The world's biggest family: The man with 39 wives, 94 children and 33 grandchildren

Sunday, February 20, 2011

ဇနီး ၃၉ ယောက်၊ သားသမီး ၉၄ ယောက်နဲ့ မြေး ၃၃ ယောက်ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစု...

သူကတော့ဘုရားသခင်ကချီးမြှင့် တော်မူတဲ့ ဇနီးမယား ၃၉ ယောက်နဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ ဦးစီး
ဦးဆောင်၊ အိမ်ထောင်ဦးစီးဖြစ်ပါတယ်....
ဇျိုနာချန မှာသားသမီးက ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နဲ့ မြေးက ၃၃ ယောက်ရှိနေပါပြီ....
သူတို့ မိသားစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ဘက်တွမ်း တောင်ပေါ်ရွာကလေးမှာရှိတဲ့ အခန်းပေါင်း
၁၀၀ ပါတဲ့ လေးထပ်အိမ် အဆောက်အဦးမှာ နေကြပါတယ်....သူ့ ဇနီးများကတော့ စုပေါင်းအိမ်ခန်းဆောင်
ကျယ်ကြီးမှာနေကြတာဖြစ်ပါတယ်...


The full monty: The Ziona family in its entirety with all 181 members
ဇနီးမယား သမီးသားမြေးတွေစုံညီ...

The full monty: The Ziona family in its entirety with all 181 members

You treat this place like a hotel: With 100 rooms the Ziona mansion is the biggest concrete structure in the hilly village of Baktawng
အိပ်ခန်းပေါင်း ၁၀၀ ရှိလေသည်....ရွာထဲမှာတော့အကြီးဆုံးအုတ်တိုက်ကြီးပါပဲ...


You treat this place like a hotel: With 100 rooms the Ziona mansion is the biggest concrete structure in the hilly village of Baktawng

" ကျူပ်ကတော့ကိုယ့်ကိုယ်ကို ဘုရားသခင်ရဲ့ အထူးအခွင့် အရေးပေးခံရတဲ့ သားတစ်ပါးလို့ ကိုထင်မိပါတယ်၊
သူကကျူပ်ကို လူတွေအများကြီးကို ကြည့် ရှုစောင့် ရှောက်နိုင်ဖို့ အခွင့်ပေးခဲ့ ပါတယ်...
ဇနီးမယား ၃၉ ယောက်တို့ ရဲ့ ခင်ပွန်းအဖြစ်နဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့် ရတဲ့ 
အတွက် ကံကောင်းတယ်လို့ ကိုထင်မိပါတယ်..." လို့ သူက သူရိယသတင်းစာကြီးကိုပြောပြခဲ့ ပါတယ်...
သူတို့ မိသားစုကို စစ်စည်းကမ်းပုံစံမျိုးနဲ့ အကြီးဆုံးဇနီးသည် ဇသီယန်ဂီ ကသူမခင်ပွန်းရဲ့ အတူနေဇနီးမယား
များကို အိမ်သန့် ရှင်းရေးအလုပ်၊ အ၀တ်အစားများလျှော်ဖွတ်ခြင်းနဲ့ ချက်ပြုတ်ဖို့ တာဝန်များခွဲဝေကာစီမံခန့် 
ခွဲ ကြီးကြပ်ပါတယ်...

သူတို့ မိသားစုကြီးရဲ့ ညနေစာအတွက်တွင် ကြက် ၃၃ ကောင်ကိုအမွေးနှုတ်၊ခုတ်ထစ်ရတာရယ်၊ အာလူးက
၁၃၂ ပေါင်အခွံခွာရတာရယ်၊ ဆန်က ပေါင် ၂၂၀ ချက်ရပါတယ်...
တိုက်တိုက်ဆိုင်ဆိုင်ပဲ မစ္စတာချန က အလိုရှိသလောက်မိန်းမအများအပြားယူခွင့် ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ ဦးစီး
ခေါင်းဆောင်ဖြစ်နေခဲ့ တာပါပဲ...

Feeling peckish? The senior ladies of the Chana family show what it takes just to make a meal
သူတို့ မိသားစုကြီးရဲ့ ထမင်းတစ်နပ်စာပေါ့ ...

Feeling peckish? The senior ladies of the Chana family show what it takes just to make a meal 

The wives and I: Mr Ziona Chana poses with his 39 wives at their home in Baktawang, Mizoram, India
ဒီကမ္ဘာမှာကျွန်တော်အပျော်ဆုံး....

The wives and I: Mr Ziona Chana poses with his 39 wives at their home in Baktawang, Mizoram, India
 
သူဟာတစ်နှစ်တည်းကို မိန်းမဆယ်ယောက်လက်ထပ်ယူခဲ့ တာဖြစ်ပြီး သူ့ မိန်းမတွေက စုပေါင်းအဆောင်
ကြီးအတွက် အတူတူလုပ်ကိုင်နေထိုင်နေချိန်မှာသူကတော့နှစ်ယောက်အိပ်ကုတင်ကြီးနဲ့ ဇိမ်ကျကျနေနိုင်
ပါတယ်...
သူကအငယ်ဆုံးဇနီးမယားလေးတွေကို သူ့ အိပ်ခန်းနဲ့ အနီးဆုံးမှာထားပြီး အသက်အကြီးဆုံးတွေကိုတော့ 
အစွန်ဆုံး၊ အဝေးဆုံးမှာထားကာ ဇနီးမယားများအနေနှင့် သူနဲ့ အလှည့် ကျစနစ်နဲ့ လာရောက်အိပ်စက်
ကြရပါတယ်...

မစ္စတာ ချန ရဲ့ ဇနီးမယားတစ်ဦးဖြစ်တဲ့ ၃၅ နှစ်ရှိ ရင့် မီနီ ကတော့  သူဟာဒီအိမ်ကြီးမှာ အရေးပါဆုံးသူဆို
တော့ ကျွန်မတို့ ကသူ့ ကိုဝန်းရံခယပြီးနေကြပါတယ် လို့ ဆိုပါတယ်...
သူကကျွန်မတို့ တစ်ရွာလုံးမှာ ရုပ်အဖြောင့် ဆုံးလည်းဖြစ်ပါတယ်...မစ္စတာချန ကသူမကိုလွန်ခဲ့ တဲ့ ၁၈နှစ်
ကနံနက်ခင်းတစ်ခုမှာ ရွာထဲလမ်းလျှောက်ထွက်ယင်းတွေ့ ခဲ့ တာဖြစ်ပြီး အဲဒီကတည်းကသူမကိုလက်ထပ်
ခွင့် ပြုဖို့ စာရေးခဲ့ တာဖြစ်ပါတယ် လို့ သူမကပြောပြခဲ့ ပါတယ်...

အဆောင်ဆောင်အခန်းခန်းတွေနဲ့ ...

Shared bedroom: A look inside the four-storey mansion, Chhuanthar Run - The House of the New Generation

နောက်ထပ်ဇနီးတစ်ဦးဖြစ်သည့် ဟွန်သန်ဂမ်ကီ ကလည်း သူမတို့ မိသားစုတစ်ခုလုံးဟာအားလုံးသင့် မြတ်
ကြပါတယ်လို့ ဆိုပါတယ်... 
မိသားစုအနေနဲ့တစ်ဦးကိုတစ်ဦးမေတ္တာအရင်းခံပြီး လေးလေးစားစားဆက်ဆံမှုကိုအခြေခံတဲ့ စနစ်ဖြစ်ပါ
တယ်....
မစ္စတာချန ရဲ့ ဘာသာရေးဂိုဏ်းကလည်းအဖွဲ့ ဝင် ၄၀၀ ရှိနေပြီး ၎င်းအနေနှင့် နောက်ထပ်မိန်းမထပ်ယူဦးမှာ
ဖြစ်တယ်လို့ ဆိုပါတယ်...

" ကျူပ်ရဲ့ ဂိုဏ်းတိုးတက်စည်ပင်ဖို့ ဆိုယင် အမေရိကန်သွားပြီး လက်ထပ်ရမယ်ဆိုလည်း လုပ်မှာပါပဲ..." လို့ 
သူကဆိုခဲ့ ပါတယ်...
သူ့ ရဲ့ သားတစ်ဦးကတော့ အဖိုးဖြစ်သူကလည်းမိန်းမအများအပြားယူခဲ့ ပြီး ဖခင်ဖြစ်သူကလည်း ရွာထဲက
ဆင်းရဲတဲ့ မိန်းမတွေကိုသာ စောင့် ရှောက်ဖို့ ယူခဲ့ တာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်....

သူများတွေတစ်ယောက်တောင်မသေ့ တစ်သေလုပ်ကိုင်ရှာကျွေးနေရတဲ့ အချိန်မှာ ဒီဆရာကြီးကတော့ 
၃၉ ယောက်နဲ့ တောင်မတင်းတိမ်သေးပဲ ထပ်ယူဦးမယ်တဲ့ ဗျာ...
ဒီလောက်မိန်းမတွေအများကြီးယူပြီးတစ်စုတစ်ဝေးတည်းထားနိုင်တဲ့ သူ့ ရဲ့ စည်းရုံးရေးစွမ်းရည်ကတော့ 
လေးစားလောက်ပါပေတယ်...( ဘာသာရေးနဲ့ ဘန်းပြတယ်ဆိုဦးတော့ ...)

