Dead fan 'brought' to football match
Monday, April 4, 2011
သေရွာကပြန်ထလာကြည့်သည့် ဘောလုံးဝါသနာရှင်....
ဘောလုံးပွဲသိပ်ကြိုက်တဲ့ သူငယ်ချင်းရေ....မင်းအကြိုက်ဆုံးအသင်းကန်တာကိုမြင်ပြီနော်...
Friends of Christopher Jacome brought his body in a coffin to the General Santander Stadium
ကိုလံဘီယာနိုင်ငံမှ ဘောလုံးပွဲကိုအရူးအမူးစိတ်ပါဝင်စားသည့် ဝါသနာရှင်များဟာ အသတ်ခံခဲ့ ရသည့် 
ဘောလုံးဝါသနာရှင်ဆယ်ကျော်သက်ရွယ် လူငယ်တစ်ဦးရဲ့ အလောင်းကို နိုင်ငံရဲ့ Norte de Santander
မှာရှိသည့် ဘောလုံးကွင်းပွဲကြည့် စင်သို့ သယ်ယူလာခဲ့ကြ ပါတယ်...
အသက် ၁၇ နှစ်အရွယ်ရှိ ခရစ်စတိုဖာဂျကွမ် ရဲ့ ရုပ်အလောင်းကို Norte de Sandander နယ်ရဲ့ မြို့ တော်
Cucuta မှာရှိသည့် အားကစားကွင်းသို့ လွန်ခဲ့ သည့် တနင်္ဂနွေနေ့ ကကျင်းပခဲ့ သည့် ကူကုတားဒီပိုတီဗိုအ
သင်းနှင့် အင်ဗီဂါဒို အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲသို့ သယ်ဆောင်လာခဲ့ တာဖြစ်ပါတယ်...
ကူကုတားကလပ်အသင်းရဲ့ အသည်းစွဲပရိတ်သတ်ဖြစ်သည့် သေဆုံးသူလူငယ်လေးဟာ ကိုလံဘီယာနိုင်ငံ
မှာတော့ ဘောလုံးကစားနေစဉ် အရူးအမူး၊ အပြင်းအထန်၊ ကြမ်းကြမ်းတမ်းတမ်းတွန်းတွန်းတိုက်တိုက်က
စားတတ်၊ဆူပူသောင်းကျင်းတတ်သည့် အုပ်စုတစ်ခုဖြစ်သည့် ဘာရာဒယ်အင်ဒီယို အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး
လွန်ခဲ့ သည့် စနေနေ့ ကပန်းခြံတစ်ခုအတွင်းဘောလုံးကစားနေစဉ် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်
သတ်ခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
ကွယ်လွန်သူအတွက်ဝတ်ပြုဆုတောင်း၊ အသုဘအခမ်းအနားအပြီးမှာ ဘာရာဒယ်အင်ဒီယို အဖွဲ့ မှ သူငယ်
ချင်းများက ၎င်းရဲ့ ရုပ်အလောင်းထည့် ထားသည့် အခေါင်းကို နေအိမ်မှယူဆောင်လာခဲ့ ကြကာ လှည့်လည်
ခဲ့ ကြပြီး သေဆုံးခဲ့ ရသည့် ၎င်းတို့ ၏သူငယ်ချင်း ဘောလုံးပွဲအရူးအမူးဝါသနာရှင်အား ဂုဏ်ပြုသောအား
ဖြင့် ဘောလုံးပွဲကျင်းပရာအားကစားကွင်းသို့ ဆက်လက်သယ်ဆောင်လာခဲ့ တာဖြစ်ပါတယ်...
ဘောလုံးကလက်အသင်းရဲ့ ဆေးမှူး ဂျူလီယိုရီဗီရား ကတော့ သူတို့ ဟာထိမ်းမနိုင်သိမ်းမရ ဆူပူအော်ဟစ်
အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကို ၀င်ခွင့် ပြုလိုက်တာမဟုတ်ပါဘူး၊ အလောင်းတစ်လောင်းကို သာ
ခွင့် ပြုလိုက်တာဖြစ်ပါတယ်...ဒီလိုဖြစ်ရပ်ဆန်းဟာ ဒီကိုလံဘီယာမှာသာဖြစ်ခဲ့ တာဖြစ်ပါတယ်လို့ ပြောကြား
ခဲ့ ပါတယ်...
ဒေသခံရဲမှူးကြီး အယ်ဗာရိုပီကို ကလည်း လူငယ်လေးသေဆုံးရတာဟာ သူ့ ရဲ့ ဘောလုံးကစားခြင်းအပေါ်
ချစ်မြတ်နိုးတာနှင့် ဘယ်လိုမှမသက်ဆိုင်ပဲ သူနေထိုင်ရာဒေသမှာဖြစ်ပွားသည့် ရာဇ၀တ်မှု၊ ပြစ်မှုကျူးလွန်
မှုတွေရဲ့ အကျိုးဆက်တစ်ခုသာဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်...
အဆိုပါအဖြစ်အပျက်ကြောင့် ကူကုတား မှာအငြင်းပွားဖွယ်တွေဖြစ်ပွားခဲ့ ရပြီး အားကစားကွင်းတာဝန်ရှိသူ
စည်းဝေးခဲ့ ကြပါတယ်...
၎င်းတို့ အနေဖြင့် အသုဘအိမ်မှ အလောင်းသယ်ယူလာသူအချို့ အား မှတ်သားသိရှိခဲ့ ကြောင်း ရဲမှူးကြီး ပီ ကို ကပြောကြားခဲ့ ပါတယ်....
အရူးအမူး၊ အသေအကြေအားပေးတယ်ဆိုတာယုံလောက်ပါတယ်ဗျာ...
Football fanatics brought the body of a murdered teenager into a stadium in Colombia's Norte de Santander department.
The body of 17-year-old Christopher Jacome was brought in a coffin to the General Santander Stadium in Cucuta, the capital of Norte de Santander, during the Sunday match between Cucuta Deportivo and Envigado.
The boy, a loyal fan of Cucuta who belonged to the fan group "Barra del Indio" - a group known in Colombia for their aggressive antics at football matches - was shot several times Saturday while playing soccer in a local park.
After his wake, friends from "Barra del Indio" took the cadaver from the funeral home and paraded it around and then into the stadium in an attempt to pay homage to the slain football fan.
The medic for the football club, Julio Rivera, told the press, "They don't let in the "barras" (fanatics) but yes, a cadaver. This is the only part of the world where this has happened."
Colonel Alvaro Pico, a local police said that the boy's death had nothing to do with his love for the soccer team rather it was a consequence of criminal actions in the area where he lived.
The event has generated controversy in Cucuta and stadium officials will hold a meeting to find out who permitted the entry of the cadaver and what punishment will be given.
Colonel Pico said they have identified some individuals who took the body from the funeral home.
Watch the video here.
Source: Colombia Reports
3 comments:
မိုးယံ said...
ရူးပါ့တော်...ဘယ်နှယ့်သေတဲ့ကောင်က ထကြည့်မတုန်း.. မသကာ... မသာကြီးကို အပြင်ထုတ် ခေါင်းပေါ်ထိုင်ကြည့်ခိုင်းရင် ဟုတ်တုတ်တုတ်....
ဂျစ်တူး ( မုံရွာ ) said...
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကိုပီတာ ရေ---ကျနော်ငယ်ငယ်ကတော့ကြားဘူးခဲ့တယ်
ဘောလုံးကွင်းထဲမှာအားပေးရင်းသေဆုံးသွားတဲ့လူတစ်
ယောက်အကြောင်းပါ။သူကရခိုင်လူမျိုးဗျ-တိုင်းနယ်ပြည်နယ်ကစားကွင်းထဲမှာသူတို့ရခိုင်အသင်းက
ခြေပဂိုးပြန်သွင်းအပြီးမိနစ်ပိုင်းအတွင်းမှာနောက်တလုံး
ထပ်သွင်းလိုက်တာသူအသက်ပါ ယူသွားတယ်ဗျာ-
အလင်းသစ် said...
အားကစားကို အားပေးတာလွဲနေတယ်ထင်ပ။။။
ဘာပဲဖြစ်ဖြစ် ထူးဆန်းနေတာမို့ အံ့ကြနေကြမှာပါ။။။
အားပေးသွားပါတယ် အကိုရေ။။။