၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓါတ်ပုံများ....
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ တွင် အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများအထွတ်အထိပ်အချိန် အဆောက်အဦးများ
မီးစွဲလောင်နေသည့် ကာလတွင် လူငယ်တစ်ဦး သူယုံကြည်ရာအတွက် လက်နက်မည်ကာမျှဟုသာဆိုနိုင်
မည့် အရာဖြင့် ဆက်လက်တိုက်ပွဲဝင်နေခဲ့ သည်....
ထို ဂျင်ကလိ လူငယ်ကား မြင်မြင်သမျှ ဆန္ဒပြသူ၊ သာမန်လူ၊ ကမ္ဘာလှည့် ခရီးသည်မှအစ သတင်းထောက်
များပါမကျန် မည်သူ့ ကိုမဆို ပစ်မိန့် ပေးထားသည့် စစ်ပွဲဇုံ၊ ဧရိယာအတွင်း လက်နက်ကိုင်စစ်သားများကို
ရင်ဆိုင် အန်တုခဲ့ လေသည်...
ထိုသို့ ဆန္ဒပြသူများအပြင် သက်စွန့် ဆန်ဖျားကြိုးပမ်းသူကား ထိုဓါတ်ပုံများကိုရိုက်ကူးသူ ပြင်သစ်နိုင်ငံသား
ဓါတ်ပုံသတင်းထောက် ကိုရင်တင်ဖိုလင် ဖြစ်ပြီး ၎င်း၏ရဲဝံ့ စွန့် စားမှုအတွက် လျှပ်တစ်ပြက်သတင်းဓါတ်ပုံ
ရိုက်ချက်ကဏ္ဍအတွက် ကမ္ဘာသတင်းဓါတ်ပုံအဖွဲ့ ကချီးမြှင့် ခဲ့ သည့် အကောင်းဆုံးသတင်းဓါတ်ပုံ ဒုတိယ
ဆုကိုရရှိခဲ့ ပါတယ်...
ယခုတင်ပြခဲ့ သည့် အကောင်းဆုံးဓါတ်ပုံများကား ထိုဓါတ်ပုံများ၏နောက်ကွယ်တွင် ထိတ်လန့် အံ့ သြဖွယ်
ရာဇတ်ကြောင်းများရှိခဲ့ ကြသည်သာဖြစ်သည်....
At the height of the anti-government protests in Bangkok, with buildings on fire all around and armed with a medieval weapon, a young man bravely fights for what he believes in.
What's more the catapult kid was taking on armed soldiers in a 'live fire zone' declared by the military, which anybody be they protester, resident, tourist or journalist would be shot on sight.
Taking that risk, besides the subject of the photograph, was its taker, Corentin Fohlen, a Frenchman working for Fedephoto, whose skill and bravery won him second prize in the Stories Spot News section of the World Press Photo awards, announced today.
ဂျင်ကလိဆိုတာရွှေပြည်ကြီးမှာသာမဟုတ် ထိုင်းမှာလည်းရှိတာပါပဲ...
Catapult kid: An anti-government protester uses very basic materials against the authorities in May 2010. Taken by Corentin Fohlen of France, for Fedephoto, it won 2nd Prize Stories Spot News in the 54th annual World Press Photo Contes in Amsterdam
အကောင်းဆုံးဆုကိုတော့ တောင်အာဖရိကမှ ဂျိုဒီဘီဘာက မိဘသဘောတူကာအတင်းလက်ထပ်ပေးသူ
ထံမှထွက်ပြေးခဲ့ သဖြင့် နှာခေါင်းအဖြတ်ခံခဲ့ ရသည့် အာဖဂန်နစ္စတန်မှ ဘီဘီအိုင်ရှာ ၏ဓါတ်ပုံဖြင့် 
တိုင်းမ်မဂ္ဂဇင်းအတွက်ရိုက်ကူးဖော်ပြနိုင်ခဲ့ သဖြင့် ဆွတ်ခူးရရှိသွားပါတယ်...
The top prize World Press Photo Of The Year was won by Jodi Bieber, of South Africa, Institute for Artist Management for Time magazine, for the portrait of Bibi Aisha, the 18-year-old Afghan woman whose nose was cut off
Perhaps the most touching is that behind a South African photographer's portrait of an Afghan woman whose husband sliced off her nose and ears.
Jodi Bieber's picture of Bibi Aisha, 18, who was rescued by the U.S. military and now lives in America awaiting reconstructive surgery won the overall top prized World Press Photo award for 2010.
တောင်အာဖရိကဓါတ်ပုံဆရာရိုက်ကူးခဲ့ သည့် ခင်ပွန်းဖြစ်သူက သူမရဲ့ နှာခေါင်းနှင့် နားရွက်တို့ ကိုလှီးဖြတ်
ခြင်းခံခဲ့ ရသည့် အာဖဂန်အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံကတော့ စိတ်ထိခိုက်ကြေကွဲခံစားရဆုံးဓါတ်ပုံဖြစ်ခဲ့ ပါ
တယ်....
ဂျိုဒီဘီဘာရိုက်ကူးခဲ့ တဲ့ ပုံမှာ အမေရိကန်တပ်သားများကကယ်တင်ခဲ့ ပြီးယခုအခါအမေရိကန်နိုင်ငံတွင်နေ
ထိုင်လျှက်မျက်နှာပြင်ခွဲစိတ်ကုသဖို့ စောင့် စားနေသည့် အသက် ၁၈ နှစ်အရွယ်ရှိဘီဘီအိုင်ရှာ၏ပုံဖြစ်ပြီး
၂၀၁၀ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးသတင်းဓါတ်ပုံဆုရရှိခဲ့ ပါတယ်...
( ယခုသတင်းတင်နေချိန်မှာတော့သူမကိုခွဲစိတ်ကုသပေးခဲ့ ပြီးဖြစ်ပါတယ်...)
ထိုဓါတ်ပုံတွင် ညှင်းပန်းနှိပ်စက်ခြင်းခံနေခဲ့ ရသည့် အိမ်ထောင်ဖက်ထံမှထွက်ပြေးခဲ့ သည့် မိန်းကလေးအား
အကြမ်းဖက်နှိပ်စက်ခဲ့ သဖြင့်  အမျိုးသမီးတစ်ဦး၏အလှတရားနှင့် ဆန့် ကျင်စွာခံစားရပုံကိုတင်ပြထားပြီး
တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးအဖြစ် လွန်ခဲ့ သည့် နှစ် သြဂုတ်လ ကပုံနှိပ်ဖော်ပြခဲ့ ပါတယ်...
အသက် ၄၄ နှစ်ရှိ ဘီဘာ ဟာ အပျော်တမ်းဓါတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှယခု
အထိ ကမ္ဘာ့ သတင်းဓါတ်ပုံဆု ရှစ်ဆု ရရှိခဲ့ ပြီးဖြစ်ပါတယ်...
သူမရဲ့ မွေးရပ်ဇာတိ အာဖရိကနှင့် ပါတ်သက်ပြီးစာအုပ်နှစ်အုပ်ထုတ်ဝေခဲ့ ပါတယ်...
သူမရဲ့ ဓါတ်ပုံဟာထိတ်လန့် အံ့ သြစရာကောင်းသော်လည်း အမျိုးသမီးများအား အကြမ်းဖက်နှိပ်စက်ခြင်း
ကို သိက္ခာရှိရှိနဲ့ ဖော်ကျူးနိုင်ခဲ့တာမို့ အကောင်းဆုအဖြင့် ရွေးချယ်ခဲ့ တာဖြစ်ပါတယ်လို့ အဆုံးအဖြတ်ပေး
သည့် လူကြီးမင်းများကပြောကြားခဲ့ ပါတယ်...
ထိုဓါတ်ပုံကို ဖော်ပြသင့် မဖော်ပြသင့် အတွက်တောင်အပြင်းအထန်ဆွေးနွေးငြင်းခုံအခြေအတင်ဖြစ်ခဲ့ ကြ
ရပါသေးတယ်...
အိုင်ရှာကတော့ တာလီဘန်သူပုန်တွေရဲ့ ဆိုးဝါးရက်စက်မှုကို စာဖတ်သူများသိရှိစေနိုင်ရန်အတွက် တိုင်းမ်
မဂ္ဂဇင်းမှာဖော်ပြဖို့ ဓါတ်ပုံအရိုက်ခံခဲ့ တာပါလို့ ဆိုခဲ့ ပါတယ်...
The posed picture, which contrasts the woman's arresting beauty against the results of the violence done to her after she fled an abusive marriage, was published on the cover of Time magazine on August 1.
Bieber, 44, a winner of eight previous World Press Photo awards since 1998, is a freelance photojournalist affiliated with the Institute for Artist Management/Goodman Gallery. She has published two books on her native South Africa.
Jury members said the photo, though shocking, was chosen because it addresses violence against women with a dignified image.
ပင်လယ်ဓါးပြများပျော်စံတဲ့ ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့ မှ ငါးတစ်ကောင်သယ်ယူလာသည့် 
ပုံဖြစ်ပါတယ်..နေ့ စဉ်လူမှုဘ၀ခေါင်းစဉ်ဖြင့် ပထမဆုရရှိခဲ့ ပါတယ်...
A man carrying his catch through the streets of Mogadishu, Somalia. This picture, taken by Omar Feisal, Somalia, for Reuters, won 1st Prize Singles Daily Life
မက္ကစီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ် အတ္တလန္တိတ်ရေအောက်မှ ငါးတိုက်ပွဲ
ဂျာမနီနိုင်ငံမှ ဓါတ်ပုံဆရာ ရိန်းဟာ့ ဒ်ဒါချားလ် ကထိုဓါတ်ပုံဖြင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဆု
ရရှိခဲ့ ပါတယ်...
မက္ကစီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ် အတ္တလန္တိတ်ရေအောက်မှ ငါးတိုက်ပွဲ
ဂျာမနီနိုင်ငံမှ ဓါတ်ပုံဆရာ ရိန်းဟာ့ ဒ်ဒါချားလ် ကထိုဓါတ်ပုံဖြင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဆု
ရရှိခဲ့ ပါတယ်...
Atlantic Sailfish attack Spanish sardines, off Yucatan Peninsula, Mexico, in a picture by photographer Reinhard Dirscherl, Germany, which won 2nd Prize Singles Nature
ကုလားအုတ်နှင့် ပြိုင်ဘီးစီးသူများ...
အားကစားဝတ္တုများခေါင်းစဉ်ဖြင့်  တတိယဆုရသွားခဲ့ သည့် ပုံဖြစ်ပါတယ်...
The Eritrean national cycling team passes a camel caravan on the road from Barentu to Keren, by Chris Keulen, of the Netherlands, Panos, pictures for Geo, who won 3rd Prize Stories Sports
ဂျပန်နိုင်ငံ၊ ဟိုကိုင်ဒိုကျွန်းပေါ်မှ ငန်းများကို အီတလီနိုင်ငံသား စတီဖာနိုအန်တာသီနာ က အမျိုးသား
ပထ၀ီဝင်မဂ္ဂဇင်းကြီးအတွက်ရိုက်ကူးခဲ့ တာဖြစ်ပါတယ်...
သဘာဝပါတ်ဝန်းကျင် ၀တ္တုခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိခဲ့ တာဖြစ်ပါတယ်...
ဂျပန်နိုင်ငံ၊ ဟိုကိုင်ဒိုကျွန်းပေါ်မှ ငန်းများကို အီတလီနိုင်ငံသား စတီဖာနိုအန်တာသီနာ က အမျိုးသား
ပထ၀ီဝင်မဂ္ဂဇင်းကြီးအတွက်ရိုက်ကူးခဲ့ တာဖြစ်ပါတယ်...
သဘာဝပါတ်ဝန်းကျင် ၀တ္တုခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိခဲ့ တာဖြစ်ပါတယ်...
Whooper Swans at dawn, in Hokkaido, Japan, in a picture taken by Stefano Unterthiner, Italy, for National Geographic magazine, winner of 2nd Prize Stories Nature
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ စီမိုရိုလာဝမ်း ဒေသက ပြာပူများအံထွက်ကျနေသည့် ဘရိုမို မီးတောင်
ဆီသို့ နတ်ဘုရားအားပူဇော်ပသရန်သွားရောက်နေသည့် ဟိန္ဒူဗြဟ္မန အယူရှိသူများပုံ ကိုတော့ 
အေအက်ဖ်ပီဓါတ်ပုံသတင်းထောက် ခရစ်စတို့ ဖ်အာချမ်ဘို့ တ် ကရိုက်ကူးခဲ့ ပါတယ်....
Hindu devotees walking towards the ash-shooting Mount Bromo volcano, in Cemoro Lawang, Java, to make offerings in a picture taken by AFP photographer Christophe Archambault
ဆိုမာလီနိုင်ငံမှ ယီမင်နိုင်ငံသို့ ရောက်အောင် သည်းသည်းမည်းမည်းရွာနေသည့်မိုးအောက်တွင်
ရွှံ့ ညွံထူထပ်သည့် လမ်းများတစ်လျှောက် တစ်ညလုံးခရီးပြင်းနှင်လာပြီးနောက်သဲကန္တာရ
အတွင်းလဲလျောင်းအိပ်စက်နေကြပုံကို ကနေဒါနိုင်ငံသား အက်ဒ်အိုး ကရိုက်ကူးခဲ့ ပြီး
ခေတ်ပြိုင်အဖြစ်အပျက်များခေါင်းစဉ်ဖြင့် ပထမဆု ရရှိခဲ့ ပါတယ်...
Four Somali refugees en route to Yemen sleep in the desert after traveling all night on muddy roads and in pouring rain, Somaliland, in a picture by Ed Ou, Canada, Reportage by Getty Images, who won 1st Prize Stories Contemporary Issues
ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၊ ဒါကာမြို့ တော်မှ မီးရထားစီးသူများ ပုံကိုတော့ ဒါကာမြို့ မှာအခြေစိုက်တဲ့ ရိုက်တာ
သတင်းထောက် အင်ဒရူးဘီရက်ဂ်ျ ကရိုက်ကူးခဲ့ ပြီး လူမှုနေ့ စဉ်ဘ၀ ခေါင်းစဉ်ဖြင့် တတိယဆု
ဆွတ်ခူးရရှိခဲ့ ပါတယ်...
Andrew Biraj, a Reuters photographer based in Bangladesh, has won the 3rd Prize Daily Life Single category with this picture of an overcrowded train approaching a station in Dhaka
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ မှာ ဖြတ်သွားသည့် ရထားတစ်စင်းအားစောင့် ဆိုင်းနေသည့် တက္ကစီ
နှင့် လန်ခြားပုံပါ....နယ်သာလန်အခြေစိုက်ဓါတ်ပုံဆရာ မာတင်ရိုးမား ကရိုက်ကူးခဲ့ ပြီး
နေ့ စဉ်လူမှုဘ၀ အကြောင်းအရာခေါင်းစဉ်ဖြင့် ပထမဆု ရရှိခဲ့ ပါတယ်...
Taxis waiting at a railway crossing in Calcutta were taken by Martin Roemers, a Panos Pictures photographer based in the Netherlands, winning him 1st Prize Daily Life Stories category
အိန္ဒိယနိုင်ငံ၊ ဆရီနဂါမြို့ မြောက်ပိုင်း ပက်တန်အရပ်မှာ လက်နက်ကိုင်တပ်ဖွဲ့ များကြောင့် သေဆုံးခဲ့ရသူ
ရှောင်ကက်ခေါ် ဖီရို့ ဇ်အာမက်ရဲ့ အစ်မ သူ့ ရဲ့ အလောင်းစင်ပေါ်တက်ပြီး ၀မ်းနည်းပူဆွေးငိုကြွေးနေပုံပါ...
ရိုက်ကူးသူ အာတက်ဖ်ကာဒရီဟာ စံချိန်တင်အဖြစ်နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ဓါတ်ပုံဆရာပေါင်း၅၈၄၇
ဦးဖြင့် ဓါတ်ပုံပေါင်း ၁၀၈၀၅၉ ပါဝင်ယှဉ်ပြိုင်ခဲ့  ရာမှာ ဆန်ကာတင်အဖြစ်ရွေးချယ်ခဲ့ သည့် 
နိုင်ငံစုံ ၂၃နိုင်ငံမှ ဓါတ်ပုံဆရာပေါင်း ၅၆ ယောက်ရိုက်ကူးခဲ့ သည့် 
လူသစ်တန်းမှာ ပထမဆု ရရှိခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံ၊ ဆရီနဂါမြို့ မြောက်ပိုင်း ပက်တန်အရပ်မှာ လက်နက်ကိုင်တပ်ဖွဲ့ များကြောင့် သေဆုံးခဲ့ရသူ
ရှောင်ကက်ခေါ် ဖီရို့ ဇ်အာမက်ရဲ့ အစ်မ သူ့ ရဲ့ အလောင်းစင်ပေါ်တက်ပြီး ၀မ်းနည်းပူဆွေးငိုကြွေးနေပုံပါ...
ရိုက်ကူးသူ အာတက်ဖ်ကာဒရီဟာ စံချိန်တင်အဖြစ်နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ဓါတ်ပုံဆရာပေါင်း၅၈၄၇
ဦးဖြင့် ဓါတ်ပုံပေါင်း ၁၀၈၀၅၉ ပါဝင်ယှဉ်ပြိုင်ခဲ့  ရာမှာ ဆန်ကာတင်အဖြစ်ရွေးချယ်ခဲ့ သည့် 
နိုင်ငံစုံ ၂၃နိုင်ငံမှ ဓါတ်ပုံဆရာပေါင်း ၅၆ ယောက်ရိုက်ကူးခဲ့ သည့် 
လူသစ်တန်းမှာ ပထမဆု ရရှိခဲ့ ပါတယ်...
A sister of Feroz Ahmad, alias Showkat, who was killed by forces, wails as she clings to the bed carrying the body of her brother during his funeral in Pattan, north of Srinagar, India. Altaf Qadri was awarded the 1st prize in the the People in the News singles
လူမှုကွန်ယက်အင်တာနက်အတွက် ကိုယ့် ကိုယ်ကို ရိုက်သည့် ပုံကဏ္ဍတွင် ဒုတိယဆု ရရှိခဲ့ သည့် 
ဂျာမနီနိုင်ငံမှ ၀ူဖ၇မ်ဟန်းန် ရဲ့ ပုံဖြစ်ပါတယ်...
Wolfram Hahn, Germany, won 2nd Prize Stories Portraits for the subject of self-portraits for social networks
ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်စစ်တပ်မှ အသုံးပြုခဲ့ သည့် ဓါတုအဆိပ်ကြောင့် လူစဉ်မမှီ
ဖြစ်ခဲ့ ရသည့် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမှ အသက် ၉ နှစ်အရွယ် ဗီယက်နမ်သူလေး ငုယင်သီလိုင်
ကို အမေရိကန်နိုင်ငံ၊ ဆဲဗင်း ဓါတ်ပုံသတင်းဌာနမှ အက်ဒ်ကာရှီ ကရိုက်ကူးခဲ့ ပြီး
ခေတ်ပြိုင်ကဏ္ဍမှာ ဒုတိယဆု ရရှိခဲ့ ပါတယ်...
Nguyen Thi Ly, 9, who suffers from Agent Orange disabilities in Da Nang, Vietnam, was captured by Ed Kashi, USA, VII Photo Agency, won 2nd Prize Singles Contemporary Issues
အသည်းငယ်သူ၊ ကြောက်တတ်၊ ရွံတတ်သူများမကြည့် ပါနှင့် ...
WARNING: GRAPHIC CONTENT
ဟေတီငလျင်ကြောင့် သေဆုံးသူများအား ရင်ခွဲရုံတွင်စုပုံထားသည့် ပုံကိုတော့ ပြင်သစ်သတင်း
အေဂျင်စီမှ အိုလီဗီယာလဘန်မက်တေး ကရိုက်ကူးခဲ့ ပြီး အထွေထွေသတင်းဝတ္တုကဏ္ဍတွင်
ပထမဆု ရရှခဲ့ ပါတယ်...
Olivier Laban-Mattei, France, Agence France-Presse, won 1st Prize Stories General News for this horrific picture of dead bodies at a morgue after the Haiti earthquake
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့ တော်တွင်မိမိကိုယ်ကိုမီးရှို့ ကာအမြင့် မှခုန်ချပြီးသေကြောင်းကြံသူတစ်ဦး
အား ဟန်ဂေရီနိုင်ငံမှ ပီတာလာကာတို့ စ် ကရိုက်ကူးခဲ့တာဖြစ်ပြီး လျှပ်တစ်ပျက်သတင်းကဏ္ဍ
အတွက် ပထမဆု ဆွတ်ခူးခဲ့ ပါတယ်...
Peter Lakatos, from Hungary, MTI, won 1st Prize Singles Spot News for this picture of a suicide jumper on fire in Budapest
2 comments:
အောက်ဆုံးပုံနှစ်ပုံကို ကြည့်မိတော့မှ လူဆိုတာ ဘာမှ မဟုတ်ပါလားလို့။
မသိသေးတဲ့ သတင်းထူးလေးတွေနဲ့ ဓါတ်ပုံတွေအတွက် ကျေးဇူးပါအကို...
Post a Comment