Armless man Liu Wei plays piano with his toes

Monday, August 16, 2010

တရုတ်နိုင်ငံမှ လက်နှစ်ဘက်ပြတ်စန္ဒရားထူးချွန်သူလေး....

တရုတ်နိုင်ငံတွင်ပြုလုပ်သည့် ထူးချွန်ထက်မြက်သူများ၏စွမ်းရည်ပြသပွဲ တစ်ခုတွင် လက်နှစ်ဖက်စလုံး
ပခုံးမှပြတ်နေသည့် လူငယ်တစ်ဦးက ၎င်း၏ခြေချောင်းကလေးများကို အသုံးပြုပြီး ပြင်သစ်ဂန္တ၀င်တေး
သွားသံစဉ် " Miriage D'amour " ကို အထစ်အငေါ့  မရှိတီးခတ်ပြနိုင်ခဲ့ သဖြင့် အားပေးကြည့် ရှုသူများ
မင်သက်အံ့ သြခဲ့  ကြရပါတယ်....
လျူးဝေ လို့ အမည်ရှိတဲ့ လူငယ်လေးဟာ ၎င်းအသက် ၁၀ နှစ်အရွယ်မှာ တူတူပုန်းတမ်းကစားနေယင်း
အင်အားပြင်းထန်သည့် ဓါတ်ကြိုးကိုကိုင်ခဲ့ မိလို့ လက်နှစ်ဘက်စလုံးဖြတ်ပြစ်ခဲ့ ရပါတယ်...
သို့ သော်လည်း အသက် ၂၃ နှစ်အရွယ်ရှိလူငယ်လေးဟာ နာမည်ကျော်ပြင်သစ်စန္ဒရား ပညာရှင် ရစ်ချတ်
ကလေဒါမင် ရဲ့ ဂန္တ၀င်တေးသွားကို ၎င်းရဲ့ ခြေချောင်းကလေးများသာအသုံးပြုပြီး တစ်ထပ်တည်းဖြစ်အောင်
အမှားအယွင်းမရှိ စန္ဒရားခလုတ်များနှိပ်ပြီးတီးခတ်ပြသွားလို့ တ၇ုတ်နိုင်ငံတစ်ဝှမ်းလုံးမှ သိန်းနှင့် ချီသည့် 
ကြည့် ရှုအားပေးသူများဟာ အံ့ သြငေးမောခဲ့ ကြရပါတယ်...
သူဟာငယ်စဉ်ဘ၀ကတည်းက လက်နှစ်ဘက်စလုံးဆုံးရှုံးခဲ့ ရလို့ အလွန်စိတ်ထိခိုက်ကြေကွဲခဲ့ ရပေမယ့်
အခုအခါမှာတော့ဒါဟာ ကံကြမ္မာက ဖန်တီးခဲ့  လို့ ဖြစ်ရတယ်ဆိုတာသဘောပေါက်ခဲ့ လို့ ကျေနပ်နှစ်သိမ့် 
နိုင်ခဲ့ ပါတယ်...
" ကျွန်တော့် လိုဘ၀မုန်တိုင်း၊ လောကဓံ ခံခဲ့ ရသူတွေအတွက်ရွေးချယ်စရာလမ်းနှစ်ခုပဲရှိပါတယ်...
တစ်ခုက မျှော်လင့် ချက်၊ အိပ်မက်အားလုံး စွန့် လွှတ်လိုက်ဖို့ ပါပဲ...အဲဒီလိုဆိုယင်တော့ ဘ၀ဟာ မြန်မြန်
ပဲအဆုံးသတ်သွားမှာဖြစ်ပါတယ်....နောက်ရွေးချယ်နိုင်စရာတစ်ခုကတော့ လက်တွေမရှိတော့ ပေမယ့် 
လည်း တစ်နေရာရာမှာ သူများထက်ပိုပြီးထူးချွန်အောင်ကြိုးစားဖို့ ပါပဲ..." လို့ သူကဆိုခဲ့ ပါတယ်....
သူ့ အသက် ၁၈ နှစ်မှာတော့ သူဟာ ကျွမ်းကျင်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ရမယ်ဆိုတဲ့ သူ့ ရဲ့ စိတ်ကူးယဉ်
အိပ်မက်ကို စတင်အကောင်အထည်ဖော်ခဲ့ ပါတော့ တယ်...
သူဟာ စန္ဒရားတီးနိုင်ဖို့ တစ်ယောက်တည်းလျှို့ ဝှက်စွာလေ့ ကျင့် သင်ကြားခဲ့ ပါတယ်...သူ့ ရဲ့ ပထမဦးဆုံး
စန္ဒရားဆရာက ခြေချောင်းတွေနဲ့ စန္ဒရားတီးနိုင်ဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုကာ သူ့ ကိုစွန့် ခွာ
သွားခဲ့ ပါတယ်...
ဘေဂျင်းမြို့ သား ဆယ်ကျော်သက်ကလေးဟာ စန္ဒရားခလုတ်များကို လက်ချောင်းများကဲ့ သို့ အလျင်အ
မြန်မနှိပ်နိုင်တာကြောင့် ၎င်း အနေနှင့် တီးခတ်လို့ မရသည့် သံစဉ်များလည်းရှိကြောင်းပြောကြားသွားပါ
တယ်....
ဒါပေမယ့် သူ့ ရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဥာဏ်နှင့် သူဟာ ခြေချောင်းလေးတွေကိုအသုံးပြုီ့း စန္ဒရားကို
အောင်မြင်စွာတီးခတ်နိုင်ခဲ့ ပါတယ်...
ယခုပြုလုပ်သည့် တရုတ်ပြည်မှ ထူးချွန်ထက်မြက်သူများ ပြိုင်ပွဲမှာ သူဟာအားပေးသူပရိတ်သတ်များ၏
လှိုက်လှိုက်လှဲလှဲ ချီးကျူးခြင်းကိုခံရပြီးပြိုင်ပွဲနောက်တစ်ဆင့် ကိုတက်လှမ်းသွားနိုင်ခဲ့ ပြီဖြစ်ပါတယ်...

ဗီဒီယိုကလစ်လေးမှာတော့ အကဲဖြတ်သူ မမလှလှ အပါအ၀င်အားပေးသူများကိုယ်တိုင် မျက်ရည်တွေ
ကျပြီး လူငယ်လေးရဲ့ အနုပညာကိုခံစား သွားခဲ့ ကြပါတယ်...







အင်္ဂလိပ်လိုသတင်းပါ...

AN armless Chinese pianist has wowed audiences on "China's Got Talent" with a flawless performance of the classic "Mariage D'amour" - using only his toes. Liu Wei lost both his arms when he was 10 after he touched a high-voltage wire during a game of hide-and-seek.
But the 23-year-old stunned hundreds of thousands of people across China by delivering a mistake-free performance of famous French pianist Richard Clayderman's Mariage D'amour using only his toes.
Although he was devastated by the loss of his arms as a young boy, Liu said he was happy and it was "destiny."
"For people like me, there were only two options. One was to abandon all dreams, which would lead to a quick, hopeless death; the other was to struggle without arms to live an outstanding life," he said.
When he was 18, Liu decided to follow his dream to become a professional musician and taught himself to play the piano in secret. His first piano teacher quit, saying it was impossible for anyone to play with their toes.
The Beijing teen agreed there were pieces he could not play because he was not able to press keys across octaves.
But eventually he developed his own style of playing with his toes.
Liu got a standing ovation on China's Got Talent and advanced to the next round of the competition.

1 comments:

ArrrLuu said...

Bravo ... စန္ဒရား ဆိုတာ လက်နဲ့ ဘဲ တီးရမယ် လို့ မှ မသတ်မှတ်ထားဘူး ... ဟုလည်း ပြောသွားပါသေးသည် ... တရုတ်စာ နည်းနည်းတတ်လို့ ပါ :D