Wednesday, August 3, 2011

အပန်းဖြေစရာပုံရိပ်ကမ္ဘာ....


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...

အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်
ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါ
သနာအရ၊ အပျော်ဗဟုသုတအနေနဲ့ သီးသန့် ခွင့် မတောင်းပဲတင်တာမို့ သိခဲ့ လျှင်တောင်မှ ခွင့် လွှတ်နိုင်
မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

ဖွင့် ချင်တဲ့ အချိန်ဖွင့် မယ်ဆိုယင်ပြီးရော....
ဇယားကိုရှုတ်နေတာပါပဲ...

သစ်မရခင်ဝါးပေါင်းကွပ်၊ ကားမရခင် စက်ဘီးနဲ့ ကြိုတင်ကျင့် ...
ရသေ့ စိတ်ဖြေလို့ လည်းယူဆမယ်ဆိုယင်ယူဆလို့ ရပါသေးတယ်...

တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်လုပ် ဆိုတဲ့ ဆရာများ ဒီလိုလုပ်နိုင်ပါ့ မလား...
သူများတွေကတော့ အပြောထက်အလုပ်နဲ့ သက်သေပြနိုင်တယ်...

အဟုတ်ပါပဲ...အဲဒီကြောင်က နေ့ စဉ်ဘတ်စကားစီးတယ်ဆိုတာ သတင်းထဲမှာကို ပါခဲ့ ဘူးတယ်...

အချိန်အဆ နဲ့ စိတ်ရှည်ကျွမ်းကျင်မှုကတော့ လက်ဖျားခါလောက်တယ်...

အိမ်ခန်းငှားစားတဲ့ အခန်းပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေမတွေ့ ပါစေနဲ့ လို့ ဆုတောင်းရမယ်...
ရိုးရိုးတစ်ထပ်တင်မက နှစ်ထပ်ကုတင်အဖြစ်ပါသုံးလို့ ရတာကိုး...
အကြံပိုင်ပါပေ့ သူ့ စိတ်ကူး...

ယခင်နှင့် ယခု ဂျပန်....

တို့ ကတော့ ဒီလိုပြောရမှ ပိုပြီးအားရတယ်နော်...
ရွှေပြည်ကြီးက ကြားလားဖုံးတွေနဲ့ တော့ အံကိုက်ပဲ...

ရေကြီးတဲ့ အခါ ဒီလိုလည်းဖြတ်ထိုးဥာဏ်နဲ့ အသုံးချတတ်ရတယ်...

ပေါချောင်ကောင်းဆိုတာ ဘယ်မှာမှ၊ ဘာကိုမှ မရနိုင်ပါဘူးတဲ့ ...

ဆေးလိပ်သောက်ခြင်းသည်  ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်ဆိုတဲ့ စာသားထက် ပိုပြီး
ထိရောက်ပါတယ်...

သြော်...သူ့ ဖြစ်အင်...ကြံကြံဖန်ဖန် ကလေးစီးတဲ့ ဒန်းကိုမှ သွားထိုင်စီးမိတာကိုး...

အိုဘာမားငယ်စဉ်က ....အဲဒီလိုပဲ အသားမည်းတဲ့ ဗီဇပါတဲ့ ကလေးတွေက ငယ်စဉ်ကတော့ 
ဖြူသလိုလိုနဲ့ ကြီးလေ မည်းလေပါပဲ...

" က "  နေတဲ့ ကောင်မလေးအလား....

1 comments:

မေသိမ့်သိမ့် ကျော် said...

စက်ဘီးကိုတော့ တော်တော်ကြိုက်တယ်။ ကြက်ဥကို စီထားတာ ကော်များသုံးသလားလို့။ ကလေး ဒန်းစီးတဲ့ အမျိုးသမီးကိုကြည့်ပြီး မျက်လုံးပြူးသွားရပါကြောင်း...။


ခင်တဲ့