ကုသကြဦးမလား...တရုတ်ရိုးရာဆေးကုနည်းတစ်ဖုံ...
Wednesday, October 28, 2009
မိတ်ဆွေ ....
သင်နေမကောင်းဖြစ်နေပါသလား...
အောက်ပါဓါတ်ပုံများတွင်ဖော်ပြထားသောနည်းဖြင့် ကုသလိုက်ပါက သင့် ရောဂါဝေဒနာများ
သက်သာပျောက်ကင်းသွားပါလိမ့် မယ်...
တရုတ်နိုင်ငံက နေမကောင်းဖြစ်သူကိုကုသပေးတဲ့ ၇ိုးရာဆေးကုသနည်းတစ်မျိုးပါတဲ့ ...
ရောဂါပိုးတော့ မသိ...လူကတော့ မသေ့ တစ်သေ ခံစားရမည်မှာ အသေအချာပင်...
ဖျားရဲယင်ဖျားကြည့် ...ဦးတရုတ်ကြီးရှိတယ်...
မဟုတ်တရုတ် ဆိုတဲ့ စကားလုံးနဲ့  တစ်ကယ်ကိုပဲလိုက်ဖက်ပါပေတယ်...
သူ့ လိုသာဆို လက်ရှိဆေးသိပ္ပပညာရှင်တွေ ထမင်းငတ်ကုန်မယ်...
ဆေးပစ္စည်းအစုံ...အမယ်စုံဖြင့် .....
တရုတ်တိုင်းရင်းသမားတော်ကြီး ဦးလူရွှီး...လူနာစောင့် မျှော်နေစဉ်....
ဆရာ့ ရဲ့ ကုချက်က ပလင်းခွံ၊ဘူးခွံတွေနဲ့  ရောဂါပိုးတွေကို
ကျောဘက်ကနေစုပ်ယူနည်းပါပဲ...
ပလတ်စတစ်ဗူးခွံ၊ ပုလင်းခွံနဲ့  ၀ါးကျည်တောက်ပါမကျန် အခွံလွတ်မှန်သမျှအကုန်သုံးတဲ့ ...
အခွံလွတ် ဆေးနည်းပေါ့ ....
ပုလင်းများဖယ်လိုက်သောအခါ...အကွင်းများတစ်ကယ်ပေါ်ပေါက်လာ...
သုမနကျောမှာတော့ ဒဏ်ရာများနဲ့ ပေါ့ ....
လေဟာနယ်ပုလင်းလွတ်နဲ့ တင် မသက်သာသေးဘူးဆိုယင်...
ဦးတရုတ်ကြီးမေတ္တာဝေတယ်...လူနာတွေ မီးလောင်ပါစေ....
ဖျားရဲယင်ဖျားကြည့် ...ဦးတရုတ်ကြီးရှိတယ်..
4 comments:
မောင်ဝေး said...
ပုံတွေကြည့်ပြီး အလွန်နေကောင်းထိုင်သာရှိသွားပါပြီ၊
အလွန်တရာမှ မာမာချာချာရှိကြောင်း အစီရင်ခံအပ်ပါတယ်။ ဟီး ဟီး ကြောက်စရာကြီး။
သားကြီး said...
လူနာတွေမီးလောင်ပါစေတဲ့လား
ကောင်းလိုက်တဲ့မေတ္တာပို့ဗျာ :P
ဖျားနေရင်စောင်ခြုံပြီးပဲကွေးလိုက်တော့မယ်
စိမ်း... said...
အင်း ရှမ်းပြည်မှာတော့ ရှိတယ် ပုလင်းခွံတွေကပ်တာ... မက်ကလောင်ဖြစ်ရင်လည်း နို့ဆီဗူးခွံတို့ ဆယ်ပြားစေ့တို့ ပရုပ်ဆီပုလင်းတို့နဲ့လည်း ခြစ်ကြသေးတယ် အရေပြားတွေ နီရဲလာတဲ့အထိ... သူတို့နည်းနဲ့သူတို့တော့ ဟုတ်နေတာပဲ ... ပျောက်တယ်ဆိုပဲ...
မငုံ said...
ကိုပီတာရေ ကျန်းမာချမ်းသာလျက်ပါ။ အဲဒီနည်းနဲ့တော့ မကုပါရစေနဲ့။