ဒူဘိုင်းရောက်ဓမ္မစေတီဆရာတော်၏တရားဓမ္မသဘင်....

Friday, October 16, 2009
ဒူဘိုင်းရောက်ဓမ္မစေတီဆရာတော်၏တရားဓမ္မသဘင်....



တရားပွဲသို့ ဆရာတော်ကြွရောက်တော်မူလာစဉ်....


ယနေ့  ၁၀.၀၉.၂၀၀၉ ခုနှစ်၊စနေနေ့ ညနေတွင် ယူအေအီးနိုင်ငံ၊ဒူဘိုင်းမြို့ ၊ Le Meridian Staff
Accomodation ကစားကွင်းပြင်တွင်ကျင်းပပြုလုပ်သော ဒူဘိုင်းတွင်ခေတ္တကြွရောက်သီတင်းသုံး
နေသောဓမ္မစေတီဆရာတော်ဘဒ္ဒန္တကောသလ္လ၏ဓမ္မသဘင်သို့ သွားရောက်၍တရားတော်များ
နာကြားကာဓမ္မဿဝနကုသိုလ်ယူဖြစ်ခဲ့ လေသည်....

အမှန်တော့ ဆရာတော်အားဆွမ်းကပ်ရာ Oasis Village New Accomodation သို့ ပင်နံနက်
၁၁  နာရီလောက်ကပင်ကြိုတင်ရောက်ရှိနေခဲ့ ပြီးဆရာတော်အားပင်နေ့ ဆွမ်းကပ်သည် ကိုဝိုင်း
ဝန်းကူညီဆက်ကပ်ကုသိုလ်ယူခဲ့ ရပေသည်...
ထိုမှဆရာတော်တရားပွဲကျင်းပမည့် အဆောင်ကွင်းပြင်သို့ သွားရောက်ကာ ဓမ္မသဘင်အတွက်
အလှဆင်ခြင်းကိုလုပ်အားပေးဖြစ်ခဲ့ သည်...
ကျယ်ဝန်းသောကွက်လပ်တွင် ဒူဘိုင်းရောက်သာသနာ့ ရောင်ခြည်အဖွဲ့ ဝင်လူငယ်များ၏အား
ကြိုးမာန်တက်ဖြင့် ဓမ္မသဘင်အတွက်ကြိုတင်ပြင်ဆင်နေကြသည်မှာ ကြည်နူးအားတက်ဖွယ်
ပင်...

ယခုတရားပွဲကျင်းပမည့် နေရာသည် ယခင်တရားပွဲများပြုလုပ်နေကျ ဒူဘိုင်း သီရိလင်္ကာ
ကောင်စစ်ဝန်၏အိမ်ခြံနေရာထက်ပိုမိုကျယ်ဝန်းသည်မို့  တရားနာပရိတ်သတ်များပို၍ဆန့် 
သည့် အပြင် အုတ်တံတိုင်းကာရံထားသောကစားကွင်းပြင်ဖြစ်သည့် အတွက်တရားနာသူများ
လည်းပိုမိုအေးချမ်းလွတ်လပ်စွာနာယူနိုင်ခဲ့ ကြပေသည်...

ကိုပီတာတို့ လည်းနေ့ လည်ပိုင်းမှစတင်ပြီးအခန်းအနားအတွက်ပြင်ဆင်ခြင်းများကိုကူညီကု
သိုလ်ယူပြီးနောက် ညနေပိုင်းတွင် အဆိုပါဝန်းအတွင်းမှအမည်မသိရွှေမြန်မာတစ်ဦး၏အ
ဆောင်သို့ ကူညီလုပ်ကိုင်သူများနှင့် လိုက်ပါကာ ကိုယ်လက်ဆေးကြောသန့် စင်ပြီး ညနေစာ
ထမင်းပါသွားရောက်စားသောက်ခဲ့ လေသည်...

LeMeridian အဆောင်မှမြန်မာဝန်ထမ်းများ၏သဒ္ဓါတရားကား အံ့ သြချီးမွမ်းလောက်ပေသည်....
သူတို့ နှင့် သိသူများရောမသိသူများပါ လှိုက်လှဲပျူငှာစွာဧည့် ဝတ်ကျေကြသည်မှာရွှေပြည်ကြီး
၏ကျေးလက်တောနယ်သို့  ပြန်ရောက်နေသလားဟုပင်ထင်ရသည်....ကျေးဇူးတင်၊သာဓုခေါ်
မိပါတယ် အမည်မသိရွှေဆရာတို့ ရေ...

