Malaysian MP says men have affairs as wives 'neglect' duty

Monday, April 18, 2011
ယောကျာင်္းတွေဖောက်ပြန်တာ ဇနီးမယားတွေကြောင့် လို့ ဆိုတဲ့ မလေးရှားကအမတ်မင်း...

ဆင်ခြေအပေးကောင်းသူကြီး....
မလေးရှားအမျိုးသားများအနေနှင့် ၎င်းတို့ ၏ဇနီးမယားများကလင်ယောကျာင်္းများအပေါ်မှာထားရှိရမည့် သူ
မတို့ ရဲ့ တာဝန်ဝတ္တရားများအား လစ်လျူရှုကာပျက်ကွက်ခဲ့ မှုတွေကြောင့် အိမ်ထောင်ပြင်ပမိန်းကလေးများ
နှင့် ဇတ်လမ်းများဖြစ်ရခြင်းဖြစ်တယ်လို့ မလေးရှားနိုင်ငံမှ အမတ်မင်းတစ်ဦးက လွန်ခဲ့ သည့် ကြာသပတေး
နေ့ ကလွှတ်တော်အတွင်းပြောကြားခဲ့ လိုက်လို့ အမျိုးသမီးအဖွဲ့ အစည်းများစိတ်ဆိုးဒေါသထွက်ခဲ့ ကြရပါ
တယ်....
အိမ်ထောင်ရှင်ခင်ပွန်းသည်များဟာ အလုပ်၊ ရုံးတွေကအပြန်မှာ မြင်တွေ့ ရတဲ့ မြင်ကွင်းတွေကြောင့် စိတ်
ဓါတ်တွေတက်ကြွပြီး ချစ်ပွဲဝင်ကာ၎င်းတို့ ရဲ့ အာသာဆန္ဒကိုဖြေဖျောက်ဖို့ စိတ်တွေဖြစ်လာကြပါတယ်...လို့ 
အဆိုပါတစ်သီးပုဂ္ဂလအမတ်မင်း အီဗရာဟင်အလီက ပြောကြာင်း မလေးရှားအွန်လိုင်းသတင်းစာမျက်နှာ
တစ်ခုဖြစ်သည့် မလေးရှာကီနီ ရဲ့ အဆိုအရသိရပါတယ်....( အိမ်အပြန်ကားမောင်းယင်းဘယ်တွေဝင်ပြီးဘာ
တွေမြင်လို့ ဒီလိုစိတ်တွေဖြစ်သလည်းတော့ မသိပါဘူး...)
" ဒါပေမယ့် ဗျာ .... အိမ်ရောက်တယ်ဆိုယင်ပဲ ဇနီးမယားတွေက နေပါဦး....ဒီမှာချက်လို့ ပြုတ်လို့ မပြီးသေး
ဘူး...အဒေါ်တို့ အိမ်သွားလည်မလို့ ...စတာတွေပြောပြီး ဆင်ခြေပေးတော့ တာပါပဲ..." လို့ မစ္စတာအလီက
ဆိုပါတယ်...
" အစ္စလာမ်ဘာသာမှာက ဇနီးမယားဆိုတာ ခင်ပွန်းဖြစ်သူရဲ့ တောင်းဆိုမှုဆန္ဒကိုလိုက်လျောဖြည့် ဆည်းဖို့ 
ဘာပဲလုပ်နေလုပ်နေ ရပ်ဆိုင်းပြီးအသင့် ဖြစ်စေရမှာဖြစ်ပါတယ်..." လို့ မလေးရှားနိုင်ငံရေးဇတ်ခုံမှာ မလေး
လူမျိုးများအတွက်ကာကွယ်ပေးဖို့ မလေးအမျိုးသားရေး လက်ယာအုပ်စုတစ်ခုဖြစ်သည့် ပါကာဆ အဖွဲ့ ကို
ဦးဆောင်တာဖြစ်ပါတယ်....
ဇနီးမယားတွေအနေနှင့် ၎င်းတို့ ရဲ့ တာဝန်ဝတ္တရားများနဲ့ ပါတ်သက်ပြီးပညာပေးနိုင်ဖို့ အစိုးရရဲ့ ဘာသာရေး
ထွန်းကားပြန့် ပွားရေးဌာနရဲ့ အစီအစဉ်များကိုမေးမြန်းပြီး ယခုကဲ့ သို့ ပြင်းထန်သည့် မှတ်ချက်ပေါ်ထွက်လာ
တာဖြစ်ပါတယ်...
ဇနီးမယားတွေကသူတို့ ရဲ့ တာဝန်ဝတ္တရားတွေပျက်ကွက်တော့ ခင်ပွန်းဖြစ်သူအမျိုးသားများကို သူတို့ ရဲ့ 
အာသာဆန္ဒတွေဖြေသိမ့် ဖို့ သီးသန့် နေရာတွေရောက်စေတာပါပဲလို့ သူကဆိုပါတယ်...

 
MALAYSIAN men have extramarital sex because of 'wives who neglect their responsibilities' to their husbands, a Malaysian lawmaker told Parliament on Thursday, outraging women's groups.
'Husbands driving home after work see things that are sexually arousing and go to their wives to ease their urges,' said independent lawmaker Ibrahim Ali, according to online portal Malaysiakini.
'But when they come home to their wives, they will say, 'wait, I'm cooking,' or 'wait, I'm getting ready to visit relatives',' Mr Ali said.
'In Islam, wives are supposed to stop everything to fulfill their husband's demands.' Mr Ali heads Perkasa, a right-wing Malay nationalist group seeking to protect ethnic Malay dominance in politics.
His strident comments came as he asked about plans by the government's religious development department to educate wives on their responsibilities.
Wives failing in their duties pushed men to go to 'private places to satisfy their urges", he said. 

6 comments:

ကိုဇော် said...

တစ်ခုရှိတာက မိန်းမတွေကလည်း ဆိုးတယ်ဗျ။ သူတို့မှာလည်း များသော အားဖြင့်က သူတို့ ကြိုက်လို့ထက် အရင်က အိမ်က ပေးစားလို့ ညားတာ ဆိုတော့ အခုနောက်ပိုင်း အလုပ်မှာ တွေ့တဲ့ ဘကုန်း ၊ နငယ် တွေနဲ့ ဖြစ်ချင်သလို ဖြစ်နေကြတော့ ယောကျာ်း တွေကို ဂရုမစိုက်တော့ဘူးပေါ့ဗျာ။ ဒီတော့လည်း ယောက်ျားတွေကလည်း ဖြစ်ပြီပေါ့။ အင်း . . တန်ရာ တန်ရာပါပဲဗျာ။

Qu Te kitchen said...

ဒါ တဖက်သက် အနိုင်ကျင့်တာပဲ

မိုးယံ said...

စိတ်လေဒယ်လ်။ ကြေးစားမတွေပဲ လေးယောက်လောက် ယူထားလိုက်ပေါ့ကွယ်...။ ဘယ်အချိန်ဖြစ်ဖြစ် တစ်ယောက်မဟုတ်တစ်ယောက် တော့ အဆင်သင့်ဖြစ်လောက်ပါရဲ့။ ဒါမှ မဟုတ်လဲ ထပ်ယူလိုက်ပေါ့ကွယ်.. ဘုရားသခင် ခွင့်ပြုတော် မူတာပဲကို... သုခဘုံရောက်ရင်လည်း အကိတ်လေးတွေနဲ့ ပျော်ရဦးမှာ... ဒီမှာလဲ ကောင်းကောင်းပျော်...၊ပျော်နိုင်ဖို့လည်း ငယ်ငယ်ကတည်းက ပြင်ဆင်... အိုး ကောင်းမှ ကောင်း ပုရိသတို့ တဏှာကြူးတဲ့ ဒွတ်ဒယာဂျီးပဲ တော်ရေ။ဘုရားသခင်ကိုသာ ရှိခိုးလိုက် အားလုံး ခွင့်ပြုပါတယ်ဆို။

family said...

အင်း သူကယောက်ကျားသားဆိုတော့ သူ့ဘက်ကိုအကောင်းဖြစ်အောင်ပြောတာလို့ယူဆရမလားပဲ...
တစ်ကယ်တမ်း မိန်းမတာဝန်ကျေပွန်ပါလျက် အသစ်အသစ်သော အတွေ့အကြုံတွေကိုလိုချင်ကြတယ်.နောက် ကိုယ့်မိန်းမရဲ့ရိုးသားမှု၊ ကြင်နာယုယမှု ၊နွေးထွေးဖော်ရွေမှု၊ မေတ္တာတရားတွေကို ဘေးချိတ်ပီး တီတီတာတာပလီပလာနဲ့ညုတုတုခရာတာတာ ဗလောင်းဗလဲတွေကြားမှာ ပိုပြီးပျော်မွေ့လို့ ဖောက်ပြန်ကြတယ်ထင်ပါရဲ့

ရွှေရတုမှတ်တမ်း said...

ကျားသဘာဝကတော့ အသစ်စက်စက်မှ ချစ်လျက်သာနေချင်တာပဲ..မိန်းမတယောက်ကို တနှစ်လောက်ရှိရင်ငြီးငွေ့လာတာအမှန်..
မိန်းမတွေအနေနဲ့ ခနခန renew ဖြစ်အောင်ကြိုးစားနိုင်ပါမှ

အိမ့်ချမ်းမြေ့ said...

အဲဒီယောင်္ကျားတွေ နောက်ဘ၀ မိန်းမ အကုန်ဖြစ်ပြီး၊ မိန်းမတွေက နောက်ဘ၀မှာ ယောင်္ကျားတွေပြန်ဖြစ်တဲ့
ဘာသာရေးအယူအဆ တစ်ခုအတိုင်း မှန်ခဲ့မယ်ဆိုရင်...