Chinese man woos doctor with blood-dripping knife
Sunday, August 8, 2010
တရုတ်နိုင်ငံက ချစ်ရေးဆိုသူရဲ့ နည်း...
ချစ်ယင်ချစ်နော် ဆရာမ...မချစ်ယင်တော့ သိတယ်မဟုတ်လား...
တရုတ်နိုင်ငံတွင် ၎င်းရဲ့ အသက်ကို ခွဲစိတ်ကုသပြီး ကယ်တင်ခဲ့ တဲ့ ဆရာဝန်မချောချောလှလှလေးလို့ အစွဲ
ကြီးစွဲမိလို့ အချစ်စိတ်တွေပြင်းထန်နေတဲ့  လူနာဖြစ်ခဲ့ တဲ့ ရှူဟန်း အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့ ရဲ့ အ
ချစ်ကိုငြင်းပယ်ခဲ့ တဲ့ ( လက်ထပ်ဖို့ ငြင်းဆိုခဲ့ တဲ့ ) ဆရာဝန်အမျိုးသမီးကို သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်
ခဲ့ ပါတယ်...
ထို ချစ်လူမိုက် ရဲ့ အူအတက်ပေါက်ရောဂါကို ခွဲစိတ်ကုသပေးခဲ့ သည့် ကြောက်ရွံ့ ထိတ်လန့် နေခဲ့ရတဲ့ ဆ
ရာဝန်မလေး မိုရှူကျန်း ဟာ သူမရဲ့ လူနာဟာ ဘေကျင်းမြို့ တော်ရဲ့ ဆေးခန်းအရှေ့ မှာရောက်လာခဲ့ ပြီး
အသည်းနှလုံးပုံထဲမှာ သူမရဲ့ ဓါတ်ပုံပါတဲ့ အပြင်သွေးတွေတစ်စက်စက်ကျနေသည့် ဓါးတစ်ချောင်းရဲ့ ပုံပါ
သည့် ပိုစတာတစ်ခုကို ကိုင်ဆောင်ကာမတ်တပ်ရပ်နေခဲ့ ပုံကို ရဲတပ်ဖွဲ့ ကိုအကြောင်းကြားပြောပြခဲ့ ပါ
တယ်...
ထိုပိုစတာမှာတော့  " ကျွန်တော့် ရဲ့ အချစ်ကိုလက်ခံပြီး လက်ထပ်ပါ...ဒါမှမဟုတ်ယင်တော့ ...." ဆိုပြီး
ရေးသားထားပါတယ်...
" ခွဲစိတ်ထားရာကနေ သတိပြန်ရလာတဲ့ အချိန်မှာတော့ ကျွန်တော့် ဘ၀၊ ကျွန်တော့် အသက်ကို နတ်သမီး
လေးတစ်ယောက်က ကယ်တင်ခဲ့ တယ်ဆိုတာသိလိုက်ရလို့ ကျွန်တော်ဟာ သူမကိုလက်ထပ်ဖို့ ချက်ချင်းပဲ
ခွင့် တောင်းခဲ့ ပါတော့တယ်...ဒါပေမယ့် သူမက ကျွန်တော့် ကိုအလေးမထားလို့ သူမသတိပြုမိနိုင်အောင်
ကြင်နာသနားတတ်တဲ့ အသည်းနုနုနဲ့ ဆရာဝန်မလေးကတော့ သူမကို အစွဲကြီးစွဲနေရှာသူကို တရားစွဲဆို
ဖို့ ငြင်းဆိုခဲ့ ပါတယ်...
" ကျွန်မအနေနဲ့ သူ့ ရဲ့ အသက်ကို ကယ်တင်ခဲ့ ရတာနဲ့ တင်ပဲပျော်ရွှင်ကျေနပ်ခဲ့ ပါတယ်...ဒါပေမယ့် ဒီ
ထက်ပိုပြီး လူနာနဲ့ ဆရာဝန်တို့ ရဲ့ ဆက်ဆံရေးကို ရှေ့ တိုးပြီးအဆင့် တွေကျော်ဖို့ ကတော့ မဖြစ်နိုင်ပါဘူး
လို့  သူ့ ကိုပြောပြခဲ့ ပါတယ်...သူ့ အနေနဲ့ မကြာခင်မှာပဲ တစ်ကယ်နှစ်သက်လက်ခံနိုင်မည့် သူတစ်ယောက်
တွေ့ လိမ့် မယ်လို့ မျှော်လင့်ပါတယ်..." လို့ ဆရာဝန်မလေးကပြောကြားခဲ့ ပါတယ်...
သြော်...
အသက်ကယ်ပေးခဲ့ လို့ သူကျေးဇူးဆပ်ပုံကလည်း ဇွတ်ပါလား...
ရွှေပြည်ကြီးက ဟစ်ဟော့ ဘိုးတော်တစ်ယောက်လည်း သူ့ ကိုဆေးကုပေးတဲ့ ဆရာဝန်မလေးနဲ့ ချစ်
ဇတ်လမ်းတွေဖြစ်ပြီး လက်ထပ်ပြီးကာမှ မကြာခင်ကပဲ ပြန်လည် လမ်းခွဲခဲ့ ကြပါသေးတယ်...
ရွှေပြည်ကြီးကဆရာမလေးကတော့ အခုဒီဒေါက်တာမလေးလို မလိမ်မာ၊ မပါးနပ်ခဲ့ တာလား သူကိုယ်တိုင်
ကပဲ မီးပုံထဲခုန်ဆင်းခဲ့ တာလားတော့ မသိပါဘူး...
အိမ်ထောင်ပြုပြီးမှ လမ်းခွဲကြပြီဆိုမှတော့ မိန်းကလေးက ပိုပြီးနစ်နာပါတယ်...
ချစ်သုဝေတို့ ဖြူဖြူကျော်သိန်းတို့ ဆေးကုယင်လည်း ဒီလိုမောင်တွေ အများကြီးပေါ်လာနိုင်ပါတယ်...
Lovestruck patient Xu Hahn threatened to kill the beautiful surgeon who saved his life after she turned down his marriage proposal.
Terrified medic Mo Shuzhen - who'd operated on his burst appendix - told police how he turned up outside the clinic in the Chinese capital Beijing carrying a poster with a picture of her in a heart and a kitchen knife dripping with blood. On it he had written: "Please marry me - if you don't, then..."
"When I came round from the operation I found that my life had been saved by an angel and I asked her to marry me straight away. "But she did not take me seriously and I needed to get her attention so I came up with this idea," Hahn told police.
But the soft-hearted medic has refused to press charges against her obsessed suitor. "I told him that I'm happy I managed to save his life but our relationship does not exist outside the normal doctor-patient lines. I hope he'll find a real relationship soon."
0 comments: