Wednesday, February 2, 2011
ဧကံဖြိုး ရဲ့  "ကိုယ်ပိုင်ခံစားချက်" ..... 
ကမ္ဘာဦးတည်စမှသည် လူသားတိုင်းအချစ်နှင့် ကင်းပြီးနေခဲ့ ကြသည်ဟူ၍မရှိပြီ....
ကြည်နူးဖွယ်၊ ကြေကွဲတမ်းတဖွယ် အမှတ်တရခံစားမှုများကိုတော့ ဘ၀တွင် အနည်းနှင့် အများကြုံတွေ့ 
တတ်ကြသည်သာ....
ထိုသို့ သောရင်တွင်းဖြစ်ခံစားမှုများအား ကမ္ဘာ့ နိုင်ငံအသီးသီး၊ လူအမျိုးမျိုးတို့ က ဘာသာစကားမျိုးစုံတို့ 
ဖြင့်မှတ်တမ်းတင်၊ရေးသားဖွဲ့ နွဲ့ လာခဲ့ ကြသည်မှာလည်း မဆုံးနိုင်သောဒဏ္ဍာရီတမ်းချင်းပမာရှိခဲ့ ၊ ရှိဆဲ၊ ရှိ
နေဦးမည်သာ...
ထိုသို့ သောအချစ်အကြောင်း ကြည်နူးတိမ်းညွတ်ဖွယ်ရာ မှတ်တမ်းဇတ်လမ်းများထဲမှ ဇတ်လမ်းလေးတစ်ပုဒ်
ကိုတော့ဖြင့် ညွှန်းချင်မိသည်...
စာရေးဆရာ ဧကံဖြိုး၏  "ကိုယ်ပိုင်ခံစားချက်"  ဆိုသော ၀တ္တုဇတ်လမ်းလေးပင်....
( ဆရာကြီးမင်းသင်္ခ တပည့် ဗေဒင်ဆရာတော့ မဟုတ်ပါလေ...)
ထိုစာအုပ်ကို ပထမအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် အင်ကြင်းမြိုင်စာပေမှ အချစ်ရှိသောနေ့ စွဲများ အမည်
ဖြင့် ထုတ်ဝေခဲ့ ပြီးနောက် မကြာမှီပင် ဒါရိုက်တာမောင်မျိုးမင်း ( ရင်တွင်းဖြစ် ) က ထိုဝတ္တုဇတ်လမ်းအား
ဝယ်ယူကာ ထိုအမည်ဖြင့် ပင် ဒွေး၊ ထွန်းအိန္ဒြာဗိုလ်၊ ခင်ဇာခြည်ကျော်တို့ ဖြင့် ဗီဒီယိုဇတ်ကားဖြင့် ရိုက်ကူး
ခဲ့ ပါတယ်...
၎င်းနောက် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပင်ထိုဝတ္တုဇတ်လမ်းအားထပ်မံဝယ်ယူပြန်ကာ ဒုတိယ
အကြိမ် ဒီဗီဒီဇတ်ကားကြီးအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ မိုးဟေကို၊ သင်ဇာဝင့် ကျော်တို့ ပါဝင်စေကာ ၂၀၁၀ခုနှစ်
တွင် ရိုက်ကူးထုတ်လွှင့် ခဲ့ ပြန်ပါတယ်...
ထိုအကြိမ်တွင်တော့ ဇတ်ကားအမည်ကို အမုန်းသမိုင်း ဟူ၍ပြောင်းလဲရိုက်ကူးခဲ့  ပါတယ်...
ယခုတစ်ဖန် စာရေးဆရာဧကန်ဖြိုးက သူ၏ကိုယ်ပိုင်ခံစားချက်ဖြစ်သောထိုဝတ္တုကိုယနေ့ ခေတ်ကာလနှင့် 
နှင့်လိုက်လျောညီထွေဖြစ်ရန် ၀တ္တုအစမှအဆုံး ပြန်လည်ပြင်ဆင်တည်းဖြတ်ကာ ဒုတိယအကြိမ်အဖြစ်ပုံနှိပ်
ထုတ်ဝေမှာဖြစ်ပါတယ်...
ဇတ်လမ်းကျောရိုးကလေးကတော့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှ သူငယ်ချင်းသုံးဦးတို့ ရဲ့ ချစ်ကြိုးတွေ
သွယ်ကာရစ်ကာ ချစ်မေတ္တာတွေနှောင်ဖွဲ့ မိကြလေသည့် သုံးပွင့် ဆိုင် အချစ်ဇတ်လမ်းလေး....
ရဲရင့်ရယ်၊ လှိုင်းရယ်၊ မိုးခင်ခင်တို့သုံးယောက်ရဲ့ အချစ်ခံစားချက်မှတ်တမ်းကို ထုဆစ်ပုံဖော်ထားခြင်းဖြစ်
သည်။ 
စကားလုံးလှလှ၊အနုအရွလေးများဖြင့် သီကုံးရေးဖွဲ့ ထားသည့် အချစ်နှင့် မကင်းနိုင်သူများအတွက် ချစ်သူ
အတွက် ချစ်သက်သေအဖြင့် ချစ်လက်ဆောင်ပေးသင့် သည့် ဇတ်လမ်းလေးအား ချစ်သူများနေ့ အထိမ်း
အမှတ်အမှီ ပုံနှိပ်ထုတ်ဝေမည်ဖို့ ဝယ်ယူဖတ်ရှုခံစားအားပေးနိုင်ပါကြောင်း.....
ဒူဘိုင်းမှစာဖတ်ပရိတ်သတ်များ အတွက်တော့ မတ်လ ၂၂ ရက်နေ့ တွင်ကျင်းပမည့် စာပေဟောပြောပွဲတွင်
ဝယ်ယူရရှိနိုင်ပါလိမ့် မယ်....
စာရေးသူ ဧကံဖြိုး က ဟန်သစ် မဂ္ဂဇင်း၊ ဖက်ရှင် မဂ္ဂဇင်း၊ မြှားနတ်မောင် မဂ္ဂဇင်း၊ ကြော်ငြာ မဂ္ဂဇင်းတို့တွင် ၁၉၉၀ မှ ၁၉၉၅ အထိပါဝင်ခဲ့သည့် သူ၏  ဝတ္ထုတို ၁၂ ခုကို စုစည်းထားသော စာအုပ် လည်း ၂၀၁၁ ခုနှစ် နှစ်လည်ပိုင်းလောက် ထွက်ရှိလာဖို့ ရှိပါသည်။
( ဒူဘိုင်းမှာလည်း စာရေးဆရာအဓိပတိတွေရှိတာပဲနော်...)
0 comments: