Woman jailed for low-riding shorts

Wednesday, August 25, 2010

ရုံးတော်မှာ ဖုံးတော်မမူလို့ ...


နယူးအော်လီယန်းအရပ်ဒေသမှအမျိုးသမီးတစ်ဦးဟာ သူမရဲ့ အတွင်းခံ၊ အောက်ခံပင်တီဘောင်းဘီကိုပင်
မြင်နိုင်သည့် အတိုအပြတ်အ၀တ်အစားများဝတ်ဆင်သွားပြီးတရားရုံးတော်ကို မဖွယ်မရာမြင်ကွင်းမျိုးဖြစ်စေ
သဖြင့် ထောင်ဒါဏ် ၁၀ ရက်ကျခံစေရန်အပြစ်ပေးခံခဲ့ ရပါတယ်...
အသက် ၂၃ နှစ်အရွယ်ရှိ ကင်ဘာလီစီနက်တ် အမည်ရှိအမျိုးသမီးဟာ သူမရဲ့ မောင်ငယ်ဖြစ်သူ လောရင့် စ်
စီနက်တ် ၁၈ နှစ်ကို သူရင်ဆိုင်နေရတဲ့ အမှုမှာ ၀န်ခံဖြောင့် ချက်ပေးပြီးပြစ်မှုမှသက်သာရာရအောင် တိုက်
တွန်းပြောဆိုဖို့ အဆိုပါတရားရုံးကို သွားခဲ့ တာဖြစ်ပါတယ်...
သို့ သော် တရားသူကြီးမင်း စတိဗ်ဝင်းဟို့ စ်တ်က သူမရဲ့ အကွင်းအကွင်းမုန့် တီဟင်းလို ထင်ထင်ရှားရှားပြ
သမှုဖြစ်အောင်ဝတ်ဆင်မှုဟာ ရုံးတော်ကိုမထေမဲ့ မြင်ပြုလုပ်ရာရောက်တယ်လို့ ဆိုကာ ချူပ်နှောင်စေခဲ့ 
ခြင်းဖြစ်ပါတယ်...
မစ္စစီနက်တ် ဟာဒူးခေါင်းလောက်အထိသာရှိတဲ့ ဘောင်းဘီတိုကိုဝတ်ဆင်ထားခဲ့ ပြီး ထိုဘောင်းဘီကလည်း
ချက်ပြုတ်နေခဲ့ တာနောက်ပိုင်းမှ သူမရဲ့ တင်သားများကိုမြင်ရတဲ့ အထိဖြစ်နေခဲ့ ပါတယ် လို့ မျက်မြင်သက်
သေတစ်ဦးရဲ့ အဆိုအရသိရပါတယ်....( ထိုသူကိုယ်တိုင်ကွက်ကွက်ကွင်းကွင်းမြင်ခဲ့ ပုံရပါတယ်...)


ရုံးတော်မှာ ဒီလိုမျိုးတော့ဝတ်မလာလေနဲ့ ...တရားသူကြီးစိတ်မခိုင်အောင်လုပ်မှုနဲ့ တရားစွဲခံရမယ်...

တရားသူကြီးမင်းက သူမရဲ့ ဝတ်စားလာပုံနဲ့ ပါတ်သက်ပြီးမေးခွန်းထုတ်ခဲ့ တဲ့ အပေါ်သူမက တရားရုံးအ၀င်
အ၀က လုံခြုံရေးဂိတ်မှာ စစ်ဆေးခံစဉ်သူမရဲ့ ခါးပါတ်ကိုချွတ်ခဲ့ ရတယ်လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်...
( လုံလောက်တဲ့ အဖြေမဟုတ်ဘူးလို့ တရားသူကြီးကယူဆလို့ ) သူမကိုလက်ထိပ်ခတ်ကာ တရားခံဖြစ်သူ
သူမရဲ့ မောင်လေးရဲ့ နောက်တန်းကခုံမှာထိုင်စေခဲ့ ပါတယ်...
သူမရဲ့ မောင်လေးကတော့ ကားဓါးပြတိုက်ပြန်ပေးဆွဲမှုနှင့် ထိခိုက်နာကျင်စေမှုတို့ အတွက် အပြစ်ရှိကြောင်း
ဝန်ခံခဲ့ လို့ ထောင်ဒါဏ် ၁၂ ကျခံဖို့ လက်ခံခဲ့ ပါတယ်...
" တ၇ားသူကြီးတစ်ဦးက မဖွယ်မရာဝတ်စားလာလို့ တရားရုံးတော်ကိုမထေမဲ့ မြင်ဖြစ်အောင်ပြုမှု၊ တရားစီ
ရင်မှုအား နှောက်ယှက်ဖျက်စီးမှုတို့ ဖြင့် ဆွဲဆိုပြီးချူပ်နှောင်တာကတော့ တစ်ခါမှ မကြားဖူးပါဘူး..." ဟု
လိုယိုလာ တက္ကသိုလ် ဥပဒေပါမောက္ခ ဒိန်းစီယိုလီနို ကပြောကြားခဲ့ ပါတယ်...


A New Orleans woman was jailed for ten days after she went to court in low-riding shorts which revealed her underwear. Kimberly Senette, 23, had only gone to court to urge her brother Lawrence Senette, 18, to accept a plea deal.
But Judge Steve Windhorst took a dim view of her revealing outfit and locked her up for contempt of court. Miss Senette was wearing knee-length shorts which revealed her pants and the top of her buttocks, according to a witness.When Judge Windhorst questioned her appearance, she said she had to remove her belt when going through a security checkpoint at the courtroom entrance. She ended up being handcuffed and seated a row behind her brother as he eventually accepted a 12-year prison sentence in exchange for his guilty plea to carjacking and battery charges.
"It certainly is not unheard of for a judge to hold a person in contempt for disruptive or disorderly dress in court," said Dane Ciolino, a Loyola University law professor.

1 comments:

ကိုရီး{ကိုကြီး} said...

သူ့ခဗျာ မောင် ရဲ့သောကကြောင့် သတိလွတ်သွားတယ် ထင်ပါရဲ့
တော်တော်ဆိုးတဲ့ တရားသူကြီးဗျာ....
သူ သွားကြည့်လို့သာ မြင်တာပေါ့နော့ :)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}