အင်တာနက်အကြောင်းတစ်စေ့ တစ်စောင်း....
ယနေ့ သိပံ္ပနဲ့ နည်းပညာခေတ်သစ်ကြီးမှာ မရှိယင်မဖြစ်တော့ တဲ့ အင်တာနက်ရဲ့ အစသမိုင်းကြောင်း
ကနေ အဆင့် ဆင့် ဖြစ်ထွန်းတိုးတက်လာပုံကိုသုတေသနပြုရှင်းပြထားတဲ့ ပုံပြကားချပ်ပါ....
အကြောင်းအရာတစ်ခုခုကိုလုပ်ယင် စေ့ စပ်သေချာစွာလုပ်တတ်တဲ့ အနောက်နိုင်ငံသားများရဲ့ ကြိုးစား
အားထုတ်မှုကို ဒီ Presentation ( တင်ပြချက် ) ကသက်သေပြနေပါတယ်....
ကျွန်တော်တို့ လည်းသူတို့ လိုဖြစ်အောင်ကြိုးစားကြရဦးမှာပါ...
အခုတော့ အသင့် ခူးပြီးခပ်ပြီးသား ဗဟုသုတလေးကိုမြည်းစမ်းကြည့် ကြရအောင်...
ကဲ ....
အင်တာနက်ကိုစတင်စိတ်ကူးကြံစည်မိတဲ့ သူကတော့  ဂျေစီအာ လစ်က်လီလ်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ပဲ
ဖြစ်ပါတယ်...( ကျေးဇူးရှင်ကြီးပါပဲ...) သူဟာထိုစိတ်ကူးအကြံအစည်ကို ၁၉၆၂ ခုနှစ်မှာစတင်စိတ်ကူး
မိခဲ့ တာပါ...
အစကနဦးကတော့ Intergalatic Network ဆိုပြီးစိတ်ကူးမိခဲ့ ပါသတဲ့ ...
သူက ကွန်ပြူတာတွေကနေတစ်ဆင့် သတင်းအချက်အလက်တွေကိုတစ်ကမ္ဘာလုံး နေရာမရွေး မည်သူ
မဆိုဝင်ရောက်ကြည့် ရှုနိုင်မယ့် ကမ္ဘာလုံးဆိုင်ရာကွန်ယက်တစ်ခုဖန်တီးဖို့ စိတ်ကူးရခဲ့ တာဖြစ်ပါတယ်...
သူဟာ ( အမေရိကန် ) ကာကွယ်ရေးဌာနအဆင့် မြင့် သုတေသနစီမံကိန်းဌာနရဲ့ အကြီးအကဲဖြစ်ခဲ့ ပြီး
သူ့ နေရာကိုဆက်ခံတဲ့ သူတွေကို အင်တာနက်ကွန်ယက်ရဲ့ အရေးပါမှုကို သဘောပေါက်နားလည်အောင်
ပြောပြနိုင်ခဲ့ ပါတယ်...
၎င်းနောက် ၁၉၇၄ ခုနှစ်မှာ တော့ ဗင့် ဆာ့ ဖ် နဲ့ ဘော့ဘ်ကန် တို့ က အင်တာနက်ဆိုတဲ့ စကားလုံးကို
စတင်တီထွင်သုံးစွဲခဲ့ တာပါ...
ကျန်တဲ့ အပိုင်းများကိုတော့ သရုပ်ပြရုပ်ပုံကားချပ်မှာသာဆက်လက်ရှုစားနိုင်ကြပါတယ်...

0 comments:
Post a Comment