Teenager forced to parade in the nude

Sunday, August 15, 2010

လူလည်ကောင်အ၀တ်ဗလာဖြင့်  လမ်းလျှောက်အပြစ်ပေးခံရသည့် ဆယ်ကျော်

သက်မိန်းကလေး....

 
ဘာသာမတူတဲ့ အကြောင်းနဲ့ ....မင်းကိုသူတို့ နှိပ်စက်ကြမှာပဲ...

မိမိနှင့် ဇတ်မတူသည့် အမျိုးသားတစ်ဦးနှင့်ချစ်ကျွမ်းဝင်ခဲ့ သည့် တိုင်းရင်းသူဆယ်ကျော်သက်မိန်းက
လေးတစ်ဦးဟာ အ၀တ်ဗလာဖြင့် နေစေပြီးရွာသားပေါင်းရာနှင့် ချီပြီးဝိုင်းဝန်းအနိုင်ကျင့် နှိပ်စက်ခဲ့ ကြ
ပါတယ်...
အသက် ၁၇ နှစ်ရှိတဲ့ ကလေးမကို အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်၊ ဘာဘန် အရပ်မှာ အပြစ်
ပေးတဲ့ အနေနဲ့ ၈ ကီလိုမီတာ ( ၅ မိုင် နီးပါး ) ၀စ်လစ်စလစ်ဖြင့် လူပုံအလယ်မှာလမ်းလျှောက်စေခဲ့ တာ
ဖြစ်ပါတယ်...

လမ်းတစ်လျှောက်သူမလှမ်းလျှောက်နေချိန်မှာရွာသားတွေ ဟာသူမကိုဝိုင်းပြီး ထိကပါးရိကပါးလုပ်ကြပြီး
သူမရဲ့ ဝစ်လစ်စလစ်ပုံကို၎င်းတို့ ရဲ့ မိုဘိုင်းဖုံးများနှင့် ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးခဲ့ ကြပါတယ်...
သူမရဲ့ ထိုအ၀တ်ဗလာသွားနေသည့် ဗီဒီယိုကလစ်များကိုလည်း ဖုံးများနှင့် ဖြန့် ဝေခဲ့ ကြပါတယ်...

ထိုအဖြစ်အပျက်ဟာလွန်ခဲ့ သည့် ဧပြီလကဖြစ်ပွားခဲ့ တာဖြစ်ပေမယ့် ရဲတပ်ဖွဲ့ ကတော့ စုံစမ်းစစ်ဆေးမှု
များကို မကြာခင်ကမှ စတင်ခဲ့ ပြုလုပ်ခဲ့ ကြပါတယ်...
ထိုအဖြစ်အပျက်ကို ကျေးရွာရပ်မိရပ်ဖ၊ အုပ်ချူပ်သူတွေနဲ့ ဒေသခံတွေသိရှိခဲ့ ကြပေမယ့် မည်သူမှ ၎င်းတို့ 
ကိုအကြောင်းမကြားခဲ့ ကြပါဘူးလို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်...

ရဲတပ်ဖွဲ့ ကတော့ ထိုရွာကိုအုပ်ချူပ်သူအကြီးအကဲရဲ့သားမက်ဖြစ်သူချန်ဒူးမာမူ အပါအ၀င်လူခြောက်ဦးကို
ထိုကိစ္စစုံစမ်းစစ်ဆေးရာမှာကူညီနိုင်ဖို့ ဖမ်းဆီးထားခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ တနင်္လာနေ့ မှာတော့ ရဲတပ်ဖွဲ့ ဟာနောက်ထပ်လူငါးဦးကို ထိုဆယ်ကျော်သက်မိန်းကလေးရဲ့ 
ဗီဒီယိုကလစ်ကို ဖြန့် ဝေမှု ဖြင့် ဆက်လက်ဖမ်းဆီးခဲ့ ပါတယ်...
အခုလိုခေတ်ကြီးမှာတောင် ဒီလိုရှေးရိုးဆန်တဲ့ အယူအစွဲတွေနဲ့ လူတစ်ဦးရဲ့ ဂုဏ်သိက္ခာကိုပျက်ပြားအောင်
ပြုမူ၊ အပြစ်ပေးနေတာ ရှိနေသေးတယ်ဆိုလို့ အံ့ သြမိရပါတယ်...
အထူးသဖြင့် ကမ္ဘာ့ အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးလို့ ဝံ့ ကြွားလေ့ ရှိတဲ့ အိန္ဒိယနိုင်ငံကြီးမှာမို့ ပါပဲ....

A tribal teenager was stripped naked and assaulted by hundreds of villagers loving a man from another community.
The 17-year-old was then forced to parade in the nude in Birbhum, West Bengal, India for nearly 8km as a punishment.
Men molested her as she walked and they also photographed and videotaped her on their cellphones.
Her video was circulated via MMS.
Although the incident happened in April, police only started their investigation recently.
Police said the panchayat (village council) and other locals were aware of the incident but did not inform them.
A team of police arrested six people including Chundu Murmu - the son-in-law of the local panchayat head – to assist investigations.
On Monday, police arrested another five people for allegedly circulating a video of the teenager.
Source: India Times

0 comments: