Cambodia sets age limit for foreign husbands

Monday, April 11, 2011

ကမ္ဘောဒီးယားအမျိုးသမီးများနှင့် လက်ထပ်မည့် နိုင်ငံခြားသားများအားအသက်ကန့် သတ်....
ဟန်ဆောင်လက်ထပ်ကာ လူကုန်ကူးမှုများအားတားဆီးနှိမ်နင်းသည့် အနေဖြင့် အသက် ၅၀ ကျော်အရွယ်
ရှိနိုင်ငံခြားသားများအား ကမ္ဘောဒီယားနိုင်ငံသူများနှင့် လက်ထပ်ခြင်းအား တားမြစ်လိုက်သည့် ဥပဒေတစ်ခု
ထုတ်ပြန်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရကပြောကြားလိုက်ပါတယ်....
လစဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၅၀ ထက်လျော့ နည်းသည့် နိုင်ငံခြားသားများသည်လည်း ကမ္ဘောဒီး
ယားနိုင်ငံသူများနှင့် လက်ထပ်ခွင့် မရှိကြောင်းတားမြစ်ပိတ်ပင်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့် ရှိသည့် ပုဂ္ဂိုလ် ကွိုင်ကူယွန်း ကပြောကြားလိုက်ပြီး ပြည်ပနိုင်ငံများတွင် လက်ထပ်ကြသည်
ကိုတော့ယခုတားမြစ်ပိတ်ပင်ချက်က အကျူုံးမ၀င်ကြောင်းလည်း သူကဆိုပါတယ်...

အသက်အရွယ်ကြီးသူ ( နိုင်ငံခြားသားများနှင့် ) အမျိုးသမီးငယ်များလက်ထပ်ကြခြင်းသည် မသင့် လျော်
ကြောင်း မစ္စတာကူယွန်းကဆိုခဲ့ ပြီး နိုင်ငံသူလေးများနှင့် လက်ထပ်မည့် နိုင်ငံခြားသားများအနေဖြင့် ကမ္ဘော
ဒီးယားအမျိုးသမီးများ ဂုဏ်သိက္ခာရှိစွာနေနိုင်ရန် လစာဝင်ငွေများစွာရရှိရမည်ဖြစ်ကြောင်းလည်း သူမကဆို
ပါတယ်....

" လိမ်လည်လှည့်ဖြားလက်ထပ်ခြင်း၊ လူကုန်ကူးခြင်းများအား တားဆီးကာကွယ်ခြင်းဖြစ်ပါတယ်...ကမ္ဘောဒီး
ယားအမျိုးသမီးများအား၎င်းတို့ လက်ထပ်ခဲ့လိုက်ကြသည့် အမျိုးသားများ၏နိုင်ငံများတွင် ပြည့် တန်ဆာအ
ဖြစ်စေခိုင်းခြင်း၊ ကျေးကျွန်များသဖွယ်အသုံးပြုစေခိုင်းခံရခြင်းများရှိကြောင်း လူ့ အခွင့် အရေးအဖွဲ့ များ၏
ရေးသားဖော်ထုတ်မှုများကို အစိုးရအနေဖြင့် သိရှိပါကြောင်း..." ဖြင့် လည်း သူမကပြောဆိုခဲ့ ပါတယ်...

ကလေးဘ၀တင့် တယ်အောင် ဘဘ ကူညီကယ်တင်ပါ့ မယ်...
(တစ်ခါတည်းငရဲခန်းတန်းရောက်တာပါပဲ...)
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယခုအသစ်ထုတ်ပြန်လိုက်သည့် စည်းမျဉ်းစည်းကမ်းများ
မတ်လက် ၁ ရက်နေ့ တွင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတကာရှိသံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ 
အကြောင်းကြားစာများပေးပို့ ခဲ့ ပါတယ်...
ဒေသခံလူ့ အခွင့် အရေးအဖွဲ့ ဥက္ကဌ ကက်ဂါလာဘရူ ကတော့ ကမ္ဘောဒီးယားနိုင်ငံသူ သတို့ သမီးလေးများ
အား ကာကွယ်လိုက်သည့် အစိုးရ၏ ရည်ရွယ်ချက်အား ချီးကျူးဂုဏ်ပြုလိုက်ပါတယ်...
သို့ သော်လည်းယခုအသစ်ထုတ်ပြန်လိုက်သည့် စည်းမျဉ်း၊စည်းကမ်းများဟာ ကမ္ဘောဒီးယားနိုင်ငံ၏ လက်
ထပ်ထိမ်းမြားခြင်းဆိုင်ရာတရားဥပဒေ၊ အပြည်ပြည်ဆိုင်ရာတရားဥပဒေများနှင့် ဆန့် ကျင်နေကြောင်းဖြင့် 
လည်း သူမကဆိုပါတယ်...အထူးသဖြင့် အမျိုးသမီးများအား ခွဲခြားဖိနှိပ်ချူပ်ချယ်မှုပပျောက်စေရေး နိုင်ငံ
တကာ သဘောတူညီချက်နှင့် ဆန့် ကျင်နေပါတယ်လို့ ဆိုပါတယ်...
အမျိုးသမီးများအနေဖြင့် အသက် ၅၀ ကျော်သည့် နိုင်ငံခြားသားများကို လက်မထပ်နိုင်ပေမယ့် အမျိုးသား
များကတော့ ၎င်းတို့ ကြိုက်နှစ်သက်သည့်မည်သည့် နိုင်ငံခြားသူမဆိုလက်ထပ်ယူနိုင်သည့်အတွက် အမျိုး
သမီးများအခွင့် အရေးဆုံးရှုံးကာ၊ ခွဲခြားဖိနှိပ်ချူပ်ချယ်သလိုဖြစ်နေပါတယ် လို့ သူမကဆိုပါတယ်...

သြော်...
သူတို့ အကျိုးအတွက် ကာကွယ်ပေးပြန်တော့လည်း တန်းလိုက်ညှိနေပြန်တာပါပဲ...
သေခါနီးဆိုပြီးလက်ထပ်ကာ ကျန်ရစ်မယ့် ဥစ္စာတွေကို အချောင်လိုချင်တဲ့ စိတ်ကူးရှိနေပုံပါပဲ...
ခေတ်ပေါ်ဆေးစွမ်းကောင်းတွေစားပြီး လေးငါးနှစ်လည်းမသေ၊ အနှစ်နှစ်ဆယ်သုံးဆယ်အထိ အသက်ရှည်
ပြီး ကိုယ့်ကို တိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံမှာကိုတော့ မတွေးမိကြပေဘူး...
ရင်နာဖို့ ကောင်းတာက ရွှေပြည်ကြီးကမိန်းကလေးများကျတော့ တစ်ကူးတစ်ကလာရောက်လက်ထပ်ထိန်း
မြားပြီးခေါ်ထုတ်စရာတောင်မလိုပဲ တစ်ဖက်နိုင်ငံကို ကိုယ်တိုင်သွားပြီး ဘ၀ပျက်ခံနေကြရတာပါပဲ...
ဒီလိုပြောလို့ အမျိုးသမီးအကုန်လုံးဒီအဖြစ်မျိုးရောက်တယ်လို့ မဆိုလိုပါဘူး...ဒါပေမယ့် မဲဆောက်၊ ရနောင်း
ဖူးခက်၊ ပတ္တယား အစရှိတဲ့ မြို့ တွေအပြင် ထိုင်းနိုင်ငံတစ်ဝှမ်းမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်လုပ်ကိုင်နေ
ထိုင်စားသောက်နေရတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေဘယ်လောက်များမယ်ဆိုတာ မှန်းဆကြည့် ရုံနဲ့ သိ
နိုင်ပါတယ်...

Male foreigners over the age of 50 have been outlawed from marrying Cambodian women in the country under new rules designed to crack down on sham marriages and human trafficking, the government said. Foreigners who earn less than $2,550 per month are also barred from wedding local women, foreign ministry spokesman Koy Kuong said, but the restrictions do not apply to weddings taking place overseas.
Marriages between old men and young women are "inappropriate", Mr Kuong said, and foreign men who wish to marry nationals must earn a high salary to ensure that "Cambodian women can live a decent life". "We are preventing fake marriages and human trafficking," he said, adding that the government was aware of cases, documented by rights groups, where Cambodian women were sent into prostitution or "used as slaves" in their husband's home country.
The Cambodian foreign ministry has sent a diplomatic note to all the embassies and consulates in the country informing them of the new regulations, which came into effect on March 1. Kek Galabru, president of local human rights group Licadho, praised the government's intention to protect Cambodian brides.
But she said the new guidelines "go against Cambodian marriage law and international law" - specifically the Convention on the Elimination of All Forms of Discrimination Against Women. "This is discrimination against women because they will not be allowed to marry men who are over 50... while Cambodian men can marry any foreign woman they choose," she said.

2 comments:

Angelhlaing(May everybody be happy and healthy! said...

သတင်းလေးလာဖတ်တယ်အကို..

မိုးယံ said...

မလေးရှားမှာရော ဘာများထူးလို့တုန်း ကိုကိုပီရယ်။ မမြင်ချင်မှ အဆုံး သောက်မြင်ကတ်ဖို့ အကောင်းဆုံး