He is head of the world's biggest family - and says he is 'blessed'  to have his 39 wives.
Ziona Chanala s0-room, four storey house set amidst the hills of Baktwang village in the Indian state of Mio has 94 children, 14-daughters-in-law and 33 grandchildren.
They live in a 10
zoram, where the wives sleep in giant communal dormitories.
Mr Chana told the Sun: 'Today I feel like God's special child. He's given me so many people to look after.
'I consider myself a lucky man to be the husband of 39 women and head of the world's largest family.'
The family is organised with almost military discipline, with the oldest wife Zathiangi organising her fellow partners to perform household chores such as cleaning, washing and preparing meals. 
One evening meal can see them pluck 30 chickens, peel 132lb of potatoes and boil up to 220lb of rice.
Coincidentally, Mr Chana is also head of a sect that allows members to take as many wives as he wants.

He even married ten women in one year, when he was at his most prolific, and enjoys his own double bed while his wives have to make do with communal dormitories. 
He keeps the youngest women near to his bedroom with the older members of the family sleeping further away - and there is a rotation system for who visits Mr Chana's bedroom.
Rinkmini, one of Mr Chana's wives who is 35 years old, said: 'We stay around him as he is the most important person in the house. He is the most handsome person in the village.
She says Mr Chana noticed her on a morning walk in the village 18 years ago and wrote her a letter asking for her hand in marriage.

Another of his wives, Huntharnghanki, said the entire family gets along well. The family system is reportedly based on 'mutual love and respect'
And Mr Chana, whose religious sect has 4,00 members, says he has not stopped looking for new wives.

'To expand my sect, I am willing to go even to the U.S. to marry,' he said.
One of his sons insisted that Mr Chana, whose grandfather also had many wives, marries the poor women from the village so he can look after them. 

11 comments:

ရွှေရတုမှတ်တမ်း said...

စွမ်းလှချည့်လား..ကိုဆန္ဒ ရယ်....
မင်းတုန်းမင်းများ ကုလားပြည်သွား လူဖြစ်နေလေရော့လား

မိုးယံ said...

တတ်လဲတတ်နိုင်လိုက်တာကွယ်.. မောင်တို့ယောက်ျားတွေရယ်.. မိန်းတွေကို နေရာတကာမှာ... ဒန့်တန့်ဒန်

ကွာပ ကွာပ အမေရိကားက ကိုကိုကျောက်နဲ့များ ကွာပ ... ဟီးဟီး ဘကျောက်ပြန်လာဖတ်မိရင် ဒွတ်ခ..နောက်တာပါဂျာ။

Anonymous said...

တစ်ရွာလုံးသူ့ အမျိုးဖြစ်တော့မှာပဲ...

ချမ်းလင်းနေ said...

မင်းတုန်းမင်း အသေစောလို့ဗျာ။ မဟုတ်လို့ကတော့ ဒီလူ မင်းတုန်းမင်းကိုတော့ မမှီလောက်ဘူးထင်ပါတယ်။

စန္ဒကူး said...

ကိုကြီးကျောက်အားကျနေပီ... ကြည့်ကြည့်... လိုက်မလုပ်နဲ့နော်..

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
မိသားစုများပုံကတော့ဓါတ်ပုံဆရာတောင်အပေါ်ကနေတက်
ပြီးရိုက်ပေးရတဲ့အထိပါလားကွယ်ရို ----
အင်း---
ဘယ်လိုစွမ်းပကားတွေကြောင့်ပါလိမ့်--

winzawzaw said...

ငါတို့မင်းတုန်းမင်းသိရင် ရယ်တောင်ရယ်ဦးမယ်...
သူ့ကိုတော့ဘယ်မှီပါ့မလဲနော်...
ပျင်းတောင်ပျင်းသေးတယ်လို့ပဲပြောမှာပေါ့...
ကျွန်တော်လည်း အဲ့လူထက်သာအောင်လုပ်ပြီးတော့ ဂင်းနစ်မှတ်တမ်းဝင်အောင်လုပ်မယ်ဗျာ.....

ကိုဇော် said...

အမငီးးးးးးးးး
အားကျချက် . .အဲလေ. .

sweetpeony said...

မြန်မာတွေပါနေသလိုပဲနော်.. အိန္ဒိယသာဆိုတယ် အသားကလဲ မမည်းပါဘူး လုံချည်ဝတ်ထားတာတွေတွေ့တယ်..

sweetpeony said...

မြန်မာတွေပါနေသလိုပဲနော်.. အိန္ဒိယသာဆိုတယ် အသားလဲ မမည်း ရုပ်တွေကလဲ တိုင်းရင်းသားနဲ့တူတယ်.. လုံချည်ဝတ်ထားတာတွေ တွေ့တယ်..

Nay Mya Mya Swe said...

ဟုတ်ပါတယ် အိန္ဒိယနိုင်ငံသားတွေဖြစ်ကြပေမဲ့ ကျမတို့ မြန်မာနိုင်ငံက ချင်းလူမျိုးတွေနဲ့ မျိုးနွယ်တူတွေပါ..သူတို့ ကိုတော့မီဇိုလို့ ခေါ်ပါတယ်.
နယ်နိမိတ်ချင်းကလဲထိစပ်နေတာပါ.သူတို့ လဲကျမတို့ လိုပဲ ၀တ်ကြစားကြပါတယ်..