Baby 'drowned by priest during baptism'

Tuesday, August 3, 2010

ရေနှစ်ပြီး နှစ်ခြင်းမင်္ဂလာခံယူသည့် ကလေးငယ်ရေမွန်းပြီးသေဆုံး...


အရှေ့ ဥရောပနိုင်ငံတစ်ခုမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးကို ကလေးငယ်လေးတစ်ဦးအား နှစ်ခြင်း
မင်္ဂလာပြုလုပ်ရာတွင် ရေမွန်းပြီးသေဆုံးစေခဲ့ သည်ဟု စွပ်စွဲခဲ့ ကြပါတယ်...

အဆိုပါနှစ်ခြင်းမင်္ဂလာပွဲသို့ တက်ရောက်ခဲ့  ကြသည့် မျက်မြင်သက်သေများက ရေနှစ်ပြီးကောင်းချီး
မင်္ဂလာပြုနေစဉ်အတွင်း ဘုန်းတော်ကြီးဟာ ကလေးငယ်ရဲ့ ပါးစပ်ကိုရေမ၀င်နိုင်အောင် မပိတ်ထားခဲ့ 
ပါဘူးလို့  ပြောကြားထွက်ဆိုခဲ့ ပြီးနောက် ရဲတပ်ဖွဲ့ ဝင်တွေဟာ ဘုန်းတော်ကြီး ဗယ်လီတင် ကိုမေးမြန်း
စစ်ဆေးနေကြပါတယ်...

မော်ဒိုလ်ဗာနိုင်ငံမှာ ပြုလုပ်ခဲ့ တဲ့ အဆိုပါနှစ်ခြင်းခံပွဲမှာဖြစ်ပွားခဲ့ တဲ့ ကလေးငယ်သေးဆုံးမှုမှာ ၎င်းအ
နေနဲ့ တာဝန်မရှိကြောင်း ဘုန်းတော်ကြီး ဗယ်လီတင် ကငြင်းဆိုထားခဲ့ ပါတယ်...
အသက် တစ်လနှင့် နှစ်ပါတ်သာရှိသေးသည့်  ၎င်းရဲ့ သားလေးဟာ ဆေးရုံသို့ ခေါ်ဆောင်သွားနေစဉ်
လမ်းမှာပဲသေဆုံးသွားခဲ့ ပြီး ရင်ခွဲစစ်ဆေးချက်များအရ ကလေးငယ်လေးဟာ ရေနစ်ပြီးသေဆုံးရတာ
ဖြစ်ကြောင်းတွေ့ ရတယ် လို့ ဖခင်ဖြစ်သူ ဒူမီထရူဂိုင်ဒိုး ကပြောကြားခဲ့ ပါတယ်...

၎င်းက သူ့ ရဲ့ သားငယ်လေးဟာ အဆိုပါအခမ်းအနားအချိန်အတွင်းမှာဘေးအန္တရယ်ကျရောက်နေခဲ့ ရ
တယ်ဆိုတာ ထင်ရှားလွန်းလှပါတယ်လို့ ဆိုခဲ့ ပါတယ်...
" သားလေးဟာအသက်မရှူနိုင်တော့ ပဲ မျက်နှာတွေပြာနှမ်းလာခဲ့ ပြီး ပါးစပ်ကနေအမြုပ်တွေထွက်လာ
ခဲ့ ရပါတယ်....ဘုန်းတော်ကြီးက သူ့ ရဲ့ နှစ်ခြင်းခံယူခြင်းကိစ္စဆောင်ရွက်ပေးနေချိန်မှာ ကျွန်တော်တို့ အ
နေနဲ့ တားဆီးနှောက်ယှက်ခြင်းမပြုရဘူးလို့ လည်းအမိန့် ရှိထားခဲ့ ပါတယ်..." လို့ အသက် ၃၆ နှစ်ရှိ ဖခင်
ဖြစ်သူ မစ္စတာ ဂိုင်ဒူး ကပြောပြခဲ့ ပါတယ်...

