Girl Holds Umbrella for Disabled Old Beggar in Rainstorm

Monday, August 22, 2011

ပန်းနုရောင်နှလုံးသားနှင့် ကောင်မလေး...


သဲသဲမဲမဲ ရွာနေသည့် မိုးသက်လေနှင် မုန်တိုင်းဆင်နေဆဲကာလမှာ ပိန်ပိန်ပါးပါး သွယ်လျလျခန္ဓာ
ကိုယ်နှင့် မိန်းကလေးတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်တစ်ပိုင်းလုံးရွဲရွဲစိုနေသည့်တိုင်မသန်မစွမ်းဖြင့် 
တောင်းရမ်းစားသောက်နေရသည့် အဘိုးအိုတစ်ဦးအား မိုးရေထဲတွင် ထီးတစ်လက်ဖြင့်သက်သာရာရ
စေကြောင်း ကာကွယ်ကာမိုးပေးခဲ့ တဲ့ မြင်ကွင်းကတော့ ၀တ္တုဇတ်လမ်းတွေထဲမှာတင်မဟုတ်ပဲတရုတ်
နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့ တာပါ...
ရုတ်တရက်မိုးသည်းထန်စွာရွာလိုက်လို့  အသက်အရွယ်ကြီးရင့် ကာခြေထောက်တစ်ဖက်မသန်မစွမ်း
ဖြစ်နေသူ အဖိုးအိုတစ်ယောက် သစ်သားလှည်းကလေးပေါ်တွင် ခက်ခက်ခဲခဲရွေ့ လျားသွားလာနေ
ခိုက် လှပချောမောသည့် မိန်းမပျိုလေးတစ်ဦး ထီးကလေးတစ်ချောင်းဖြင့် ပြေးထွက်လာကာ ထိုအဖိုး
အိုအား သူမခန္ဓာကိုယ်အား မိုးစိုနေသည်ကို အမှုမထားပဲ ထီးမိုးပေးခဲ့ တာဖြစ်ပါတယ်...
စူကျိုးပြည်နယ်မှ အင်တာနက်သုံးသူတစ်ဦးဟာ ဆွတ်ပျံ့ ကြည်နူးဖွယ် ထိုအခိုက်အတန့် ကလေးကို ၎င်း၏ကင်မရာဖြင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ ပါတယ်...
ထိုဓါတ်ပုံအား အင်တာနက်ပေါ်တွင် လာရောက်ကြည့် သည့် အကြိမ်ပေါင်း ၂၄၀၀၀ ကျော်သည်အထိ
လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ ပြီး XiCi အင်တာနက်စာမျက်နှာတွင် မျက်နှာဖုံးပုံအဖြစ်ပင် လွှင့် 
တင်ထားခဲ့ ရသည်အထိဖြစ်ခဲ့ ပါတယ်...
 အွန်လိုင်း၊ အင်တာနက်သုံးစွဲသူများကတော့ ထိုမိန်းကလေးအား မိုးသက်မုန်တိုင်းထဲမှ အလှပဆုံးမြင်
ကွင်းအဖြစ် ချီးကျူးဂုဏ်ပြုလျှက်ရှိနေကြပါတယ်...
" ဒုက္ခိတအဖိုးအိုကြီးကို ထီးမိုးပေးပြီးနောက် ပြန်လာတဲ့ မိန်းကလေးဟာ ကျွန်တော့အထင်တော့ ငိုနေ
ခဲ့ ပါတယ်..." လို့ ထိုဓါတ်ပုံကို အင်တာနက်စာမျက်နှာတွင် တင်ခဲ့ သူက အဆိုပါအဖြစ်အပျက်ကို ပြန်
ပြောင်းပြောပြကာ အမှတ်တရဆိုပါတယ်...
အဆိုပါ နှလုံးသားလည်းလှ၊ လူလည်းလှသည့် မိန်းကလေးအား မည်သူမည်ဝါဖြစ်သည်ကိုသိရှိပါက
ဖုံးနံပါတ် ၉၆၀၆၀ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ မိုလ်ဘိုင်းဖြင့် မက်ဆေ့ ခ်ျ ပို့ ၍သော်လည်း
ကောင်း Sina Weibo မှတစ်ဆင့် Modern Express သို့ သတင်းပို့ အကြောင်းကြားနိုင်ပါတယ်...

အဆိုးနဲ့ အကောင်းဆိုတာ ဘယ်နေရာမှာမဆိုဒွန်တွဲနေတာပါပဲ...
သည်မိန်းကလေးရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကတော့ လေးစားချီးကျူးဖွယ်ရာပါပဲ...
ကိုယ်ကျိုးစွန့် အနစ်နာခံတယ်ဆိုတာ ငွေကုန်ကြေးကျအများကြီးမလိုပါဘူး...
နောက်ဆုံးပေါ် အ၀တ်အစား၊ အသုံးအဆောင်၊ မိုလ်ဘိုင်း၊ အိုင်ဖုံး၊ ကွန်ပြူတာ၊ ကင်မရာစတာတွေ
ကိုင်နိုင်၊ သုံးနိုင်ပြီး စိတ်ဓါတ်မမွန်မြတ်သူထက်စာယင် ဒီလိုမိန်းကလေးမျိုးကို ပိုပြီးအထင်ကြီး၊လေးစား
မိတာပါပဲ...
ရွှေပြည်သူညီမငယ်၊ အစ်မများလည်း အားကျအတုယူနိုင်ပါစေသတည်း...


 စေတနာလည်းလှ၊ လူလည်းလှတဲ့ ကောင်မလေးက ဒုက္ခရောက်နေသူကို ထီးမိုးပေးနေခိုက်
ကူညီပါရစေ ယူနီဖောင်းဝတ်ထားသည့် အမျိုးကောင်းသားက မိုးလုံလေလုံနေရာမှ
ကြောင်တောင်ကြည့် နေခဲ့ ပါတယ်...
 A girl in pink holds an umbrella for a disabled elderly person, while a uniformed man looks on from the side in the photo.

သူမတစ်ကိုယ်လုံး မိုးရေတွေရွှဲစိုပါစေ....အမှုမထားပဲ အဖိုးအိုကိုသာ သနားကရုဏာကြီးစွာဖြင့် 
ဖေးမကူညီခဲ့ ပါတယ်...
A girl in pink holds an umbrella for a disabled elderly person, the girl already thoroughly soaked.


ပန်းနုရောင်အင်္ကျီ၊ ပန်းနုရောင်နှလုံးသားနဲ့ ကောင်မလေးက ဒုက္ခတအဖိုးအိုကို မိုးသည်းထဲမှာ
ထီးမိုးပေးခဲ့ တာပါ...
A girl in pink holds an umbrella for a disabled elderly person.

In the middle of a rainstorm, a thin frail girl held an umbrella for a handicapped old beggar as half of her body became soaked. This scene doesn’t just happen in novels. Recently, a netizen in Suzhou happened to capture such a precious moment with his camera. These photos attracted many netizens, with the number of hits exceeding 24,000, even being promoted to the homepage of XiCi. 
Netizens have one after another praised the girl as being the most beautiful scene in middle of the rainstorm. According to this Express reporter’s investigations, the very first person to post these photos is Fengniao netizen “金桥tj” who upon recalling the circumstances of the moment said: “After holding the umbrella [for the old beggar] and coming back, I think the girl cried.”
If you know this beautiful girl, please call 96060 or send a private message through Sina Weibo to Modern Express and tell us who she is.

5 comments:

မိုးယံ said...

သာဓု သာဓု သာဓု.... လေးစား အားကျမိပါ၏

ဗုဒ္ဓဘာသာ ထွန်းကားပါတယ်ဆိုတဲ့ တိုင်းပြည်ကြီးမှာတော့... မိုးရွာထဲပြားပြားဝပ်ပြီး ခေါင်းမြေချ ခွက်ရှေ့ထိုးပြီး “ ဂလောက် ဂလောက် ” အသံ ပြုနေတဲ့ အဘွားအိုများရဲ့ ခေါင်းက တဘက်နဲ့ ပေါင်က စကတ်တို ချိတ်မိလုနီးပါး မော်လှမ်းသွားတဲ့ အမျိုးကောင်းသမီးများ မြင်ထားဖူးပါရဲ့။

susu said...

ကြည့်ရတာရင်ထဲဆို့နင့်သွားတယ်...အမိုးအကာ‌အောက်ကလူ‌တွေအကြင်နာတရားကင်းလိုက်ကြတာ
‌နော်..ခဏတဖြုတ်ခိုနားခွင့်‌လေး‌တောင်မ‌ပေးနိုင်
ကြဘူးလား..ကြင်နာတတ်တဲ့မိန်းက‌လေးကို‌တော့
အရမ်းကို‌လေးစားမိတယ်...ဖြူစင်ကြင်နာတတ်တဲ့
မိန်းက‌လေးရဲ့ဘဝတ‌လျောက်လုံးမှာ‌အောင်မြင်‌ပျော်
ရွှင်မှုများကိုထာဝရပိုင်ဆိုင်နိုင်ပါ‌စေ...။

nyopyar88888 said...

လောကမှာ သူလို့ နှလုံးသားလှတဲ့လူတွေများလာရင် ကမ္ဘာကြီးငြိမ်းချမ်းပါပြီးးး

8Yar said...

လေးစားစရာ စိတ်ဓာတ်ပါ။ လူကိုလူလို နားလည်တက်တဲ့ နှလုံးသားပိုင်ရှင်မို့ လေးစာပါတယ် ခင်ဗျာ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
မိန်းကလေးကတော်တော်နှလုံးသားလှတာကိုး----
သာဓု သာဓု သာဓု ရှာဖွေတင်ပြပေးတဲ့ ကိုပီတာ ကြီး
လည်းအခုလို နှလုံးသားလှလှ မိန်းမလှကလေးတွေ
ရှာဖွေနိုင်ပါစေခင်ဗျာ-