Politician prostitutes wife to pay loans

Tuesday, August 3, 2010

အမတ်ဖြစ်ချင်သူရဲ့ နိဂုံး...




Haerul Asritold the court that he needed to pay outstanding debts from his political campaign
Haerul Asritold the court that he needed to pay outstanding debts from his political campaign
 နိုင်ငံတော်ကြီးနဲ့ ပြည်သူတွေကို ပေးဆပ်ချင်လွန်းလို့ ပါဗျာ...
အခုတော့ မိန်းမလည်းအ၀ှာ...ဖြစ်ရ..


အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူလာဝေစီအရပ်မှ အောင်မြင်မှုမရ ( အရွေးမခံရ ) သည့် နိုင်ငံရေးသမား
တစ်ဦး ဟာ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ကုန်ကျခဲ့ ပြီးပြန်လည်မပေးဆပ်နိုင်ခဲ့ တဲ့ အကြွေးများ
အတွက် ငွေကြေးများပြန်လည်စုဆောင်းပေးဆပ်နိုင်ဖို့ ၎င်းရဲ့ ဇနီးဖြစ်သူကို ပြည့် တန်ဆာအဖြစ် အတင်း
အကြပ် လုပ်စေမှုဖြင့် တရားရုံးမှာ တရားစွဲဆိုစစ်ဆေးခြင်းခံခဲ့ ရပါတယ်...

အသက် ၃၈ နှစ်ရှိ ဟာရူးအက်စရီဟာ ၂၀၀၉ ခုနှစ်ကရွေးကောက်ပွဲမှာ အနောက်ဆူလာဝေစီ ပြည်နယ်
ဥပဒေပြုကောင်စီ ( ပြည်နယ်လွှတ်တော် ) အမတ်အဖြစ် ပိုလီဝါလီမန်ဒါ ဒေသကနေ၀င်ရောက်ယှဉ်ပြိုင်
ခဲ့ ပေမယ့် ရှုံးနိမ့် ခဲ့ ရပါတယ်...

၎င်းဟာ သူ့ ရဲ့ ဇနီးသည် နက်ဒ် ကို ၎င်းရဲ့ မိတ်ဆွေများနှင့် တစ်ကြိမ်ပျော်ပါးလျှင် အင်ဒိုနီးရှားငွေ ၃ သိန်း
ရူပီ မှ ၅ သိန်းရူပီ နှုံးဖြင့် ငွေကြေး ( ဒေါ်လာ ၃၀ မှ ၅၀ နီးပါးအထိ ) ကောက်ခံကာ အတင်းအကြပ် စေ
ခိုင်းခဲ့ မှုဖြင့် တရားစွဲဆိုခံခဲ့ ရခြင်းဖြစ်ပြီး ထောင်ဒါဏ် ၁၅ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိနေပါတယ်...

၎င်းအနေနဲ့ ရွေးကောက်ပွဲကာလအတွက် ကုန်ကျခဲ့ တဲ့ အကြွေးငွေများကိုပြန်လည်ပေးဆပ်ဖို့ လိုအပ်နေ
ခဲ့ တာဖြစ်ပါတယ်လို့  တရားရုံးတော်မှာလျှောက်ထားခဲ့ ပါတယ်...
ဇနီးဖြစ်သူ နက်ကတော့ သူမဟာ ဧပြီလကပဲ ခင်ပွန်းဖြစ်သူထံကနေထွက်ပြေးခဲ့ ပြီး ကလီမန်တန်ကျွန်းရဲ့ 
အရှေ့ ပိုင်း၊ ဆမာရင်ဒါအရပ်က သူမရဲ့ မိသားစုထံကိုပြန်လည်ရောက်ရှိနေထိုင်ခဲ့ ပါတယ်လို့  ဒေသခံသ
တင်းစာတွေကိုပြောပြခဲ့ ပါတယ်...

သူမရဲ့ ခင်ပွန်းဖြစ်သူဟာ သူခေါ်ဆောင်လာတဲ့ ဖောက်သည်ဖြစ်သူတွေနဲ့ ပျော်ပါးဖို့ ငြင်းဆန်တဲ့ အခါ
တိုင်းသူမကို ရိုက်နှက်လေ့ ရှိတယ်လို့ စွပ်စွဲတိုင်ကြားခဲ့ ပါတယ်...
သူတို့ နှစ်ဦးဟာ အိမ်ထောင်သက် ၁၄ နှစ်ကြာမြင့် ခဲ့ ပြီး ကလေးနှစ်ဦးရှိပါတယ်...

သူတို့ မိသားစုဟာ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ဆိုင်ခန်းရှိပြီး စီးပွားရေးလည်းအဆင်
ပြေနေခဲ့ ကြတာ ဟာရူးတစ်ယောက် အမတ်ရောဂါထပြီး ပြည်နယ်အမတ်အဖြစ်အရွေးခံဖို့ စာရင်းတင်
သွင်းခဲ့ တဲ့ အထိပါပဲ...


