Man says he gave birth to baby girl after losing his penis

Sunday, August 29, 2010

နတ်ထွင်းတဲ့ တွင်းနဲ့ ကလေးမွေးသူ...


အထူးအဆန်းတွေကိုမှ သိချင်ကြည့် ချင်ကြသည့် ထောင်နှင့် ချီသော စပ်စုသူများဟာ ဂါနာနိုင်ငံအနောက်
ပိုင်း ဆက်ဖ်ဝီအဘိုဒူအမ် ရွာကလေးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ ပထမဦးဆုံးလို့ ဆိုရမယ့် ယောကျာင်္းစင်စစ်ကနေ
အလိုလိုလိင်ပြောင်းပြီးကလေးမွေးခဲ့တဲ့ ကလေးငယ်ရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲ ကိုလာရောက်ခဲ့ ကြပါ
တယ် ....
ကွာဘီနာဘီနီး လို့ ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ်ရှိ အောက်လမ်းဆရာနတ်ကတော် ကသူဟာ တစ်မူထူး
စွာ ကိုးလကြာ ကိုယ်ဝန်ဆောင်ခဲ့ ရပြီး အဘီနာအပိုမာဆူး လို့ အမည်ပေးလိုက်တဲ့ ကလေးငယ်လေးကို သူ့ 
ရဲ့ ဝမ်းနဲ့ လွယ်ပြီးလွန်ခဲ့ တဲ့ သြဂုတ်လ ၁၀ ရက်နေ့ မှာသူ့ မွေးလမ်းကြောင်းကနေ ပဲအမှန်အကန်မွေးခဲ့ တာ
ဖြစ်ပါတယ်လို့ ကလေးငယ်ရဲ့ ကင်ပွန်းတပ်ပွဲမှာ ပြောကြားခဲ့ ပါတယ်...
ကလေးမွေးစဉ်တုံးက အတူရှိနေခဲ့ တဲ့ သားဖွားလက်သည်ကြီးကလည်း သူ့ ရဲ့ ပြောဆိုချက်ဟာ အမှန်ပဲဖြစ်
တယ်လို့ ထောက်ခံ အတည်ပြုပေးခဲ့ ပါတယ်...

အမျိုးသမီးတစ်က်ရဲ့ ဝတ်စုံ၊ ဆံပင်တုတွေနဲ့ အမျိုးသမီးတွေရဲ့ အပြင်အဆင်မျိုးစုံဆင်မြန်းထားပြီး ယခုအခါ
အဘီနာ ဘီနီး ဆိုတဲ့ အမည် သို့ ပြောင်းလိုက်ပြီဖြစ်တဲ့ ဘီနီးက သူ့ အသက် ၁၃ နှစ်အရွယ်တုံးမှာ အပိုမာ
ဆူးလို့ အမည်ရှိတဲ့ မြစ်စောင့် နတ်တစ်ပါးသူ့ ကိုပူးကပ်ပြီး နတ်ဆရာ၊နတ်ကတော်အဖြစ်ရောက်စေခဲ့ တယ်
လို့ တစ်ကယ့် မိန်းမတစ်ယောက်ရဲ့ အသံနဲ့ ပြောပြခဲ့ ပါတယ်...

နတ်ကသူနဲ့ ပဲချစ်ရမယ်လို့ ဆိုတာ မလိုက်နာမိလို့ ...
အခုတော့ ဘ၀ပြောင်းခဲ့ ရပြီပေါ့....

သူဟာ နတ်နဲ့ လက်ထပ်ထားတာမို့ ထိုနတ်ကပဲ သူ့ ကိုအမျိုးသမီးတွေနဲ့ မချစ်ရဘူး ပြောခဲ့ တယ်လို့ သူက
ဆိုပါတယ်...
ဒါပေမယ့် နှစ်ပေါင်း ၂၀ လောက်ကြာတဲ့ အခါမှာတော့ သူငယ်စဉ်ဆယ်ကျော်သက်အရွယ်က နတ်ပြောခဲ့ 
တဲ့ သတိပေးစကားကို မလိုက်နာပဲသူဟာ မိန်းမတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး ချစ်ရည်လူးကာ နှစ်ကိုယ်
တူပျော်ပါးခဲ့ ပါတယ်...
အဲဒီအချိန်ကစပြီး သူ့ ကိုနတ်ကိုင်ခဲ့ ပါတော့ တယ်...သူ့ ရဲ့ ရွှေပန်းညိုဟာ မကြာခဏ နာကျင်ကိုက်ခဲလာခဲ့ 
ရတယ်လို့ သူကဆိုပါတယ်...


