The million pound mutt: Red Tibetan Mastiff becomes world's most expensive dog

Thursday, April 14, 2011

ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေး...
မေတ္တာတရားဆိုတာငွေနဲ့ ပေးဝယ်လို့ မရဘူးလို့ ဆိုကြပေမယ့် ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ
၁.၅၄၈၅သန်း ) ကတော့ သင့် ကိုလူသားများအတွက် တန်ဖိုးအကြီးဆုံးမိတ်ဆွေဝယ်ပေးနိုင်ပါလိမ့် မယ်...
အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)
ဖြင့် ဝင်ယူခြင်းခံခဲ့ ရလို့ ကမ္ဘာ့ ဈေးအကြီးဆုံးခွေးဖြစ်သွားခဲ့ ရပါပြီ...
တရုတ်ဘာသာစကားဖြင့် ဟောင်တုံး လို့ ခေါ်ဆိုကြသည့် ပိုက်ဆံကြီး (ခွေးအမည် ) ၊ကိုတော့ တရုတ်နိုင်ငံ
မြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိကာ ကြက်သား၊ အမဲသားအပါအ၀င် တန်ဖိုးကြီးမားလူကြိုက်များသည့် တရုတ်ရိုး
ရာအစားအစာများဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်က
တော့ ယခုလို သန်းကြွယ်သူဌေးတစ်ဦးကသာပိုင်ရှင်ဖြစ်နေခြင်းကပိုလို့ ပင်ကံကောင်းထောက်မမှုတစ်ခု
ဖြစ်ပါတယ်...

Pricey pup: A Red Tibetan Mastiff called Big Splash has become the world's most expensive dog

မြန်မာငွေနဲ့ ဆိုယင်တော့ ခြေတစ်လှမ်းကို ကုဋေတစ်သန်းတန်တာ အမှန်ပဲပေါ့ ...

တိဘက်ခွေးဘီလူးများဟာ ကိုယ်အလေးချိန် ၂၈၆ ပေါင် ( ရပ်ဘီကစားသမားတစ်ယောက်ရဲ့ ကိုယ်အလေး
ချိန်နီးပါး ) အထိရှိလာနိုင်တာမို့ သူ့ ရဲ့ ပိုင်ရှင်ကတော့ အိမ်ကြီးကြီးတစ်လုံးလည်း လိုအပ်မှာအမှန်ပါပဲ...
၁၁ လသားရှိသည့် ထိုခွေးဘီလူးဟာ ချွတ်ယွင်းချက်မရှိသည့် အကောင်းဆုံးမျိုးဖြစ်တာမို့ သူ့ အတွက် ယခု
လောက်ငွေကုန်ကြေးကျခံပြီး ၀ယ်ယူခြင်းဟာ လုံးဝတန်ပါတယ်လို့ ခွေးမျိုးစပ်ရောင်းသူ လူလျန်း ရဲ့ အဆို
အရသိရပါတယ်....

Worth its weight in gold? The Red Tibetan Mastiff has become a sought-after breed among rich Chinese, with one selling recently for almost £1mရွှေနဲ့ ချိန်စက်ပြီးဝယ်လေသလားပါပဲ...
Worth its weight in gold? The Red Tibetan Mastiff has become a sought-after breed among rich Chinese, with one selling recently for almost £1m (file picture)


" ကျွန်တော်တို့ အနေနှင့် ဒီခွေးကိုပြုစုကျွေးမွေးဖို့ ငွေအတော်ကုန်ခဲ့ ၇ပါတယ်...ပြီးတော့ ကျွန်တော်တို့ မှာ
ဒီခွေးမျိုးတွေကိုထိန်းသိမ်းစောင့် ရှောက်ဖို့ ဝန်ထမ်းတွေအများကြီးခန့် ရ၊ လစာငွေတွေအများကြီးပေးရပါ
တယ်....
ပိုင်ရှင်အနေနှင့် ထို ပိုက်ဆံကြီးကို ခွေးအမတစ်ကောင်နှင့်မျိုးစပ်ပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၅၀၀၀ ရ
ရှိတောင်းယူနိုင်မှာဖြစ်ပါတယ်... " လို့ မျိုးစပ်ေ၇ာင်းသူ ကဆိုပါတယ်...
ယခုကဲ့ သို့ ဈေးနှုံးကြီးမြင့် စွာဝယ်ယူနိုင်မှုကတော့ တိဘက်ခွေးဘီလူးများဟာ ရတနာရွှေငွေများ၊ အဖိုး
တန်ကားများဖြင့် တစ်ဦးနှင့် တစ်ဦးပြိုင်ဆိုင်ကြွားဝါနေကြသည့် တရုတ်နိုင်ငံမှချမ်းသာကြွယ်ဝသူများ၏
ပိုင်ဆိုင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း ဖေါ်ပြချက်တစ်ခုဖြစ်လာနေပါတယ်...
Ancient breed: The dog is a descendant of animals kept by nomadic Chinese tribes
တိဘက်ခွေးဘီလူးများဟာ တရုတ်နိုင်ငံမှာတော့ ရှေးနှစ်ပေါင်းများစွာကတည်းက
စစ်မျိုးနွယ်စုတွေ မွေးမြူခဲ့တာဖြစ်ပါတယ်...

အနီရောင်ဟာ တ၇ုတ်လူမျိုးများအတွက် ကံကောင်းစေသည့် အရောင်ဖြစ်ရုံသာမက ထိုခွေးဘီလူးများဟာ
၎င်းတို့ ကိုပိုင်ဆိုင်သူများအား ကျန်းမာခြင်းလာဘ်အပြင် ဘ၀အတွင် စိတ်ချလုံခြုံမှုပါဖြစ်ပွားစေနိုင်သည့် 
မြင့် မြတ်စင်ကြယ်သည့် ကံကောင်းခြင်းအဆောင်တိရိစ္ဆာန်များဖြစ်တယ်လို့ ယုံကြည်ယူဆကြပါတယ်...
ခွေးများဟာ လူအဖြစ်ပြန်ဝင်စားနိုင်ဖို့ သို့ တည်းမဟုတ် ရှန်ဘားလားဟုခေါ်သည့် ကောင်းကင်ဘုံ၊နတ်နန်း
သို့ ရောက်ရှိနိုင်ရန် ကုသိုလ်ကံအလုံအလောက်မရှိသေးသသည့် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏၀ိ
ဥာဉ်များ ပြန်ဝင်စားကြသည်ဟု တိဘက်များကယုံကြည်ကြပါတယ်...
အဆိုပါတိဘက်ခွေးဘီလူးများကိုပိုင်ဆိုင်ခဲ့ ကြသူများတွင် ၀ိတိုရိယဘုရင်မကြီး၊ စတုတ္တမြောက်ဂျော့ ဘုရင်
နှင့် အနောက်ဥရောပကိုအောင်နိုင်စေ၇န်အတွက် (ချီတက်ခဲ့ စဉ်) ၎င်း၏စစ်တပ်နှင့် အတူ ခွေးပေါင်း ၃၀၀၀၀ ကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ သည့် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် လည်း ပါဝင်ပါတယ်...
ယခုအခါတွင်ဗြိတိန်နိုင်ငံ၌ တိဘက်ခွေးဘီလူးပေါင်း အကောင် ၃၀၀ ခန့် သာရှိပြီး ခွေးသားပေါက်လေးများ
အား တစ်ကောင်လျှင် ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ကျော်အထိ သင့် တင့် မျှတသော နှုံးထားဖြင့် ရောင်းချနေ
ကြပါတယ်...

Nouveau riche: Red Tibetan Mastiffs have become a status symbol for newly wealthy Chinese, with the country's economic boom evident in the changing Beijing skyline
တရုတ်နိုင်ငံရဲ့ လူကုံထံအသိုင်းအ၀ိုင်းမှာတော့ တိဘက်ခွေးဘီလူးများဟာ မရှိမဖြစ်ပြယုတ်ဂ် တစ်ခုဖြစ်
လာနေပါပြီ...

ဗြိတိန်နိုင်ငံ၊ ဝေလနယ်မြောက်ပိုင်း၊ ဖလင့် ရှိုင်းယားနယ် မိုးလ်ဒ်အ၇ပ်အနီး ပန်တင်းဝန်း မှ တိဘက်ခွေးဘီ
လူး သားဖေါက်ရောင်းသူ ဂျိန်းစ်ပယ်လီကတော့ "  ထိုခွေးဘီလူးများဟာ အလွန်တတ်သိလိမ္မာကြပြီး ဘေး
အန္တရယ်များကျရောက်မှာကိုလည်း အလွန်တိကျစွာ အာရုံခံသိရှိနိုင်ကြပါတယ်...
တိဘက်ခွေးဘီလူးများကို မူလက ကျွဲ၊နွား၊သိုး၊ဆိတ် မွေးမြူရေးတိ၇ိစ္ဆာန်များအားထိန်းကျောင်းရန်အသုံးပြု
ခဲ့ ကြပြီး သူတို့ ဟာတစ်ခြားသောတိရိစ္ဆာန်များနှင့် လည်း သင့် မြတ်ကာ ကလေးများကိုလည်း ချစ်ခင်တွယ်
တာတတ်ကြပါတယ်...
ကျွန်တော့ မှာ ခြောက်ကောင်ရှိပြီး သူတို့ ကိုချစ်ကြောင်းမပြယင်၊ ဂရုမစိုက်ပဲနေယင် တီဗီရှေ့ မှာသာ သွား
ထိုင်နေကြတော့ တာပါပဲ..." လို့ ပြောပြခဲ့ ပါတယ်...
ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေးဘွဲ့ ကို ယခင်နှစ်က ပေါင်စတာလင် ၉၁၅၀၀၀ ( ဒေါ်
လာ ၁၄၉၉၃၅၉ နီးပါး) တန်ဖိုးရှိသည့် ခြင်္သေ့ နီ ဟုအမည်ရသည့် တိဘက်ခွေးဘီလူးက ပိုင်ဆိုင်ရ၇ှိခဲ့ ပါ
တယ်...

အတိဆင်းရဲဒုက္ခရောက်နေကြတဲ့ သူတွေကစားစရာတောင်မရှိအောင်ငတ်ပြတ်မွဲတေနေချိန်မှာထားစရာမ
ရှိအောင် ချမ်းသာနေကြသူတွေကလည်း ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်သာ သက်တမ်းရှိမယ့် ခွေးတစ်
ကောင်ကို ဒေါ်လာသန်းချီပေးဝယ်ကာ အကုန်အကျများစွာခံပြီး မွေးမြူနေကြပါသေးတယ်...

They say money can't buy love – but £1million will get you man's most expensive best friend.
A red Tibetan mastiff has become the priciest dog in the world after being sold for 10 million Chinese yuan, or £945,000.
Big Splash, or Hong Dong in Chinese, was bought by a coal baron from the north of China.
And it's lucky his new master is a multi-millionaire, because the hefty price tag doesn't factor in Big Splash's diet – enough chicken and beef to fill a growing 180lb dog, spiced up with Chinese delicacies such as sea cucumber and abalone. 
His owner will need a big house too, as adult Tibetan mastiffs have been known to weigh as much as 286lb – the same as a sizeable rugby player.
But according to breeder Lu Liang, Big Splash is a 'perfect specimen' and the extravagant price for the 11-month-old is completely justified.
He said: 'We have spent a lot of money raising this dog, and we have the salaries of plenty of staff to pay' – adding that the new owner could charge almost £10,000 a time for Big Splash to breed with a female.
The high price paid for the dog is a sign that the red Tibetan mastiff has become a status symbol in China, replacing jewellery and cars as a way for the super-rich to show off their wealth.
Not only is red considered a lucky colour, but Tibetan mastiffs are thought to be holy animals, blessing their owners' health and security.
Tibetans believe the dogs have the souls of monks and nuns who were not good enough to be reincarnated as humans or into Shambhala, the heavenly realm. 
Owners of the breed have included Queen Victoria, King George IV and  Genghis Khan – who supposedly took 30,000 of the dogs with his army in his bid to conquer Western Europe.
These days there are only around 300 Tibetan mastiffs in the UK, and puppies sell for a more reasonable £850 to £1,000. 
James Pally, a Tibetan mastiff breeder from Pantymwyn near Mold in Flintshire, North Wales, said:
'They are very smart and they think for themselves and can sense danger very acutely.
'Tibetan mastiffs were originally used to guard the livestock and they are very good with other animals and they love children.
'I have six of them and if you don't give them enough attention they sit in front of the TV.'
The title of most expensive dog in the world was previously held by a Tibetan mastiff called Red Lion, who was valued at £915,000 last year.
Nouveau riche: Red Tibetan Mastiffs have become a status symbol for newly wealthy Chinese, with the country's economic boom evident in the changing Beijing skyline
Ancient breed: The dog is a descendant of animals kept by nomadic Chinese tribes
Pricey pup: A Red Tibetan Mastiff called Big Splash has become the world's most expensive dog

4 comments:

မိုးယံ said...

ဘာပြောရမလဲလေ...လူ့ထက် ကံကောင်းတဲ့ ခွေးကိုး ကွယ့်...

Angelhlaing(May everybody be happy and healthy! said...

ခွေးတွေကလည်းနော် ခြင်္သေ့ လားတောင်ထင်ရတယ် ကြောက်စရာကြိးးးး:D
ဗွမ်းးးးးးးးး:):):) စာဖတ်ရင်းရေလောင်းခဲ့တယ်အကို။
မင်္ဂလာရှီသောနှစ်သစ်လေး ဖြစ်ပါစေ။

Unknown said...

နိုင်ငံခြားမှာ တိမွေးကုဆရာဝန်တို့၊ခွေးသားဖောက်
ရောင်းတဲ့လူတို့က မိုက်တယ်ဗျ..။
ကားဆိုရင်လဲ နောက်ဆုံးပေါ်စီးနိုင်တာ..။
ဟိုတစ်လောက အိမ်မှာ မွေးထားတဲ့ Pom ခွေးလေး
နေမကောင်းလို့ ဆေးခန်းပြလိုက်ပါတယ်..။
အဲဒီဆေးရုံမှာ (3)ညအိပ်ခိုင်းလိုက်တယ်..။
အောင်မလေးဗျာ လူထက်တောင်ဈေးကြီးသေး..။
ဆေးဖိုးလေ...........

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဂျစ်တူးလည်းခွေးချစ်တတ်ပါသည်။အရမ်းကိုချစ်ပါသည်။
ဒါပေမဲ့အဲဒီလောက်ငွေများနှင့်ပေးပြီးခွေးကိုမဝယ်နိုင်တာ
တော့အမှန်ပါခင်ဗျာ-