The courgette that won't stop growing...

Friday, August 27, 2010

ရှည်နိုင်လွန်းတဲ့ ဗူးသီး....



သူမအရပ်က ၅ ပေ ၃ လက်မ...သီးလာတဲ့ အသီးက ၅ ပေ ၆ လက်မ....
ရှည်လည်းရှည်နိုင်လွန်းပါတယ်ဗျာ...

ဗူးသခွားမျိုးကို ယခုမှစတင်စမ်းသပ်စိုက်ပျိုးသည့် မာရီယာဒေစီမုန်း တစ်ယောက်သူမ စိုက်သည့် အပင်မှ
အရှည် ၅ ပေ ၆ လက္မရှိ ဗူးသခွားသီးကြီးသီးနေခဲ့ သဖြင့် သူမ၏ဖခင် ကိုင်းသမားကြီးပင် မနာလိုစရာဖြစ်
ခဲ့ ရပါတယ်...
အသက် ၄၅ နှစ်အရွယ်ရှိအမျိုးသမီးကြီးဟာ သူမရဲ့ စိုက်ခြံဥယျာဉ်ထဲမှာ ယခုကဲ့ သို့ ကြီးမားရှည်လျားလှ
သည့် အသီးအနှံကြီးကိုတွေ့ မြင်ရလို့ အံ့ သြတုန်လှုပ်သွားခဲ့ ရပြီး ထိုဗူးသီးဟာ မဆွတ်ခူးခင် အရှည် ၆ ပေ
အထိရှိလာလိမ့် မယ်လို့ သူမက မျှော်လင့် ထားပါတယ်...

လာပြန်ပြီနောက်တစ်လုံး ....သူကလည်း ငါးပေလောက်ရှိနေပါပြီ....

သူမရဲ့ ခြံထဲမှာပဲနောက်ထပ်ဗူးသီးတစ်လုံးဟာ အရှည် ၅ ပေနီးပါးရှိနေပါပြီ...
သူမရဲ့ ဖခင်ဖြစ်သူ ဘီနီတိုမိုင်အို ဟာဗူးသခွားပင်စိုက်စားလာတာ နှစ်ပေါင်းအတန်ကြာခဲ့ ပေမယ့် ကိန်းဘ
ရစ်အရပ်က သူမရဲ့ King's Hedges ဥယျာဉ်ခြံက ကြိုးစားအားထုတ်မြေတောင်မြှောက်လို့ ထွက်ရှိလာတဲ့ အ
သီးအနှံတွေက သူ့ ရဲ့ အသီးအနှံတွေကို သိမ်ငယ်စေခဲ့ ပါတော့ တယ်...

 ဗူးကောင်းတော့ စင်ခံ၊ လင်ကောင်းယင်စံတဲ့ ....
စကားပုံတော့ ရှိလေရဲ့ ...

" ကျွန်မက အယင်ကဗူးသီးမျိုးတွေတစ်ခါမှ မစိုက်ဖူးခဲ့ ပါဘူး...ဒါပေမယ့် စိုက်တော့  စိုက်နေချင်ခဲ့ တာပါ...
အဖေကတော့ အမြဲပဲဗူးမျိုးတွေစိုက်ခဲ့ တာဖြစ်ပေမယ့် ဒီလောက်ကြီးမားရှည်လျားတဲ့ ဗူးသီးမျိုးတစ်ခါမှ မ
ရခဲ့ ပါဘူး...အဖေကတော့ ( ကျွန်မကို ) တစ်ကယ်ပဲ အထင်ကြီးသွားခဲ့ ပါတယ်...
အခုတော့ ဒီဗူးသီးဟာ အောက်ခြေမြေကြီးအထိမေ၇ာက်သေးပါဘူး...ဒါပေမယ့် နောက်ထပ်တစ်ပေလောက်
ထပ်ရှည်လာဦးမယ်လို့ ကျွန်မထင်ပါတယ်...ဒါကြောင့် အဲဒီဗူးသီးကိုမခူးသေးပါဘူး...နောက်ဆုံးဆက်ပြီးမ
ကြီးထွားတော့ ဘူးဆိုမှ ခူးပြီးချက်စားပါ့ မယ်...ကျွန်မအဒေါ်တွေကလည်း ဒီဗူးရှည်သီးကို လိုချင်နေကြပါ
တယ်..." လို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မာရီယာကပြောပြခဲ့ ပါတယ်...


Novice courgette grower Maria Desimone has made her gardener dad green with envy after cultivating a 5ft 6in whopper at her first attempt. The 43-year-old was shocked to see the massive vegetable growing in her garden – and she hopes it will reach 6ft before she harvests it. She has a second specimen just short of 5ft.Despite her dad Benito Maio having grown courgettes for several years, his daughter’s efforts at her garden in King’s Hedges, Cambridge, have left his specimens in the shade.
The housewife said: “I have never grown them before, but always wanted to. My dad has always grown them, but never as long and thick as this one. He’s really impressed.

“It’s not reached the floor yet, so I think it can grow another foot, so I’m not going to pick it just yet. When it’s grown as big as it can, I will cut it and cook it up. My aunties are wanting to have some of it too.

2 comments:

ကိုရီး{ကိုကြီး} said...

တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပေါင်
ဒီလူကြီး{ဦးပီတာ} သူပဲ ကြံကြံဖန်ဖန်တွေ တွေ့တတ် မြင်တတ်ပါရဲ့
ဒီတော့..... ကျနော်တို့လဲ သိခွင့်ရတာပေါ့
ကျေးဇူးပါဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုဇော် said...

ဟယ်....အကြီးကြီးပဲ ကိုပီတာရယ်...ဗူးသီး ပြောပါတယ်။