးတည်းသော
သားသမီးဖြစ်လို့ ကျွန်မသာ အိမ်ကနေထွက်သွားခဲ့ ယင် ဘယ်သူမှ အဖေ့ ကိုပြုစုမယ့် သူမရှိပါဘူး..."
လို့ သူမကပြောကြားခဲ့ ပါတယ်...
သူမရဲ့ ဖခင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ်ရှိ ရွှီချန်ရူ ဟာဦးနှောက်ထဲသွေးယိုပြီး ၎င်းရဲ့ ဘယ်ဘက်ကိုယ်
တစ်ခြမ်းလေဖြတ်နေခဲ့ တာ ယခုနှစ်အဆန်းပိုင်းကတည်းကဖြစ်ပါတယ်...


သူမရဲ့ မိခင်ဖြစ်သူဟာလည်း ကျန်းမာရေးမကောင်းတာမို့ သူမကိုယ်သူမပင်အနိုင်နိုင် ပြန်လည်ဂရုစိုက်
နေရတာမို့ မိန်းကလေးဟာ သူမရဲ့ ဖခင်ဖြစ်သူကို သူမနှင့် အတူတက္ကသိုလ်သို့ အတူခေါ်ဆောင်သွားဖို့ 
ဆုံးဖြတ်ခဲ့ ရတာဖြစ်ပါတယ်...
သူမရဲ့ ဖြစ်အင်ကိုစာနာ နားလည်ခဲ့ တဲ့ တက္ကသိုလ်က အခကြေးငွေပေးစရာမလိုပဲ သူမတို့ အတွက်နေစ
ရာအဆောင်ကမ်းလှမ်းထောက်ပံ့ ခဲ့ ပါတယ်...

သူမဟာ နေ့ လည်ထမင်းစားနားချိန်တွေမှာ စားသောက်ခန်းမှာ အလုပ်လုပ်ပြီး နေ့ လည်ကျောင်းဆင်း
ပြီးတာနဲ့ သုံးနာရီလောက် ရေသန့် ဗူးများနှင့် ဖုံးကဒ်များ ရောင်းရပါတယ်..
သူမဟာ နေ့ စဉ် နံနက် ၅ နာရီမှာအိပ်ယာကထရပြီး စားသောက်ဖို့ ဝယ်ခြမ်းရပါတယ်...ပြီးတာနဲ့ သူမရဲ့ 
ဖခင်နှင့် အတူ ကျောင်းကိုရောက်ဖို့ တစ်နာရီလောက်ကြာအောင်သွားရပါတယ်...
ညနေအိမ်ပြန်ရောက်တာနဲ့ သူမဟာ ချက်ပြုတ်ပြင်ဆင်ပြီးတာနှင့် ဖခင်ကို မိနစ်သုံးဆယ်လောက်ကြာ
အောင် နှိပ်နယ်ပေးပြီး အိပ်ပျော်စေရပါတယ်...
ထိုအရာတွေအားလုံးပြီးမှ သူမရဲ့ ကျောင်းစာများကို ကျက်မှတ်ဖို့ အချိန်ရတော့ တာဖြစ်ပါတယ်...

မိဘကျေးဇူးသိတတ်တဲ့ မိန်းကလေးအကြောင်းဖတ်ရတာ ကြည်နူးရသလို့ သူမရဲ့ ဘ၀ကိုအရှုံးမပေးပဲ
ကြိုးစားမှုကိုလည်းလေးစားမိပါရဲ့ ....
ခေတ်ပေါ်အသုံးအဆောင် ( အ၀တ်အစား၊ မိုဘိုင်း စတာတွေ ) နှင့် အပျော်အပါးကို စိတ်ထဲမှာမထားပဲ
လောကဓံကိုကြံ့ ကြံ့ ခံနိုင်တဲ့ သူမရဲ့ စိတ်ဓါတ်ကို ယနေ့ လူငယ်တွေ အတုယူနိုင်ကြပါစေ...
ဘ၀မှာ အဲဒီ အသုံးအဆောင်တွေမရှိလည်း ဘာမှမဖြစ်သွားဖူးဆိုတာ သိသူအဖို့ ကတော့ စိတ်ထဲမှာ
လိုချင်မှုတွေ နည်းနေမှာ အမှန်ပါပဲ...

အင်္ဂလိပ်လို သတင်းလေးပါ....
A Chinese woman has taken her partially paralysed father to university with her so she can look after him and study at the same time.
Xu Dahui, 22, is studying mechanical and electrical engineering at Wuhan Bioengineering Institute, reports Changjiang Daily.
Amazingly, she is top of her class - despite the demands of studying, caring for her father and working part-time to make ends meet.
"I don't think the life is harsh to me. I am the only child in the family. If I quit, who would take care of him?" she asked.
Xu's father, Xu Changru, 68, suffered an acute cerebral haemorrhage, which paralysed the left side of his body, earlier this year.
She decided to take him to university with her as her mother is also unwell, and can barely look after herself.
The university, touched by her story, offered the pair a rent-free university apartment.
Xu works in the canteen during her lunchbreak and sells bottled water and telephone cards for three hours after her afternoon lectures.
She gets up at 5am each day to shop for food, then gets her father up and the pair make their way to class - a journey which takes them an hour.
After going back home in the evening, she cooks a meal and then gives her father a 30-minute massage to help him sleep. Only then, can she begin her own home study time.

5 comments:

dedee said...

aww...wonderful girl ..she doing great , very glad to read it .

သွယ်လင်းဆက် said...

ခုခေတ်မှာ တော်တော်ကိုရှားနေပြီ။ စင်္ကာပူက လူငယ်တွေကိုပြချင်တယ်။ ဒီမှာ အောက်ခြေသိမ်းအလုပ် မှန်သမျှလုပ်နေတဲ့သူတွေကိုကြည့်လိုက်ရင် အသက် ၆၀ ထက်လူကြီးတွေပဲ။ သူတို့ကိုမေးကြည့်လိုက်ရင် သားသမီးတွေမရှိလို့ အဆင်မပြေလို့ ဒီလိုလုပ်ရတာလားလို့ မေးကြည့်လိုက်ရင် သားသမီးတွေက Great တွေချည်းပဲ။ အဲဒီလိုမျိုးအခြေအနေမျိုးနဲ့ မိဘတွေကိုပြစ်ထားကြတယ်ဆိုတာ ဘယ်လိုမှကိုမစဉ်းစားတတ်အောင်ပဲ။ :(

Zay Tar Yar said...

လူသားပီသတဲ့မိန်းခလေးချစ်စရာကောင်းလိုက်တာဗျာ
ကြည်နူးဘို့သိပ်ကောင်းတယ် ကွန်မြူနစ် နိုင်ငံက မိန်းမ
တယောက် ကို မအမွန်မြတ်ဆုံးဘာသာရေးလို့ အသား
လေပေးနေတဲ့ ရွှေနိုင်ငံသားတွေ လိုက်လို့မှီပါ့မလား တော့မသိဘူး ခုထိကျောင်းကိုမိဘခေါ်သွားဘို့မဆိုနဲ့
မိဘလိုက်လာရင်တောင်ရွှေတွေက ရှက်ရှတယ် ဟုတ်
ကဲ့မိဘ ကိုချစ်မယ်

Angel Shaper said...

တော်လိုက်တာ... အားကျဖို့ကောင်းလိုက်တာ...
လေးစားဖို့ကောင်းလိုက်တာ....
အတုယူစရာပဲ....
မျှဝေပေးတာ ကျေးကျေးစ် ဦးပီရေ..

goblin maymay said...

An incredible daughter and caring institute!!