Girls taught how to avoid 'sugar daddies'

Thursday, April 7, 2011
စပွန်ဆာ၊ အကြင်နာ မည်သို့ ရှောင်


ဗူးသီးနုနုကြိုက်တတ်သည့် ဆရာကြီးများကျက်စားတတ်သည့် ချစ်သူရည်းစားရှာကြသည့် 
တရုတ်ပြည်မှ ဖိုရမ်၊ ၀က်ဘ်ဆိုဒ်....
A dating site where 'sugar-daddies' are sought
အလယ်တန်းနှင့် မူလတန်းကျောင်းသူများအား အသက်အရွယ်ကြီးရင့် သူ၊ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝသူ၊
အာဏာရှိသူများ၏ ဖျားယောင်းသွေးဆောင်ခြင်းမှ မည်ကဲ့ သို့ ရှောင်ရှားနိုင်ရန်နှင့် မိမိခြေထောက်ပေါ်မိမိ
ရပ်တည်နိုင်ရန်၊ ကိုယ့် အားကိုယ်ကိုးနိုင်စေရန်အဓိက ပညာပေးစီမံချက်တစ်ခုကို တရုတ်နိုင်ငံတွင် စတင်
ခဲ့ ပါတယ်...
" အဆိုပါပညာပေးအစီအစဉ်ဟာ မိမိကိုယ်ကိုတန်ဖိုးထားလေးစားနိုင်ရေး၊ မိမိကိုယ်ကိုယ်မိမိယုံကြည်မှုရှိ
ကာကိုယ့်အားကိုယ်ကိုးရေး၊ မိမိဘ၀တိုးတက်ေ၇းအတွက် မိမိကိုယ်တိုင်အားထုတ်ရေး စသည့်အချက်များ
အပေါ် အဓိကထားသွားမည်ဖြစ်ကြောင်း..." ဂွမ်တုံပြည်နယ် ဒုတိယအုပ်ချူပ်ရေးမှူးနှင့် ပြည်နယ်မိခင်နှင့် 
ကလေးစောင့် ရှောက်ရေ့းလုပ်ငန်းကော်မတီ ညွှန်ကြားရေးမှူး လေယုလန် ကပြောကြားခဲ့ ပါတယ်...
" ယခုပညာပေးစီမံချက်မှ အတွေ့ အကြုံများရရှိကာ ထပ်မံပြီး တစ်ပြည်နယ်လုံးတိုးချဲ့ ဆောင်ရွက်သွားနိုင်
လိမ့် မယ်လို့ မျှော်လင့် ယုံကြည်ထားပါတယ်..." ဟု သူမကဆိုခဲ့ ပါတယ်...
ထိုအစီအစဉ်ကို လွန်ခဲ့ သည့် တနင်္လာနေ့ ကပြုလုပ်ခဲ့ သည့် နှီးနှောဖလှယ်ပွဲတစ်ခုတွင်ထုတ်ဖော်ပြောကြား
ခဲ့ တာဖြစ်ပြီး ဂွမ်တုံအမျိုးသမီး စက်မှုသိပ္ပံအငြိမ်းစားကျောင်းအုပ်ဆရာမကြီး မြောင်မေရှန်း က ကောလိပ်
ကျောင်းသူများနှင့်ဘွဲ့ ရမိန်းကလေးအများအပြားဟာ ငွေကြေးချမ်းသာကြွယ်ဝသူ သက်ကြီးရွယ်အိုများ၏
မယားငယ်၊ စပွန်ဆာများ၊ အိမ်မှုကိစ္စများဖြင့် တစ်နေကုန်ကြရသည့် ဇနီးမယားများဖြစ်ကုန်ကြကြောင်းဖြင့်
လည်း ဝေဖန်ပြောကြားခဲ့ ပါတယ်....
အမျိုးသမီးငယ်များဟာ ဘ၀မှာဥစ္စာငွေကြေးချို့ တဲ့ ခြင်း၊ ပညာရေးကိုဆုံးခန်းတိုင်မသင်ယူ၊ မတတ်မြောက်
နိုင်ခြင်းများကြောင့် ထိုကဲ့သို့ အဖြစ်အပျက်မျိုးဖြင့် ဘ၀ကိုအဆုံးသတ်ဖြေရှင်းနေကြရကြောင်း မြောင်က
ဆက်လက်ပြောကြားခဲ့ ပါတယ်...
ထိုကဲ့ သို့ အဖြစ်အဖြစ်အပျက်ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် ဂွမ်တုံပြည်နယ်၏ ၂၀၁၁-၂၀၂၀ မိခင်
နှင့်ကလေးစောင့် ရှောက်ရေး ဖွံ့ ဖြိုးတိုးတက်အောင်မြင်ရေးစီမံချက်မူကြမ်းဥပဒေ ကိုလည်း ဆွေးနွေးနေပါ
တယ်လို့  ဒုတိယအုပ်ချူပ်ရေးမှူး ကပြောကြားခဲ့ ပါတယ်...
လူမှုဆက်ဆံရေးပညာရှင်များကတော့ ထိုကဲ့ သို့ ပညာပေးစီမံချက်များဟာ အထောက်အကူဖြစ်စေမှာဖြစ်
ကြောင်းပြောကြားခဲ့ ကြပြီး စတင်အကောင်အထည်ဖေါ်နိုင်မှုကို ကြိုဆိုခဲ့ ကြပါတယ်...

ရွှေပြည်ကြီးမှာလည်း ဒီလိုပညာပေးမျိုးအလျင်အမြန်စတင်သင့် ပြီဆိုတာတော့ ပြောနေဖို့ တောင်မလို
တော့ ဘူလို့ ထင်ပါတယ်...
The pilot project is aimed at telling girls at middle and elementary schools how to avoid falling into the clutches of older, richer men and stand on their own two feet.

"The education will focus on self-esteem, self-confidence, self-reliance and self-improvement," said Lei Yulan, vice-governor of Guangdong and director of the Working Committee on Children and Women of Guangdong province.

We hope to get experience from this pilot programme and then gradually roll it out across the province."
She revealed the plan at a symposium on Monday where Miao Meixian, the former principal of Guangdong Female Technical Secondary School, criticised the phenomenon that has seen many female college students and graduates become mistresses or marry sugar daddies and become full-time housewives.
Miao said the young women were settling for such a life in part because of deficiencies and failures in the education of girls.

Lei said the draft Development Plan for Women and Children of Guangdong Province (2011-2020), which is under discussion, will tackle the problem.
Sociologists have welcomed the initiative, saying such a programme will help.

5 comments:

Unknown said...

ဘယ်တော့ရေးရေး ချွေပီဂျီးအတွက် စဉ်းစား ပေးတဲ့ ဦးလေးပီတာ ကို ကျေးတမာဒယ်

ဟိုတစ်လောက ပေါက်ဖေါ်ကြီးတို့ပြည် မှာ ခေတ်စားတဲ့ တက္ကသိုလ်ကျောင်းသူလေးတွေ လိုမျိုးမဖြစ်အောင် ဂုစိုက်ရမယ်ပေါ့လေ.

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဘယ်သူပညာမပေးပေး ကိုပီတာ ကပညာပေးနေတာနဲ့ဘဲ
ကျေနပ်လှပါပြီ-တဆင့်စကားတဆင့်နားနဲ့ဖြန်ကြတာပေါ့-
သတင်းဆိုတာဖြန့်တတ်ရင်ပြန့်ပါတယ်ဗျာ-
စေတနာအမှန်မို့တန်ဘိုးထားလေးစားလျက်ပါ-
စင်္ကာပူမှာတော့ “ကိုပီတာ” ကိုမသိသူမရှိသလောက်ပါ။
ကျေးဇူးအထူးတင်မိပါတယ်-

Angelhlaing(May everybody be happy and healthy! said...

အကိုရေ မရိုးရတဲ့ ဗဟုသုတတွေအတွက် ကျေးဇူးပါလို့..
အားပေးနေလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

အလင်းသစ် said...

စပွန်ဆာတဲ့ ရွှေပြည်ကြီးမှာလည်းတစ်ခေတ်
ထနေပါပေါ့။။။ မရှိတာထက် မသိတာခက်ဆိုသလို
မြန်မာတွေရဲ့ ယဉ်ကျေးမှုတွေကိုမေ့လျော့ပြီး မသိ
ကြတော့တဲ့ထိကိုဖြစ်လာနေပါရောလားဗျာ။။။
ငွေကြေးဆိုတဲ့အမျိုးက သုံးသင့်တဲ့အချိန်၊
သုံးသင့်တဲ့နေရာမှာ သုံးရင်တော့ပိုကောင်းတာပေါ့နော်။။။

အလင်းသစ် said...

စပွန်ဆာတဲ့ ရွှေပြည်ကြီးမှာလည်းတစ်ခေတ်
ထနေပါပေါ့။။။ မရှိတာထက် မသိတာခက်ဆိုသလို
မြန်မာတွေရဲ့ ယဉ်ကျေးမှုတွေကိုမေ့လျော့ပြီး မသိ
ကြတော့တဲ့ထိကိုဖြစ်လာနေပါရောလားဗျာ။။။
ငွေကြေးဆိုတဲ့အမျိုးက သုံးသင့်တဲ့အချိန်၊
သုံးသင့်တဲ့နေရာမှာ သုံးရင်တော့ပိုကောင်းတာပေါ့နော်။။။