Bangladesh city to pay beggars during cricket World Cup
Tuesday, February 1, 2011
ခရစ်ကက်ကမ္ဘာ့ ဖလားပြိုင်ပွဲကာလအတွင်းဘင်္ဂလားဒေ့ ရှ်တွင်သူတောင်းစားများ
နေ့ တွက်စားရိတ်ရမည်... 
ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ မှတာဝန်ရှိသူများက လာမည့် လတွင်ကျင်းပမည့် ကမ္ဘာ့ ဖလားခရစ်
ကက်ပြိုင်ပွဲကာလအတွင်း လမ်းများပေါ်တွင် သူတောင်းစားများ ကင်းရှင်းပပျောက်ရေးအတွက် ၎င်းတို့ အား
နေ့ စဉ်ထောက်ပံ့ ငွေထုတ်ပေးသွားမည်ဟုပြောကြားခဲ့ ပါတယ်...
မသန်မစွမ်းသည့် သူတောင်းစား ၃၀၀ နီးပါးအား ၎င်းတို့ ၏အလုပ်အကိုင်ဆုံးရှုံးနစ်နာမှုများအတွက် နှစ်သိမ့်
သည့် အနေဖြင့် တစ်နေ့ လျှင် ၂ ဒေါ်လာနှုံးဖြင့် သုံးလခန့် ထောက်ပံ့ မှာဖြစ်တယ်လို့ မြို့ တော်ဝန် မန်ဆာ
အလန် ကပြောကြားခဲ့ ပါတယ်...
၎င်းအပြင် သူတောင်းစားများအား ပြန်လည်ထူထောင်ရေးသင်တန်းစခန်းများသို့ လည်းတက်ရောက်နိုင်ရန်
အခွင့် အရေးများပေးမည်ဟု သူကထပ်မံပြောဆိုခဲ့ ပါတယ်...
ဘင်္ဂလားဒေ့ ရှ်နိုင်ငံဟာ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့ နှင့် အတူ ခရစ်ကက်ကမ္ဘာ့ ဖလားကို အိမ်ရှင်နိုင်ငံအ
ဖြစ်ပူးတွဲကျင်းပမှာဖြစ်ပါတယ်...
၎င်းအနေဖြင့် သူတောင်းစားကိုယ်စားလှယ်တော်ကြီးများအပြင် တစ်ခြားသောဌာနဆိုင်ရာတာဝန်ရှိသူများ
နှင့် ပါ လာမည့် ရက်သတ္တပါတ်တွင်တွေ့ ဆုံမှာဖြစ်ပြီး နိုင်ငံတောင်ပိုင်းမြို့ အတွင်းရှိ မသန်မစွမ်းသူတောင်း
စားများစာရင်းပြုစုဖို့ ပြင်ဆင်မှာဖြစ်တယ်လို့ ဆိုပါတယ်...
 လုပ်စားပြန်တော့လည်းမိုးခေါင် ( မုန်တိုင်းလည်းခဏခဏကျတယ်လေ...သူတို့ ဆီမှာ ) ခိုးစားပြန်
တော့ လည်းခွေးဟောင် တောင်းစားပြန်တော့ လည်းအခုတော့ ပြောင်းရရွှေ့ ရဦးမယ်ဆိုပဲ...
" ကျွန်တော်တို့ ဟာ သူတောင်းစားများကို ပြန်လည်ထူထောင်နိုင်ဖို့ စတင်ကြိုးပမ်းနေပြီး ဒါဟာလည်း ကမ္ဘာ
လှည့် ခရီးသွားများနဲ့ ပြိုင်ပွဲလာရောက်ကြည့် ရှုအားပေးသူများအား အနှောင့် အယှက်မဖြစ်အောင် ခရစ်
ကက်ဖလား မတိုင်ခင် လုပ်ကြရမှာဖြစ်ပါတယ်...
နိုင်ငံရဲ့ တစ်ခြားဒေသက သူတောင်းစားများ အလုံးအရင်းနဲ့ ဝင်မလာနိုင်ဖို့ ကိုလည်း ကျွန်တော်တို့ လက်ရှိ
သူတောင်းစား စာရင်းပြုစုကြရဦးမှာဖြစ်ပါတယ်..." လို့ သူကဆိုပါတယ်...
အဆိုပါဆုံးဖြတ်ချက်ဟာ မြို့ တော်ဒါကာမှ သူတောင်းစားအားလုံးကို လူမှုဖူလုံရေးဌာနသင်တန်းကျောင်းများ
သို့ ပြိုင်ပွဲမပြီးမချင်းပို့ ထားမည်ဟု အစိုးရမှအဆိုပြုခဲ့ ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်...
သူတောင်းစားများပပျောက်အောင်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လင့် ကစားတောင်းရမ်းစားသောက်
ခြင်းဟာ ဘင်္ဂလာဒေ့ ရှ်နိုင်ငံတွင်တော့ များစွာတွင်ကျယ်လျှက်ရှိပါတယ်...
( တောင်းစားတယ်ဆိုတာမှာလည်း ငိုတောင်း၊ ချော့ တောင်း၊ပုံပြောတောင်း၊ သီချင်းဆိုတောင်း၊ခြိမ်းခြောက်
တောင်း၊ ညာတောင်း စသည်ဖြင့် အမျိုးစုံရှိတာကလား...)
တယ်...
ဘင်္ဂလားဒေ့ ရှ်နိုင်ငံတွင်အစိုးရမှတရားဝင်ထုတ်ပြန်ထားသည့် သူတောင်းစားဦးရေ အတိအကျမရှိပေမယ့် 
ခန့် မှန်းတွက်ချက်မှုများအရ နိုင်ငံတစ်ဝှမ်းတောင်းစားသူပေါင်း ၇ သိန်းကျော်ရှိမည်ဟုခန့် မှန်းရပြီး ထိုအ
ရေအတွက်ထဲတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ အမြောက်အများပါဝင်တယ်လို့ ဆိုပါတယ်...
ဆီးဂိမ်းလုပ်မယ့် နိုင်ငံကြီးလည်း ထိုကဲ့ သို့ ခိုကိုးရာမဲ့ သူများအတွက် စဉ်းစားပေးနိုင်ယင်ကောင်းမှာပါပဲ...
The authorities in Bangladesh's city of Chittagong say they will pay beggars a daily wage to keep them off the streets during next month's Cricket World Cup. Some 300 disabled beggars would be paid about $2 (£1.20) a day for three months to compensate them for their loss of earning, Mayor Mansur Alam said. He added that the beggars would also be given a chance to move into rehabilitation centres.
Bangladesh is co-hosting the World Cup along with India and Sri Lanka. Mr Alam said he would meet beggars' representatives and other officials next week to prepare a list of disabled beggars in the southern city.
"We have taken the initiative to rehabilitate the beggars and we are going to expedite it ahead of the Cricket World Cup so that they do not disturb the tourists and spectators. We will also make a list to stop the influx of the disabled beggars from other parts of the country." The decision comes days after the government proposed to move all the beggars in the capital Dhaka to welfare centres until the World Cup was over.
Despite the government's efforts to abolish begging, the practice is rampant in Bangladesh: every day beggars can be seen on the roadside, at traffic signals and outside commercial buildings in Dhaka and Chittagong. There is no official figure on the number, but estimates suggest that there are more than 700,000 beggars across the country, many of them physically disabled.
0 comments: