Tainted milk in China: Three dead, 34 ill

Friday, April 15, 2011

လာပြန်ပြီ မသန့် ရှင်းသည့် နွားနို့ ....


Milk check...Two suspect dairy farms have been shut down and are being investigated
Milk check...Two suspect dairy farms have been shut down and are being investigated
နို့ ကိုလက်နဲ့ တို့ ကြည့် ရုံနဲ့ တော့သိနိုင်မယ်မထင်....
အဲဒီလုပ်လို့ အတုလားအစစ်လားသိမှာက တစ်ခြားနို့ ဖြစ်ပါလိမ့် မယ်ဆရာရယ်...


ဓါတုပစ္စည်းများထည့် သွင်းအသုံးပြုထားသည့် နို့ များသောက်သုံးမိ၍ တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း
ဒေသတွင် လူ ၃ဦးသေဆုံးခဲ့ ရပြီး ၃၄ ဦးနာမကျန်းဖြစ်ခဲ့ ရတယ်လို့ အစိုးရကပြောကြားလိုက်ပြီး ယခုပြဿ
နာဟာ အစားအသောက်များနှင့် ပါတ်သက်ပြီးတရုတ်နိုင်ငံ၏နောက်ဆုံး ဖြစ်ပွားခဲ့ သည့် အထိတ်တလန့် 
ဖြစ်မှုလည်းဖြစ်ပါတယ်...
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပင်လျန်းမြို့ သားများဟာနို့ များသောက်သုံးပြီး နိုက်ထရိုက်ဓါတ်အဆိပ်သင့် 
ခဲ့ ကြတာဖြစ်တယ်လို့ ဒေသခံအစိုးရရုံးရဲ့ ကြေငြာချက်က ဆိုပါတယ်...
အဆိုပါနိုက်ထရိုက်ဓါတုပစ္စည်းဟာ အသားများမပုပ်မသိုး၊ကြာရှည်ခံအောင်ပြုလုပ်ရာနှင့် ဆိုးဆေးများပြု
လုပ်ရာမှာ အသုံးပြုသည့် ပစ္စည်းဖြစ်ပါတယ်...

ထိုဖြစ်ရပ်နှင့် ပါတ်သက်ပြီးသံသယဖြစ်ဖွယ် နို့ စားနွားမွေးမြူရေးခြံ၊စက်ရုံနှစ်ခုကိုပိတ်ပစ်ခဲ့ပြီးစုံစမ်းစစ်ဆေး
မှုများပြုလုပ်လျှက်ရှိပါတယ်လို့ လွန်ခဲ့ သည့် ကြာသပတေးနေ့ ကထုတ်ပြန်ခဲ့ သည့် ကြေငြာချက်ကဆိုပါ
တယ်....
ပင်လျန်းဒေသဟာ တရုတ်နိုင်ငံ၊ ဂန်ဆု ပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်...
အမေရိကန်နိုင်ငံ ရောဂါထိန်းချူပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာနရဲ့ အဆိုအရ နိုက်ထရိုက်အဆိပ်သင့် မှု
ကြောင့် မူးဝေအော့ အန်ခြင်းများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာများ၊ သတိလစ်ခြင်း၊ တက်
ခြင်းများ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်...
တရုတ်နိုင်ငံရဲ့ မကောင်းသတင်းဖြင့် ကျော်စောနေသည့် စားသောက်ကုန်ထုတ်စက်မှုလုပ်ငန်းများမှာတော့ 
အထူးသဖြင့် နို့ နှင့် နို့ ထွက်ပစ္စည်းလုပ်ငန်းများမှာ ထိုကဲ့ သို့ အဆိပ်သင့် မှုများဟာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်နေ
ပါတော့ တယ်...

လွန်ခဲ့ သည့် ၂၀၀၈ ခုနှစ်များကလည်း မသန့် ရှင်းသောနို့ မှုန့် ၊ စက်ရုံသုံးမယ်လမင်းဓါတ်များပါဝင်သည့် နို့ 
မှုန့် များကြောင်း ကလေးငယ် ခြောက်ဦးအနည်းဆုံးသေဆုံးခဲ့ ရပြီး သုံးသိန်းကျော် နာမကျန်းဖြစ်ခဲ့ ရလို့ တ
ရုတ်ပြည်မှ နို့ နှင့် နို့ ထွက်ပစ္စည်း လုပ်ငန်းများဂယက်ရိုက်သွားခဲ့ ရပါသေးတယ်...
နို့ နှင့် နို့ မှုန့် များတွင် ပရိုတင်းဓါတ်ပါဝင်မှု များသည့်ပုံစံမျိုးဖြစ်စေရန် မယ်လမင်းဓါတ်များ ထည့် သွင်းကြ
တာဖြစ်ပါတယ်...

ထိုစဉ်ကတော့ သံသယရှိသည့် နို့ မှုန့် များအားလုံးကိုဖမ်းဆီးသိမ်းဆည်းခဲ့ကာဖျက်ဆီးခဲ့ ပြီး ထိုလုပ်ငန်းကို
အသေအချာစစ်ဆေးထိန်းချူပ်သွားမည်ဟု အာဏာပိုင်များကဆိုခဲ့ သော်လည်း မယ်လမင်းဓါတ်ပါဝင်သည့် 
နို့ နှင့် နို့ ထွက်ပစ္စည်းများကတော့ ဈေးကွက်ထဲသို့ ရောက်မြဲရောက်နေခဲ့ တာဖြစ်ပါတယ်...
လွန်ခဲ့သည့်နှစ် ဂျူလိုင်လကလည်း အာဏာပိုင်များက ၎င်းတို့ အနေနှင့် ၂၀၀၉ ခုနှစ်အစောပိုင်းကာလများ
က မသန်ု့ စင်သည့် ဓါတ်များပါဝင်သည့် နို့ မှုန့် တန်ချိန် ၂၅၀၀၀ တွေ့ ရှိ ( ဖမ်းဆီး ) ခဲ့တယ်လို့ ကြေငြာခဲ့ 
ပါတယ်...
လွန်ခဲ့ သည့် လကလည်း ၀က်သားများတွင် ကလင်ဗျူတာရော ( အဆီကျအသားကျစ်ဆေး ၊ ဒါမှဝက်သား
က အဆီနည်းပြီးအသားများတယ်လို့ ထင်ရမှာ ၊ အားကစားသမားများ၊ ကိုယ်ကာယအလှသမားများလည်း
သုံးပါတယ်...ဆေးပါးများပါရှိခဲ့ တာတွေ့ ခဲ့ ရလို့ တရုတ်နိုင်ငံမှ အကြီးဆုံး( ၀က်သတ်လိုင်စင်ရ )အသား
ထုတ်ကုမ္ပဏီကြီးမှ တောင်းပန်ခဲ့ ရပါသေးတယ်...
အဆိုပါ တရားမ၀င်သုံးစွဲသည့် ဆေးကြောင့် ခေါင်းမူးခြင်း၊ နှလုံးခုန်မူမမှန်ခြင်း၊ ချွေးထွက်လွန်ခြင်းများဖြစ်
စေတယ်လို့ ဆိုပါတယ်...

ရွှေပြည်ကြီးကစားသောက်ကုန်လုပ်ငန်းများကြီးကြပ်ရာမှာတာဝန်ရှိသည့်အဖွဲ့ အစည်းများလည်း ဒီသတင်း
ဖတ်မိပြီး ပိုမိုထိရောက်စွာ စောင့် ကြည့် လေ့ လာစစ်ဆေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်...

Three people died and 34 have been left ill in northwestern China from food poisoning believed linked to tainted milk, the government said, in what is the country's latest food safety scare.
A preliminary investigation showed victims in the city of Pingliang suffered nitrite poisoning after drinking milk, a local government statement said.
Nitrite is a chemical used to make dyes and to preserve meats.
Two suspect dairy farms have been shut down and are being investigated, said the statement issued on Thursday. Pingliang is in Gansu province.
According to the US Centres for Disease Control and Prevention, nitrite poisoning can result in nausea, dizziness, respiratory distress, loss of consciousness and seizures.
Such safety incidents are routine for China's notoriously scandal-prone food industries, with the dairy sector a particular area of concern.
The dairy industry was rocked in 2008 when at least six babies died and another 300,000 became ill from milk tainted with the industrial chemical melamine.
Melamine had been added to give the appearance of higher protein levels.
Authorities said at the time that all suspect milk powder had been confiscated or destroyed and promised to clean up the industry, but melamine-tainted products have continued to reach the market.
In July last year, authorities announced they had found 25,000 tonnes of tainted milk powder earlier in 2009.

Last month, the country's largest meat processor was forced to apologise when clenbuterol was found in some of its pork products. The illegal additive can lead to dizziness, heart palpitations and profuse sweating.

Other recent scandals have involved contaminated red wine, bleached mushrooms, fake tofu and recycled cooking oil.
Source: AP

2 comments:

အလင်းသစ် said...

လူတွေ လောဘကြီးလာပြီး လူတွေကိုပြန်သတ်သလို
ဖြစ်နေတာပေါ့နော်။။။
အားပေးသွားတယ် ကိုကြီးပီတာရေ။။။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကြောက်စရာကြီးပါလား ကိုပီတာ ရေ-
နွားနို့ တောင်မသောက်ရဲအောင်ဘဲခင်ဗျာ-