" သူအမတ်ရွေးပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေလုပ်လို့ ကုန်ကျစားရိတ်ကြောင့် စီးပွားရေးကျဆင်းခဲ့ ရ
ပြီး ငွေတွေချေးခဲ့ ရပါတော့ တယ်...ရွေးကောက်ပွဲလည်းရှုံးရော ( အမတ်လည်းဖြစ်မလာရော ) ကြွေးရှင်ေ
တွဟာ ကျွန်မတို့ အိမ်ကိုနေ့ တိုင်းလာပြီးတံခါးခေါက် ( အကြွေးတောင်း ) ပါတော့ တယ်..." လို့ နက်ဒ် က
ရင်ဖွင့် ပြောကြားခဲ့ ပါတယ်...
ထိုမှတစ်ဆင့် ( ဇနီးဖြစ်သူကိုအဓမ္မ အခကြေးငွေယူပြီး လိင်ဆက်ဆံစေခဲ့ တာ ယခုနှစ်အစောပိုင်းကနေ
စတင်ခဲ့ တာဖြစ်ပါတယ်...
" ကျွန်မအနေနဲ့ သူခိုင်းတဲ့ အတိုင်းမလုပ်ယင် ထိုးကြိတ်ရိုက်နှက်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေခဲ့ 
တာဟာ ဆူမာရင်ဒါ အရပ်က ကျွန်မမိဘတွေဆီထွက်ပြေးဖို့ ဆုံးဖြတ်ရတဲ့ အထိပါပဲ..." လို့ သူမကပြော
ကြားခဲ့ ပါတယ်...

နက်ဒ် နှင့်သူမရဲ့ မိဘ မိသားစုဟာ ခင်ပွန်းဖြစ်သူ ဟာရူးကို ပိုလီဝါလီမန်ဒါ ရဲစခန်းမှာ လွန်ခဲ တဲ့ ဧပြီလ
ကပဲ သတင်းပို့ တိုင်ကြားခဲ့ ပါတယ်...
သူ့ ကို အိမ်တွင်းအကြမ်းဖက်မှု ( ညှင်းပန်းနှိပ်စက်မှု ) ၊ လူကုန်ကူးမှု ( အတင်းအကြပ်ပြည့် တန်ဆာအ
ဖြစ်စေခိုင်းမှု ) တွေနဲ့ စွဲချက်တင်ခဲ့ ပြီး ထောင်ဒါဏ် ၁၅ နှစ်ကျခံရဖွယ်ရှိနေပါတယ်...

ရွှေပြည်ကြီးက ခါတော်မှီ အမတ်ဖြစ်ချင်သူများ သတိပြုဖွယ်ပါပဲ...
မိတ်ဆွေဖြစ်သူ စီးပွားရေးသမားတစ်ယောက်ကတော့ လက်ရှိအာဏာရ ခြင်္သေ့ ပါတီကြီးကနေ အမတ်
အဖြစ်ဝင်ပြိုင်ဖို့  သိန်း ၁၅၀ လှူထားလိုက်ရတယ်ဆိုပဲ...
ထိုဆရာပဲ မတ်နိုင်မလား ...ဘယ်သူမတ် မလဲဆိုတာတော့ စောင့် ကြည့် ရပေဦးမယ်...


A failed political candidate from West Sulawesi, Indonesia, has appeared in court charged with allegedly forcing his wife into prostitution to help pay off campaign debts.
Haerul Asri, 38, made an unsuccessful attempt in 2009 to win election to the West Sulawesi Legislative Council representing Polewali Mandar district in 2009.
The case opened in the Polman District Court on Tuesday, Metro TV reported.
He is charged with forcing his wife, Nad, to have sex with his friends for between Rp 300,000 (RM106) and Rp 500,000 (RM177) and is facing up to 15 years in jail.

Haerul told the court that he needed to pay outstanding debts from his political campaign.
Speaking to a local newspaper, Nad said she ran away from her husband in April and moved in with her family in Samarinda, East Kalimantan.
She alleged that Haerul beat her every time she refused his order to have sex with "clients."
Haerul and Nad had been married for 14 years and have two children.
The family owns a motorcycle showroom and business had been good until Haerul signed up to be a legislative candidate.
"His business suffered from the political campaign fund and he started to borrow money from people. When he lost the election, debt collectors came knocking on our door every day," Nad said.
The forced prostitution started early this year.
"He would beat me and threaten to kill me if I said I didn’t want to do it. Until I finally decided to run away and go home to Samarinda," she said.
Nad and her family reported Haerul to Polewali Mandar Police in April.
He was arrested and named a suspect for domestic violence and human trafficking, which carries a maximum sentence of 15 years in jail.

Source: Jakarta GlobeImage Source: Fajar

1 comments:

မင်းမောင် said...

ကြွေးတင်ရှင်ဘုရင်ဆပ် မဟုတ်တော့ဘူး
ကြွေးတင်ငါ့မိမ္မဆပ်ပေါ့။