" ဘုန်းတော်ကြီးဟာ သားလေးရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းကိုသာ လက်ကနေကိုင်ပြီး ( ကလေးရဲ့ နှာခေါင်းနဲ့ 
ပါးစပ်ကိုမပိတ်ပဲ ) ရေထဲကို သုံးကြိမ်တိုင်တိုင်နှစ်ခဲ့ တာကို ကျွန်တော်တို့ အနေနဲ့ မယုံနိုင်လောက်အောင်
ကိုဖြစ်ခဲ့ ရပါတယ်...ကလေးရဲ့ အဆုပ်ထဲမှာ ရေတွေဝင်နေတာတွေ့ ခဲ့ ရပါတယ် ..." လို့ လည်းသူကပြော
ဆိုခဲ့ ပါတယ်...

ဘုန်းတော်ကြီးက ရေသူ့ ကိုရေနှစ်လိုက်ချိန်မှာ ကလေးငယ်ဟာငိုကြွေးနေပါတယ်လို့ လည်း ကလေး
ရဲ့ ခေါင်းကိုင်မိခင် ( ကလေးငယ်ရဲ့ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ဆရာ၊ထိန်းကျောင်းပဲ့ပြင်သူ အဖြစ်
ဆောင်ရွက်သူ ) ကဆိုပါတယ်...
" တစ်ကယ့် ကိုမယုံနိုင်စရာပါပဲ... ကျွန်မတို့ ကတော့ ဘုန်းတော်ကြီးဟာ သူ့ အလုပ်ကိုသူကောင်းစွာ
ကျွမ်းကျွမ်းကျင်ကျင်သိတယ်လို့ ထင်ခဲ့ မိတာပါ...ဒါပေမယ့် သူဟာမသိခဲ့ ပါဘူး.... ကလေးငယ်လေး
ကိုကျွန်မတို့ ဆီပြန်ပေးတော့အရာရာဟာပြီးဆုံးသွားခဲ့ပါပြီ...ဘာမှပြန်လုပ်လို့ မရတော့ ပါဘူး..." လို့ 
သူမကပြောကြားခဲ့ ပါတယ်...

စိတ်ဆိုးဒေါသထွက်နေတဲ့ ကလေးငယ်ရဲ့ ဆွေမျိုးသားချင်းတွေက ဘုန်းတော်ကြီးကို ပြောဆိုကြတဲ့ အ
ခါမှာတော့ သူက သူဘာလုပ်နေတယ်ဆိုတာသူသိကြောင်း၊ သူဟာနှစ်ခြင်းခံပွဲတွေလုပ်ခဲ့ တဲ့အတွေ့ အ
ကြုံတွေရှိကြောင်း ၎င်းတို့ ကိုပြောကြားခဲ့ ပါတယ်...

အကယ်၍ မတော်တစ်ဆ၊ မရည်ရွယ်ပဲ လူသတ်ခဲ့ မှုဖြင့် အပြစ်ရှိကြောင်းတွေ့ ရှိရပါက ဘုန်းတော်ကြီး
အနေနဲ့ ထောင်ဒါဏ် သုံးနှစ်ကျခံရဖွယ်ရှိနေပါတယ်...

လူ့ လောကကိုရောက်တာဘာမျှမကြာသေးတဲ့ သနားစရာကလေးငယ်ရဲ့ ရင်နင့် ကြေကွဲစရာအဖြစ်ပါပဲ...


ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါတယ်...



A priest in eastern Europe has been accused of drowning a baby boy as he baptised him. Police are investigating Father Valentin for accidential homicide after witnesses at the ceremony said the priest did not cover the baby's mouth during the ritual.
Father Valentin had denied being responsible for the baby's death during the baptism in Moldova. The six-week-old baby died on the way to hospital and an autopsy found he had drowned, the baby's dad Dumitru Gaidau said.
Mr Gaidau, 36, said his son was clearly in distress during the ceremony. "He couldn't inhale, his face turned blue and he was foaming at the mouth. He [the priest] said we should not interrupt this their ritual," he said.
"We couldn't believe it that he just put his hand over his belly and over the head and submerged him three times in the water." Water was found in the baby's lungs.
The baby's godmother, Aliona Vacarciuc, said the baby had been crying as the priest submerged him in the water. "We couldn't believe it but we thought the priest must know what he's doing, but he didn't. When we got him back there was nothing that could be done anymore," she said.
When the baby's angry relatives confronted the priest, he told them he knew what he was doing and was experienced at baptisms, Ms Vacarciuc said. If found guilty of accidental homicide, Father Valentin could spend three years in jail.

0 comments: