Clap and bra comes off

Monday, February 14, 2011

သာဓုခေါ်ဖို့ မလို အားရပါးရ၀မ်းမြောက်စွာလက်ခုပ်တီးရုံပါပဲ...


သမိုင်းတစ်ခေတ်...ဆန်းသစ်လေပြီ
အားလုံးပဲကျေးဇူးပြုပြီး မတ်တပ်မရပ်ပါနဲ့ ...လက်ခုပ်လေးပဲတီးကြပါ...

အမေရိကန်နိုင်ငံသားအင်ဂျင်နီယာတစ်ဦးက လက်ခုပ်တီးရုံမျှဖြင့် အလိုအလျောက်ကျွတ်ကျစေမည့် ဘရာ
စီယာ ရင်ဝတ်လွှာတစ်မျိုးတီထွင်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်....
ကမ္ဘာ့ အမျိုးသားထုကြီးရဲ့ ကျေးဇူးရှင် အင်ဂျင်နီယာ ရန်ဒီဆာရာဖန် ရဲ့ အံ့ မခန်းတီထွင်ဖန်တီးချက်ကတော့ 
အရေးကောင်းဒိန်းဒေါင်းဖျက်ဆိုလို လိုရာမရောက်နိုင်ပဲ ဘရာစီယာ ချိတ်ကိုအသည်းအသန်စမ်းတ၀ါးဝါးရှာ
ကာကြိုးစားဖြုတ်နေရရှာတဲ့ အမျိုးသားထုကြီးနဲ့ စိတ်မရှည်စွာနဲ့ ကူညီပေးနေကြရသည့် အမျိုးသမီးများအ
တွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ကြီးပါပဲ လို့ အင်္ဂလန်နိုင်ငံ၊ မက်ထရိုသတင်းစာကဖော်ပြခဲ့ ပါတယ်...
အဆိုပါ တီထွင်မှုရလာဒ်ကြောင့် ချစ်ကြည်နူးရေချိန်မြင့် နေဆဲ ချိတ်ဖြုတ်ဖို့ ဝရုန်းသုန်းကားနဲ့ ကြိုးစားနေခဲ့ 
ရတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ သမိုင်းစာအုပ်ထဲရောက်သွားရတော့ မှာဖြစ်ပါတယ်...
ဆာရာဖန် ဟာထိုလက်ခုပ်တီးဘရာစီယာကို ဖန်တီးဖို့ စိတ်ကူးကို ဆီးရီးယားနိုင်ငံမှာပြုလုပ်ရောင်းချခဲ့ သည့်
လျှပ်စစ်ဓါတ်အားသုံး ဂီတသံထွက်အမျိုးသမီးခြေအိတ်ရှည်အတွင်းခံအ၀တ်အထည်များစသည့် အထူးအ
ဆန်းအ၀တ်အစားများအကြောင်း ဖတ်ရှုမိပြီး ရရှိခဲ့ တာဖြစ်ပါတယ်...

" ကျွန်တော်တို့ အနောက်နိုင်ငံများဟာ ဆီးရီးယားတွေဆီက ဒီလျှပ်စစ်သုံးအ၀တ်အစားဖက်ရှင်များနှင့် ပါတ်
သက်ပြီး လေ့ လာနည်းယူခဲ့ ကြရပါတယ်...ဒါကြောင့် ကျွန်တော်လည်း ဒီနည်းပညာသုံးအ၀တ်အစားဖက်ရှင်
လောကကို အလျင်အမြန်တိုးတက်စေဖို့ တာဝန်တစ်ခုအနေနဲ့ အားထုတ်ခဲ့ တာပါ..." သူကပြောပြခဲ့ပါတယ်။
ဒါကြောင့် ဆန်ဖရန်စစ်စကိုမြို့ က ဆာရာဖန်ဟာ ဆားကစ်ပြားအဟောင်းများနဲ့ လျှပ်စစ်သံလိုက်တို့ ကိုအ
သုံးပြုပြီး လက်ခုပ်တီးလျှပ်စစ်ဘရာ ကိုတီထွင်ဖန်တီးနိုင်ခဲ့ ပါတော့တယ်...

ကိုယ်တိုင်ကိုယ်ကျလေ့ လာချင်ယင်တော့ဒီလင့် ခ်ကလေးမှာသွားရောက်ကြည့် ရှုနည်းယူနိုင်ပါတယ်...

သာဓုခေါ်ဖို့ မလိုဘူး...လက်ခုပ်တီးတာကိုပဲသဘောကျတယ်ဆိုတဲ့ ကိုယ်တော်နဲ့ ဒီဘယာနဲ့ ကတော့ အံ
ကိုက်ပါပဲဗျာ....

ကဲ...ကဲ ...
ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်...




A US engineer has invented a bra clasp that comes off when you clap your hands.
Randy Sarafan's device could be the answer to millions of men and women's problems who struggle with unhooking bra clasps, Metro in the UK reported.
The device would consign to history the dreaded clasp fumbling that often happens in the throes of passion.
Sarafan was inspired to make the clap-off bra after reading about wacky electronic undergarments sold in Syria, such as musical knickers.
"Those of us in Western cultures have a thing or two to learn from the Syrians about gaudy electronic lingerie. Henceforth, it became my mission to fast-forward lingerie technology in the West," The Daily Telegraph quoted him as saying.

2 comments:

Anonymous said...

အဲ့ဒါမှဒုတ်ခေါ...အစည်းအဝေးတက်တဲ့အချိန် လက်ခုတ်သံများတီးမိရင် အဲ့ဒါကြီးဝတ်မိနေရင် ကျွတ်ထွက်နေအုံးမယ် ဟိဟိ

မိုးယံ said...

ဘယ်နားမှာ ၀ယ်လို့ရလဲဟင်.. ဘယ်လင်တိုင်းအလွန် ချစ်သက်လက်ဆောင်နှင်းချင်လို့ပါ။ ဂယ်ပါ