'I'm addicted to eating soap': The 19-year-old girl with a dangerous compulsion doctors say could kill her

Sunday, February 13, 2011

ဆပ်ပြာကိုမှစားချင်သူ...


My bizarre compulsion: Tempestt Henderson, 19, says she is addicted to eating soap - and can go through five bars a week
ကျွန်မရဲ့ ဖြစ်ပုံ....ဖြစ်ပုံဆန်းသနော်...တစ်ပါတ်လျှင်ဆပ်ပြာတုံးငါးတုံးကုန်အောင်စားမိနေတာပါပဲ...

My bizarre compulsion: Tempestt Henderson, 19, says she is addicted to eating soap - and can go through five bars a week


သူမရဲ့ စွဲလန်းမှုကတော့  အသက်အန္တရယ်ဖြစ်နိုင်လောက်သည်အထိဖြစ်စေမည့် အရာပါလို့ ဆရာဝန်များ
ကဆိုပါတယ်...
သို့ သော်လည်း အသက် ၁၉ နှစ်အရွယ်ရှိမိန်းကလေးကတော့ သူမအနေနှင့် ဆပ်ပြာကိုသာအာသာငမ်းငမ်း
တားမနိုင်ဆီးမရ ဖြတ်မရအောင်စားချင်နေခဲ့ မိတာပါလို့ အခိုင်အမာပြောဆိုခဲ့ ပါတယ်...
ဖြစ်တောင့် ဖြစ်ခဲ ဆေးပညာဆိုင်ရာအခြေအနေတစ်မျိုးက ဖလော်ရီဒါအရပ်မှတမ်းပက်စ်ဟန်ဒါဆင်အမည်
ရှိ မိန်းကလေးအား ရက်သတ္တပါတ်တစ်ပါတ်လျှင် ဆပ်ပြာခဲ ငါးခဲနှင့် ဆပ်ပြာမှုန့် များစားသုံးစေသည်အထိ
ဖြစ်စေခဲ့ပါတယ်....

'It tasted so sweet, and salty': Tempestt claims that the first time she ate washing powder, it just felt right
ချိုပါတယ်သကြားလေးလို....စားလိုက်ယင်တစ်ကိုယ်လုံးချိုကာနေကောင်းသွားပါတယ်...

'It tasted so sweet, and salty': Tempestt claims that the first time she ate washing powder, it just felt right
" ကျွန်မဘ၀မှာ ပထမဦးဆုံးအကြိမ် အ၀တ်လျှော်ဆပ်ပြာမှုန့် တွေကိုလက်နဲ့ ကော်ပြီးနှိုက်ခဲ့ တာကိုပြန်သ
တိရမိပါတယ်...
ဆပ်ပြာမှုန့် တွေကိုလျှာပေါ်တင်လိုက်တာ အရသာကို ငန်မြမြနဲ့ ချိုဆိမ့် သွားတာပါပဲ...အဲဒီကတည်းကတစ်
ခါတည်းစွဲသွားတော့ တာပါပဲ..." လို့ သူမကပြောကြားခဲ့ ပါတယ်....
သူနာပြုသင်တန်းကျောင်းသူက သူမအနေနှင့် ဆပ်ပြာများစားသုံးနေတာဟာ အန္တရယ်ရှိတယ်ဆိုတာကိုသိ
ရှိပေမယ့် နံနက်မိုးလင်းလို့ မျက်စေ့ နှစ်လုံးပွင့် တာနှင့် ထိုဆပ်ပြာမှုန့် ပုံးမှာရေးထားသည့် အန္တရယ်ပေးစာ
သားများကို လစ်လျူရှုကာ ဆပ်ပြာမှုန့် များကိုလျက်ကာစားသုံးမိနေခဲ့ တာပဲဖြစ်ပါတယ်...
နောက်ပိုင်းမှာတော့ သူမဟာရေချိုးယင်းဆပ်ပြာပူပေါင်းလေးတွေကို တို့ ထိကာလျှာနဲ့ လျက်စားသည်အထိ
ဖြစ်ခဲ့ ပြီး ထိုမှတစ်ဆင့် တစ်ပါတ်လျှင်ဆပ်ပြာငါးဆုံးကုန်သည်အထိစားရသည်အထိ အကျင့် ဖြစ်ခဲ့ ပါတော့ 
တယ်....
" ရေချိုးခန်းထဲမှာဆိုယင် ကျွန်မဟာဆပ်ပြာတုံးနဲ့ ပူပေါင်းလေးတွေဖြစ်အောင်လုပ်ပြီး အဲဒီဆပ်ပြာပူပေါင်း
လေးတွေကို လျှာနဲ့ တို့ ပြီးလျက်ပါတယ်....ဆပ်ပြာတွေရေပျော်ကာကုန်သွားယင်တော့ ပါးစပ်ထဲကို ဆပ်ပြာ
အနည်းငယ်ထည့် ပြီး စုပ်မျိုလိုက်ရတာကိုက လောကနိဗ္ဗာန်ပါပဲ....
ဆပ်ပြာတွေစားလိုက်ရလို့ ရှင်းသန့် သွားတယ်လို့ ခံစားရမှုကိုပဲကျွန်မနှစ်သက်နေမိပါတယ်...ဆပ်ပြာကိုစား
လိုက်ရတာကို ဆပ်ပြာနဲ့ ဆေးလိုက်ရတာထက် ပိုပြီးသန့် ရှင်းလတ်ဆပ်သွားတယ်လို့ ခံစားမိပါတယ်..." လို့ 
သူမက ပြောကြားခဲ့ ပါတယ်...

Tempestt Henderson is addicted to eating soap and laundry detergent
  ခံတွင်းတွေ့ မိတာမှ တားလို့ ကိုမရတော့ ပါဘူး....
ဆရာဝန်တွေကတေ့ PICA ရောဂါတဲ့ ဗျာ...
When you can't stop: Doctors have diagnosed Tempestt with a rare disorder called PICA, characterised by an appetite for substances that are non-nutritive


Tempestt Henderson is addicted to eating soap and laundry detergent
နို့ မှုန့် မကြိုက် ဆပ်ပြာမှုန့် ကြိုက်သည် ....

 ဤကဲ့ သို့ ဆပ်ပြာတုံးများ၊ ဆပ်ပြာမှုန့် များစားသုံးနေခဲ့ ပြီးခြောက်လလောက်အကြာမှာတော့ စိတ်ညစ်လာ
နေခဲ့ ရတဲ့ သူမဟာရဲဆေးတင်ပြီး ဆရာဝန်များထံသွားရောက်ကာအကြံဥာဏ်တောင်းခံခဲ့ ဖို့ ဆုံးဖြတ်ခဲ့ ပါ
တော့ တယ်...
သူမကို ဆရာဝန်များက PICA ဟုခေါ်သည့် ဖြစ်တောင့် ဖြစ်ခဲ၊ ရှားပါးသည့် အဟာရဓါတ်မဖြစ်သည့် အရာ
များကိုခံတွင်းတွေ့ ကာတပ်မက်စွဲလန်းတတ်သည့် ခန္ဓာဗေဒဖောက်ပြန်မှုအဖြစ်ရောဂါသတ်မှတ်ခဲ့ ပါတယ်...

ထိုရောဂါလက္ခဏာရှိသူများဟာ သံသတ္တုများ၊ ငွေအကြွေစေ့ များ၊ မြေဖြူခဲများ၊ ဓါတ်ခဲများနှင့် သွားတိုက်တံ
များ အစရှိသည်များကို စားတတ်ကြပါတယ်...
ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်အတွင်းဓါတ်သတ္တုတစ်မျိုးချွတ်ယွင်း၊ ချို့ တဲ့ မှုကြောင့် ဟုဆိုကြပြီး ကိုယ်ဝန်
ဆောင်မိခင်များ သံဓါတ်ချို့ တတ်ပါက ကျောက်မီးသွေးများစားချင်တတ်သည့် " ချင်ခြင်း " မျိုးဖြစ်တတ်ကြ
သည်မှာ ဤအကြောင်းကြောင့် ဟုဆိုပါတယ်...
သို့ သော်လည်း မိန်းကလေး တင်းပက်စ် ရဲ့ ခံတွင်းတွေ့ မှုကတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာပါလို့ ဆရာ
ဝန်များကယုံကြည်ကြပါတယ်...
" ကျွန်မရဲ့ ချစ်သူ ဂျေဆင်နဲ့ ကွဲကွာခဲ့ ကြပြီးသူတက္ကသိုလ်တက်ဖို့ ထွက်ခွာသွားခဲ့ တော့ စိတ်ဖိစီးမှုတွေ၊ 
စိတ်ခံစားမှုတွေတော်တော်ဖြစ်ခဲ့ ရပါတယ်..." လို့ သူမက၀န်ခံပြောကြားခဲ့ ပါတယ်...

 " သူက ကင်ဆပ်ပြည်နယ်က ကောလိပ်ကို စီးပွားရေးဆိုင်ရာဘာသာနဲ့ သွားရောက်လေ့ လာသင်ကြားရ
တော့ မယ်လို့ ကျွန်မကိုပြောခဲ့ ပါတယ်...ကျွန်မတို့ နှစ်ယောက် အဝေးကိုရောက်နေပေမယ့် ဆက်
လက်ပြီးချစ်နေကြကာအဆက်အသွယ်လုပ်နေကြဖို့ ကျွန်မက တောင်းပန်ပြောဆိုခဲ့ ပေမယ့် အရာရာအား
ဟာပြီးဆုံးသွားခဲ့ ပါပြီလို့ သူကပြောခဲ့ ပါတယ်...ကျွန်မဟာ အလွန်ကိုကြေကွဲသောကရောက်ခဲ့ ရပါတယ်..."
လို့ သူမကပြောကြားခဲ့ ပါတယ်...


NOT a balanced meal: Doctors say if Tempestt doesn't kick her habit - which they blame on stress - it could kill her
 အစားအသောက်မူမမှန်တော့ ဒီအကျင့် ကိုသာမဖျောက်နိုင်ယင် သေဖွယ်ရာသာရှိတော့တယ်...

NOT a balanced meal: Doctors say if Tempestt doesn't kick her habit - which they blame on PICA, caused by stress - it could kill her
သူမကိုယ်တိုင် မိသားစုရှိရာ ဖလော်ရီဒါကနေ မိုင်ပေါင်းရာနှင့် ချီပြီးဝေးကွာတဲ့ နေရာကကောလိပ်ကိုတက်
ရောက်ဖို့ ထွက်ခွာလာခဲ့ ရတော့ အခြေအနေတွေဟာ ပိုလို့ ပင်ဆိုးလာခဲ့ ပါတော့ တယ်...
" ကောလိပ်ကျောင်းက အိမ်ကနေ ငါးနာရီလောက်ကြာအောင်သွားရတာမို့ စိတ်ဓါတ်လည်းပိုပြီးကျခဲ့ ရပါ
တယ်...ကျွန်မဟာ ကိုယ်တိုက်ဆပ်ပြာနဲ့ အ၀တ်လျှော်ဆပ်ပြာမှုန့် တွေကိုသာဖိပြီးစားခဲ့ တာမို့ ကျွန်မရဲ့ အ
ခြေအနေတွေပိုပြီးဆိုးရွားလာခဲ့ ရပါတယ်..." လို့ သူမကရှင်းပြခဲ့ ပါတယ်...


အခုတော့ ဆရာဝန်တွေက သူမကိုစိတ်ညစ်လာတဲ့ အခါထိုအကြောင်းတွေမတွေးမိစေဖို့ လမ်းထွက်လျှောက်
ဖို့ ၊ ဆပ်ပြာများနှင့် မထိတွေ့ မကိုင်တွယ်မိစေရန်သတိပြုရှောင်ကြဉ်ဖို့ စတဲ့ စိတ်ကုထုံးများနှင့် ကုသပေးနေ
ကြပါတယ်...
သမီးဖြစ်သူရဲ့ အန္တရယ်ကြီးမားသည့် စွဲလမ်းမှုကိုသိသွားသည့် မိခင်ဖြစ်သူကတော့ တမ်းပက်စ် ကိုချက်ခြင်း
ပဲကျောင်းမှထွက်ကာ အိမ်သို့ ပြန်လာစေခဲ့ ပါတယ်...
သို့ သော်လည်း သူမရဲ့ သမီးဖြစ်သူအနေနှင့် မူးယစ်ဆေးဝါး၊ဘိန်းဖြူမှုန့် ကိုမစွဲပဲ ဆပ်ပြာမှုန့် ကိုသာစွဲလမ်း
လို့ အနည်းငယ်တော့ စိတ်ဖြေရာရာမိတယ်လို့ ဆိုပါတယ်...

At least it's not drugs: Tempestt poses with her mother, who was so worried about her habit that she pulled her out of college
 အမေနှင့် သမီး ....မူးယစ်ဆေးဝါးမဟုတ်လို့ တော်ပါသေးရဲ့ ...
အစိုးရိမ်ကြီးလို့ ကောလိပ်ကျောင်းကနေထုတ်ခဲ့ လိုက်ပါတယ်...

At least it's not drugs: Tempestt poses with her mother, who was so worried about her habit that she pulled her out of colleg

Before it all began: Tempestt as a young girl in an undated family photo
 အချစ်နဲ့ မတွေ့ ခင်ငယ်စဉ်ကတော့ အပြစ်ကင်းခဲ့ လေသပေါ့ ....

Before it all began: Tempestt as a young girl in an undated family photo
 
ဒီသတင်းလေးဖတ်ပြီးဗဟုသုတတစ်ခုရလိုက်တာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေချင်ခြင်းတပ်တယ်
ဆိုတာ ခန္ဓာကိုယ်မှာ သံဓါတ်စတဲ့ ဓါတ်တစ်ခုခုချို့ တဲ့ ယင်လည်းဖြစ်တတ်တယ်ဆိုတာပါပဲ...
ဟိုးယခင်ဇတ်တော်တွေထဲမှာ ဘုရင်ရဲ့ သံလျက်ကိုသွေးပြီးသောက်ချင်တယ်ဆိုတာ ဒီသံဓါတ်ချို့ တဲ့ လို့ 
လည်းဖြစ်နိုင်တာပါပဲ...
ကြံကြံဖန်ဖန် ကရ၀ိတ်ငှက်၊ကြိုးကြာငှက်ရဲ့ အသံကိုနားထောင်ချင်တယ်ဆိုတဲ့ ချင်ခြင်းလည်းရှိခဲ့ ဖူးတဲ့ ဇတ်ေ
တော်တစ်ခုကြားနာဖတ်ခဲ့ ဖူးပါရဲ့ ...
ကဲ...
လေဒီတွေကိုယ်ဝန်ဆောင်လို့ ချင်ခြင်းတပ်ယင် ကရ၀ိတ်တွေကြိုးကြာတွေ၊ သံလျှက်တွေရှာနေစရာမလို
တော့ ဘူး....
သံဓါတ်ပါတဲ့ အားတိုးဆေးသာသောက်ခိုင်းလိုက်...ချင်ခြင်းပြေသွားလိမ့် မယ်ထင်တယ်...

ယောကျာင်္းဖောင်စီး၊ မိန်းမမီးနေ လို့ ဆိုရိုးရှိသလို အသက်အန္တရယ်နဲ့ နီးတဲ့ အမျိုးသမီးတွေရဲ့ သဘာဝဓမ္မ
အတွက် ဖြေသိမ့် စရာ ( အလျော်သဘောမျိုး ) အနေနဲ့ သူတို့ ဆန္ဒရှိရာကိုဖြည့် ဆည်းပေးစေဖို့ ဟိုးယခင်
ခေတ်ကတည်းက အမျိုးသမီးအခွင့် အရေးဆောင်ရွက်သူတွေက ချင်ခြင်း ဆိုပြီး ဖန်တီးခဲ့ လေသလားလို့ 
လည်း တွေးမိပါသေးရဲ့ ....
( Women Rights ) ဆိုတာ အာရှကစခဲ့ မယ်ထင်တယ်နော်...

It's the toxic compulsion that doctors claim could kill her.
But this 19-year-old girl claims she is hopelessly addicted... to eating soap.
A rare medical condition has left Tempestt Henderson, from Florida, eating up to five bars of soap a week - and washing powder too.

'I remember the first time I dipped my fingers into the washing powder,' she said.
'I dabbed the powder onto my tongue and it tasted so sweet, and salty…it just felt so right. I was hooked straight away.'
The nursing student says she knew eating soap was dangerous, but ignored the warning labels on the box in favour of licking the deadly powder daily, from the minute she woke up in the morning.
Soon she had moved onto licking the bubbles of soap in the shower, too, a habit that was getting her through up to five bars of soap a week.
'In the shower, I like to lather up a green bar of soap, and lick the bubbles. And as the soap disintegrates, I pop a tiny amount of the soap into my mouth and suck it. It’s heavenly.
'I love the clean feeling it gives me. Eating soap feels so much cleaner than just washing with it.' 
After six months of eating soap, unhappy Tempestt decided to be brave and seek medical advice. She was diagnosed with a rare disorder called PICA, which doctors told her is characterised by an appetite for substances that are largely non-nutritive.
Sufferers have been known to compulsively eat metal, coins, chalk, batteries and even toothbrushes. It can often be caused by a mineral deficiency, which explains why pregnant women often crave eating coal when needing iron.
But in Tempestt’s case doctors believed the condition was bought on by stress.
'Things got really stressful for me when my boyfriend, Jason, split up with me and left for college,' she admitted.
'He told me he was going to college in Kansas to study business. I begged him to give the long distance relationship a go, but he told me it was over. I was devastated.'

When Tempestt herself had to leave for college, hundreds of miles away from her family home in Florida, things took a turn for the worse.
'College was five hours away from my family, and the stress got bigger. With no boyfriend and my family miles away, I got lonely, sad and depressed. I turned to bath soap and laundry detergent and my problem got increasingly worse.'

'I remember the brand my Mum always used to use - I remember the smell vividly, it was the smell of her cardigan when she hugged me, and the smell of my bed sheets as a child.
'I used to love smelling the powder, but when life got so stressful I found only eating the soap would help.
'It is an addiction, I can’t stop, and I have sought the help of a doctor who specialises in addiction. The doctor told me I must empty my house of all washing detergent and soap, anything that triggers my addiction.'
Psychologists have said that Tempestt most likely turned to soap eating as a comforting coping mechanism when she found herself away from her family.
'We use liquid at home now,' she said, 'and for some reason I’ve got no need to eat that.'

3 comments:

ကိုဇော် said...

အူ နဲ့ အစာအိမ် သန့်တာပေါ့လေ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆရာပီတာပြောမှဘဲ ( Women Rights )ဘယ်က
စခဲ့တယ်ဆိုတာသိတော့တယ်---ဖြစ်နိုင်တယ်ဗျ-

ချမ်းလင်းနေ said...

သူ့စားစရိတ် အတော် ထောင်းမှာပဲ။ ဆပ်ပြာတွေချည်းလှိမ့်စားနေတယ်ဆိုတော့။