Man pulls plane with his eyelids

Sunday, May 23, 2010

လေယာဉ်ပျံကိုမျက်ခွံဖြင့် ဆွဲနိုင်သည့် ကွန်ဖူးဆရာ

 

Dong pulls plane /Quirky China News 
လေယာဉ်ကိုမျက်ခွံဖြင့် ဆွဲမည်...

တရုတ်နိုင်ငံမှ သိုင်းပညာရှင်တစ်ဦးဟာ လေယဉ်ပျံအငယ်စားတစ်စင်းကို ၎င်းရဲ့ မျက်ခွံများတွင် ချိတ်ဖြင့် 
ချိတ်ကာ အကွာအဝေးငါးမီတာ ( ၁၆ ပေ ကျော် ) ရောက်အောင် ကြိုးဖြင့် ဆွဲပြနိုင်ခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ကျီလင် ပြည်နယ်၊ ချန်ချွန်း အပြည်ပြည်ဆိုင်ရာပြပွဲအဆောင်အဦမှာပြုလုပ်တဲ့ စတန့် ထွင်
စွန့် စားပြသမှုတစ်ခုမှာ အသက် ၅၀ အရွယ်ရှိ ဒေါင်ချိန်ရှန်းက ထိုသို့ စွမ်းရည်ပြသခဲ့ တာဖြစ်တယ်လို့ 
မြို့ တော်နေ့ စဉ်သတင်းစာက ဖော်ပြခဲ့ ပါတယ်...
ယခုလို့ တန်တစ်ဝက်မျှလေးတဲ့ လေယာဉ်ကို ငါးမီတာအထိရောက်အောင်ဆွဲဖို့ သူ့ အနေနဲ့ တစ်မိနစ်
တောင်မကြာခဲ့ ဘူးလို့ ဆိုပါတယ်...

ဒေါင်ဟာ ကွန်ဖူးပညာကိုနှစ်ပေါင်း ၄၀ နီးပါးလေ့ ကျင့် နေခဲ့ တာဖြစ်ပြီး ၎င်းရဲ့ ကွန်ဖူးစွမ်းရည်နှင့် ပါတ်
သက်ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ ပြီးဖြစ်ပါတယ်...
" ကျွန်တော်ဟာ ကားတစ်စင်းကို မျက်ခွံတွေနဲ့ ချိတ်ပြီးဆွဲပြခဲ့ ပြီးပေမယ့် အခုလိုလေယာဉ်ပျံကိုဆွဲပြတာ
ကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်..." လို့ သူက ဆိုပါတယ်..

" အ၇ိုးသားဆုံးဝန်ခံ၇ယင် အခုဒါဟာ ကျွန်တော့် ရဲ့ အားအကုန်မသုံးရသေးပါဘူး...ဒီထက်သုံးဆမျှသော
အကွာအဝေးအထိ ဆွဲနိုင်လိမ့် မယ်လို့ ထင်ပါတယ်...
ကျွန်တော်ဟာဒီလိုလုပ်နိုင်ဖို့  ခန္ဓာကိုယ်အတွင်းအားကိုစုစည်းတည်ဆောက်ခဲ့ ပါတယ်...ဒါပေမယ့် သာ
မန်လူတွေအတွက်တော့ အခုလိုလုပ်တာဟာ အလွန်အန္တရယ်ကြီးတာမို့  လူတွေအနေနဲ့ ကျွန်တော့် လို
လိုက်မလုပ်စေချင်ပါဘူး...
( ကြိုးစားပြီးလိုက်လုပ်ယင် သူဒီလိုဆုတွေ၇ပြီးနာမည်ဒီလောက်ဘယ်ကြီးနိုင်မလဲဗျာ...)

စွမ်းလည်းစွမ်းတဲ့ ကွန်ဖူးဆရာပါပဲ...
ဒါပေမယ့် ကျည်ဆံတွေ၊ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ တွေ့ ယင်တော့ ကွန်ဖူးဆရာကြီးလည်းပြေးနိုင်မှလွတ်မှာ
ပါပဲ....

A Chinese martial arts expert pulled an aeroplane for five metres - by a rope hooked to his eyelids.
Dong Changsheng, 50, performed the stunt at the Changchun International Exhibition Centre in Jilin province, reports the City Daily newspaper.
It took him less than a minute to pull the half-a-tonne aircraft for five metres.
Dong has been practicing kung fu for nearly 40 years, and has collected numerous awards for his skills.
"I have pulled a car with my eyelids before but this was the first time with an aeroplane," he said.
"To be honest, I didn't use my full strength and I think I could probably pull it three times the distance.
"I have built up the body strength to do this but it would be very dangerous for ordinary people so I don't want anyone to copy me."

1 comments:

Zay Tar Yar said...

စက်တင်ဘာတုန်းက အဲလူမြန်မာပြည်ရှိရင်
ရှေ့ဆုံးက အလံကိုင်ခိုင်းတာပေါ့...