တစ်ညမှာတော့ သူ့ ရဲ့ ခါးအောက်ပိုင်းတစ်ခုလုံး ဆိုးဆိုးဝါးဝါးနာကျင်ကိုက်ခဲ ခဲ့ ရပြီးနောက် သူ့ မျက်စေ့ နဲ့ 
မယုံနိုင်လောက်စရာပဲ သူ့ ရဲ့ ရွှေပန်းပျောက်ကာ နတ်ထွင်းတဲ့ တွင်းတစ်ခု ဖြစ်နေခဲ့ ပါတော့ တယ်...
" ( အဲဒီတုံးက ) နာကျင်ကိုက်ခဲနေစဉ်မှာ ကျွန်တော် အဲလေ...ကျွန်မဟာ ယောင်ယမ်းပြီး မွေးရာပါပစ္စည်း
ကို လက်နဲ့ ကိုင်မိပါတယ်...အဲဒီအခါမှာပဲ ကျွန်မဘ၀ပြောင်းပြီး ကမ္ဘာပြားခဲ့ ရပြီဆိုတာ သိလိုက်ရပါတော့ 
တယ်..." လို့ သူမ ( အခုတော့ သူမဖြစ်သွားပြီပေါ့ ...) ကပြောပြခဲ့ ပါတယ်...
သူမရဲ့ ရင်သားတွေကတော့ မဖွံ့ ဖြိုးလာခဲ့ ပါဘူး လို့ သူမက ဆိုခဲ့ ပါတယ်...အခုလိုမိန်းမဘ၀ကိုပြောင်းလဲခဲ့ 
ရပြီးနောက်မှာတော့ သူမဟာနေသားတစ်ကျဖြစ်ခဲ့ ပြီ့း အခုကလေးရဲ့ အဖေဖြစ်တဲ့ ကွီဆီငကိုအာ ဆိုတဲ့ 
ငနဲတစ်ယောက်နဲ့ ချစ်ခြင်းရဲ့ သံယောဇဉ်ဖြစ်ကာ လွန်လွန်ကျူးကျူးချစ်ရည်လူးခဲ့ လို့ အခုကလေးကိုမွေးခဲ့ 
တာပဲဖြစ်ပါတယ်...
ထိုသို့ နှစ်ကိုယ်တူကြည်ဖြူပြီးကာမှ ပတ္တမြားရွှေကြုတ်နှုတ်ငုံတယ်လည်းဆိုရော အဆိုပါ ကောလိပ်ကျောင်း
သားဟာ ယောကျာင်္းတို့ လုံ့ လနဲ့ အလျှင်အမြန်ပဲ စွန့် ခွာသွားခဲ့ ပါတော့ တယ်...

ယခုလို အသက် ၂၀ ကျော် အရွယ်ရှိအမျိုးသားတစ်ဦးက မိန်းမအသွင်အဖြစ်ပြောင်းကာ ကလေးမွေးခဲ့ တာ
ဟာ အံ့ သြဘနန်း အလွန်းထူးဆန်းပြီး ဘီနီးကလည်း အားလုံးဟာအမှန်တွေပဲဖြစ်ကာ သူ့ အနေနဲ့ မဟုတ်
ပဲနဲ့ တစ်ကမ္ဘာလုံးကိုပြောပြမှာမဟုတ်ပါဘူးလို့ အခိုင်အမာဆိုခဲ့ ပါတယ်...
သံသယရှိသူ မည်သူမဆို သူ့ နဲ့ ကလေး ရှိရာ ရွာကလေးကိုလာရောက်လေ့ လာကြည့် ရှုစုံစမ်းနိုင်ပါတယ်
လို့ လည်း ဘီနီး ကဆိုပါတယ်...
" လာယင်တော့  များရဲ့ ကလေး အဘီနာ လေးတွက် လက်ဆောင်ပါအောင်ယူလာခဲ့ နော်..." လို့ သူက အဲ
လေ...သူမက ထပ်ပြောခဲ့ ပါတယ်...

မူရင်းသတင်းလင့် ခ်ကလေးပါတင်ပေးထားပါတယ်...
မနေ့ က လိင်အင်္ဂါပဲပြောင်းတဲ့ သတင်းတင်ပြီး...
ဒီနေ့ လည်းကျရောပြောင်းရုံတင်မကပဲ ကလေးပါမွေးတယ်ဆိုတော့ ...
ကမ္ဘာတင်မက စင်္ကြာဝဠာ ကြီးပါပြားသွားပြီထင်ပါတယ်...

 ( အင်္ဂလိပ်လိုသတင်းထဲမှာ ထိုသူရဲ့ အသက်ကို ၂၄ လို့ ဆိုထားပါတယ်...ဒါပေမယ့် သူ့ အသက် ၁၃ နှစ်မှာ နတ်ဝင်ပူးခဲ့ ပြီး ထိုမှ
နောက် အနှစ် ၂၀ အကြာမှာ မှာနတ်အလိုကိုဆန့် ကျင်ပြီး မိန်းမယူခဲ့ တယ်ဆိုလို့ အသက်ကို ၃၄ လို့ ယုတ္တိရှိအောင်ပြင်ထားပေး
ပါတယ်...)
 
Hundreds of curious spectators gathered at a naming ceremony in the western Ghanaian village of Sefwi Aboduam recently to see the miracle child–born through what some believe is the world’s first genetic-male pregnancy.

Kwabena Benie, a 34-year-old senior fetish priest, said he had an “unusual” nine months of pregnancy and delivered a child, named Abena Apomasu, through his “vagina” at home on August 10, he said the ceremony. A midwife who was present during the birth confirmed his claims.
Dressed in a woman’s gown, wig and “accessories to match,” and speaking in a “feminine voice,” Benie – who now goes by the name Abena Benie told how at 13 years old, a river god named Apomasu possessed him and led him to become a priest. He said the god told him not to have sex with women because he was spiritually married to the god. But 20 years later, he married a woman and had intercourse, despite the warning he received as a teen. Frequent pains in his penis soon followed, he said.
And after he experienced sharp pain in his waist one night, he couldn’t believe his eyes when he saw his penis was missing–and a vagina was in its place. He said: “When I felt the pain, I tried to touch my penis with my hands but I realized that it had turned into a vagina.” Female breasts never developed, he added. Having come to terms with his new gender, he began a sexual relationship with a man, named Kwesi Nkoah, who he said is the father of his child. But the college student quickly abandoned Benie when he learned about the pregnancy, he said.
As outlandish as the claims may be that a man in his 20’s transformed into a woman and gave birth to a baby, Benie insists “every bit of it was true because he would not tell the whole world that he had given birth to a child when he had not done so.” Benie encourages any skeptics to visit him and his baby girl in their village. “They should come along with gifts for little Abena,” he added.

3 comments:

Anonymous said...

နတ်နှာဘူးနဲ့ လာတွေ့ နေတာကိုး...သြော်ဆိုးပါပေ့သူ့ ကံရယ်...ကိုကြီးသွားဗျူးမယ်ဆိုရင်ဘာလတ်ဆောင်ယူသွားမှာလဲဟင်
:P

ရွှေရတုမှတ်တမ်း said...

ပြားယုံမကဘူး..ယားနေတာက ....
အဲဒါမျိုးကိုစမ်းပြီး အားပေးပလိုက်ချင်တယ်၊ ယိုးဒယား ဖြတ်ဖေါက်ချုပ်ကို အားပေးကြည့်တော့ အရသာသိတ်မရှိဘူး

ကိုရီး{ကိုကြီး} said...

အော်.... ဒွတ်ခ ဒွတ်ခ
ဖုံးကညာ တစ်ပါး လုံးရာကပြား :)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}