Thursday, February 10, 2011

The Kitara guitar

Misa Digital's Kitara guitar has a multi-touch screen that displays six strings that can be strum with your fingertips instead of using a pick. It will cost $850.


Kitara နောက်ဆုံးပေါ် ဒီဂျစ်တယ် toch screen ကြိုးမဲ့ လျှပ်စစ်ဂစ်တာပါတဲ့ ဗျာ....
သာမာန်ဂစ်တာများမှာပါရှိတဲ့ သမားရိုးကျ သံမဏိကြိုးများအားတီးခတ်ရာတွင်သုံးသည့် ပလက်ထရမ်
( plectrum ) မလိုပဲ ၎င်းအစား လက်ချောင်းထိပ်ဖျားလေးများဖြင့် တို့ ထိတီးခတ်နိုင်မည့် ကြိုးခြောက်
ချောင်းပုံစံသရုပ်ပြပါရှိမည့် ဖန်သားမျက်နှာပြင်တစ်ခုပါရှိမှာဖြစ်ပါတယ်...
ကြိုးညှိစရာမလိုတာမို့ တီးခတ်ရာမှာပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်...
ဒီဂစ်တာမျိုးနဲ့ ချစ်စမ်းမောင်တို့ နိုင်ဇော်တို့ များတီးလိုက်လို့ ကတော့ နားထောင်ကောင်းလိုက်မယ့် ဖြစ်
ခြင်းပဲ...

 နည်းပညာတို့ ရဲ့ ဖန်တီးရာ....

 ကြိုးမဲ့ ဒီဂျစ်တယ် ဂစ်တာ....

 ဂီတသံစဉ်တွေကို...လိုသလိုစေစားနိုင်တော့ မည်လော...

 ပုံစံဒီဇိုင်းကိုကချစ်စရာ....
 ကြိုးမပါလို့ ကြိုးညှိဖို့ ကီးတွေလည်းမပါတော့ဘူးပေါ့ ....

ခြောက်ကြိုးကဝေ အစား ဓါတ်ကြိုးကဝေ လို့ အမည်ပေးရမလိုပင်....


3 comments:

leomark said...

ဓါတ်ကြိုးကဝေကို ကြည့်ရတာ တမျိုးပဲဗျနော ဦးကြီး။ မြင်နေကျ မဟုတ်လို့နဲ့ တူပါရဲ့။း) ကြိုးညှိ့ စရာ မလိုဘူးဆိုတော့ကား သားသား တို့ အကြိုက်ပေါ့။ အဲ ... ကီးမြှင့်မယ်ဆိုရင် ဘယ်လို များ မြှင့်မလဲ သိချင်သားဗျ။ အော်တို များ မြှင့်ပေးသလား???

Anonymous said...

ညီမလေးကိုအရင်ဝယ်ပေး..ဂစ်တာကို လက်ထိပ်လေးတွေနာမှာဆိုးလို့ မသင်ဖြစ်တာ အရမ်းဝါသနာပါတယ်...ကီးကျဘယ်လိုညှိုမတုန်း ကိုယ်လိုချင်တဲ့ပုံရအောင်...Rock တီးဝိုင်းတွေမှာ အဲ့ဒါကြီးနဲ့ ဆို မငြိဘူးနော်...ဆရာချစ်တို့ က ကောက်ကွေးနေအောင် အပြီဆွဲတာ...ဒါကြီးနဲ့ မြင်ကြည့်တာ မဂွတ်ပါဘူးဗျာ့

ကိုဇော် said...

ကိုယ့်အတွက်ကတော့ မထူးပါဘူးဗျာ။ ဂစ်တာကို ဗုံလိုပဲ တီးတတ်တာကိုး။ ကဲ . . . လာလေရော့။