Polish man survives sleeping rough in -5°C because he was 29 times the drink-drive limit
Friday, February 4, 2011
လူကောင်းသူကောင်းတွေစိတ်နာဖို့ ကောင်းတာက....
အနှုတ် ၅ံစင်တီဂရိတ် အေးသည့် ရာသီဥတုအခြေအနေတွင်အောက်ခံဘောင်းဘီလေးမှလွဲပြီး ခန္ဓာကိုယ်
တစ်ခုလုံးအ၀တ်အစားမပါ၊ အ၀တ်ဗလာနှင့် ပန်းခြံတစ်ခု၏ခုံတန်းပေါ်တွင် လဲလျောင်းအိပ်ပျော်နေခဲ့ သည့် 
အရက်သမားတစ်ဦးဟာ သွေးအတွင်းပါဝင်နေသည့် အရက်ပမာဏများပြားမှုကြောင့် အသက်မသေပဲပြန်
လည် ရှင်သန်လာခဲ့ ပါတယ်...
အသက် ၃၂ နှစ်ရှိ အလက်ဇန္ဒားအန်ဇေ့ ဂ်ျ မှာ ဥပဒေအရခွင့် ပြုထားသည့် ယဉ်မောင်းသူတစ်ဦးမှာရှိနိုင်
သည့် အရက်ပမာဏထက် အဆ ၃၀ ပိုမိုရှိနေခဲ့ ( သောက်သုံးထားခဲ့ ) တာဖြစ်ပါတယ်...
၎င်းကို ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ ရဲ့ ပန်းခြံတစ်ခုမှတွေ့ ရှိခဲ့ တာဖြစ်ပြီး ရဲတပ်ဖွဲ့ မှဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ တာ
ဖြစ်ပါတယ်...
အပြင်မှာရေတွေခဲနေပါစေ...သွေးထဲမှာတော့ ယစ်ရွှေရည်တန်ခိုးနဲ့ 
နွေးလို့ နေတော့ တယ်...
အရက်သောက်သုံးမှုပမာဏကိုစစ်ဆေးသည့် အသက်ရှူစမ်းသပ်ခြင်းဖြင့် စမ်းသပ်စစ်ဆေးသည့်အခါတွင်
၎င်းတွင် ၁၀၀ မီလီအချိုး ၁၀၂၄ မိုက်ကရိုဂရမ် အရက်ပါဝင်မှုနှုံးရှိနေသည်ကိုတွေ့ ရပြီး ထိုပမာဏကြောင့် 
ပင် ၎င်းအသက်ရှင်ခဲ့ ခြင်းဖြစ်သည်ဟု ဆရာဝန်များက ယုံကြည်ခဲ့ ကြပါတယ်...
တရားဥပဒေအရခွင့် ပြုထားသည့် ပမာဏမှာ ၃၅ မိုက်ကရိုဂရမ်သာဖြစ်ပြီး ၃၀၀ မိုက်ကရိုဂရမ်ပင်လျှင် လူ
တစ်ယောက်အတွက် အသက်အန္တရယ်ဖြစ်နိုင်သည်အထိ များပြားနေပြီတယ်လို့ ဆရာဝန်များကဆိုပါတယ်။
ယခုအခါမှာတော့ ထိုအမူးသမားငနဲဟာ အပြည့် အ၀ပြန်လည်ကျန်းမာလာလိမ့် မည်ဟုမျှော်လင့် ထားကြ
ပါတယ်....
တစ်ခါတစ်လေတော့ လည်း လူကောင်းသူကောင်းတွေစိတ်နာဖို့ ကောင်းတာက အရက်သမားတွေက
တစ်ချို့ နေရာတွေမှာ ရိုးရိုးသာမာန်လူတွေသာမာန်အခြေအနေမှာမစွမ်းဆောင်နိုင်တာမျိုးလေးတွေစွမ်း
ဆောင်နိုင်တတ်ကြပါတယ်...
ဘ၀သံသရာမှ လွတ်မြောက်ရေးတရားတွေနဲ့ တော့ လားလားမှမသက်ဆိုင်ပါဘူးနော်...
တစ်ခေတ်တစ်ခါက စာရေးဆရာတို့ ရဲ့ ဘုရားတစ်ဆူ၊ဂူတစ်လုံးသဖွယ်ကိုးကွယ်အားထားခဲ့ ကြရတဲ့ ( ထိုစဉ်
ခေတ်ကာလက ) စာဖတ်သူလူငယ်အများလေးစားအားကျအတုခဲ့ ကြရတဲ့ အရက်ကြိုက်စာရေးဆရာကြီး
(ကမ္မဌာန်းကျမ်းတစ်စောင်တောင်ရေးခဲ့ သေးသပေါ့ )တစ်ဦးကတော့ အတွေးတွေလွဲမှားပြီး ( သူကြိုက်လို့ 
A drunk man found lying on a park bench in his underwear survived temperatures of -5°C (23F) because of the amount of alcohol in his blood. 
Aleksander Andrzej, 32, would have been nearly 30 times the legal limit for driving. He was spotted in the Warsaw park and taken to hospital by police.
A breath test showed he had 1,024 micrograms per 100ml, which doctors believe helped him live.
The legal limit is 35mg – and they added that even 300mg is potentially deadly. He is expected to make a full recovery.
2 comments:
ဂျစ်တူး ( မုံရွာ ) said...
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆရာသော်တာဆွေကတော့အရက်ကိုထန်းလျက်နဲ့ချက်လို့
သားသတ်လွတ်တယ်လို့ရေးထားခဲ့ဘူးတာမှတ်မိနေပါတယ်။
တရုတ်ကြီး said...
မူးပြီး အအေးထဲ လဲနေလို့ သေရတဲ့လူတွေ အများကြီးဗျ။ ဒီလူတစ်ယောက်က သူ့တခြားကုသိုလ်ကံကြောင့် သေမယ့်အလုပ် လုပ်မိတာတောင် သေဘေးက ဒီတစ်ခါလွတ်တာ ဖြစ်ပါလိမ့်မယ်။ တခြားလူတွေကို ဒီလိုသောက်ပြီး နှင်းတောထဲ အနွေးထည်ထူထူအပြည့်အစုံနဲ့ ညတစ်ဝက်ထဲပဲ နေပါဆိုတောင် ဘယ်သူမှ နေရဲမှာ မဟုတ်ဘူး။ အမူးလွန်ပြီး သေတဲ့လူနဲ့ လေဖြတ်တဲ့လူက မရေမတွက်နိုင်အောင်များပြီး ဒီလိုလူမျိုးက တစ်သောင်းမှာတစ်ယောက် ရှာမှရှားကိုး။