သူတို့ မှာလည်းလာရောက်လည်ပတ်သူများကို ထမင်းကျွေးဧည့် ခံနေကြရသည်မို့ မည်သူမည်
ဝါဟုပင်နာမည်မေး၊မိတ်မဆက်အားပေ....

ညနေရှစ်နာရီတွင်ဆရာတော်ကြွရောက်လာပြီး တရားစတင်ဟောပါသည်....ဓမ္မသဘင်ရှေ့ ကွက်
လပ်အပြည့် အင်တိုက်အားတိုက်လာရောက်တရားနာယူကြသော ရွှေမြန်မာများကားများပြားလွန်း
လှသဖြင့် ဒူဘိုင်းတွင်ပြုလုပ်ခဲ့ သောတရားပွဲများတွင် ဤဓမ္မစေတီတရားပွဲကားတရားနာပရိတ်သတ်
အများဆုံးဖြင့် စံချိန်တင်သွားခဲ့ ပေသည်...လာရောက်ကြသည့် ရွှေမြန်မာများကားဒူဘိုင်းမြို့ အနှံ့ 
တွင်နေထိုင်လုပ်ကိုင်သူများတင်မကပဲ ယူအေအီးမြို့ တော်အဘူဒါဘီကပင်စီစဉ်ထားသောဘတ်စ်
ကားဖြင့် ပင်ရာရောက်တရားနာခဲ့ ကြရာဒူဘိုင်းရောက်(အဘူဒါဘီအပါအ၀င်)ရွှေမြန်မာများ၏ဘာ
သာအပေါ်ထားရှိသောစိတ်ဓါတ်နှင့် စည်းလုံးညီညွတ်မှုကို ဆရာတော်ပင်ထုတ်ဖော်ချီးကျူးခဲ့ ပေ
သည်....

ဆရာတော်ရောက်ခဲ့ ၊ဟောခဲ့ သောထိုင်ဝမ်၊ဟောင်ကောင်၊မလေး၊စင်ကာပူ၊သြစတေးလျ၊အမေ
ရိကန် စသည့် နိုင်ငံတကာတရားဟောပြောပွဲများတွင် ဒူဘိုင်းတရားပွဲကားပရိတ်သတ်အများဆုံး
ဟုဆ၇ာတော်အသိအမှတ်ပြုမိန့် ကြားခဲ့ ၇လောက်အောင်ဒူဘိုင်းရွှေမြန်မာများ၏ဘာသာရေး
စိတ်ဓါတ်ကားချီးကျူးအတုယူအားရစရာကောင်းလှပါသည်...

လောက၊သိပ္ပ၊ဓမ္မရေးရာဘက်စုံကျွမ်းကျင်နှံ့ စပ်ဗဟုသုတကြွယ်ဝသော ဆရာတော်၏တရား
တော်ကားဟောပြောရာတွင်ပရိတ်သတ်၏စရိုက်နှင့် အကြိုက်ကိုလိုက်ပြီးကျွမ်းကျင်စွာဟော
ပြောမှုတို့ ကြောင် ညဆယ်နာရီခွဲသည့် တိုင်အောင်နာ၍မငြီးနိုင်အောင်ရှိလှပေသည်....

ခေတ်လူငယ်လူငယ်များထေရ၀ါဒ လမ်းကြောင်းပေါ်မှသွေဖီမသွားစေရန်...ဗုဒ္ဓဘာသာ၏
သိပ္ပံပညာအချက်အလက်များနှင့် ကြောင်းကျိုးကိုက်ညီပုံများ၊မြတ်ဗုဒ္ဓ၏အမျိုးသမီးများအပေါ်
အဆင့် အတန်းမခွဲခြားပဲလူ့ အခွင့် အရေးအပြည့် အသိအမှတ်ပြု၊ကာကွယ်ပေးခဲ့  ပုံများကို
အကြောင်းအချက်အလက် ဝေေ၀ဆာဆာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဟောကြားသွားခဲ့ ပါသည်...

ဘက်စုံဗဟုသုတပြည့် စုံကာ တရားဟောအတတ်ပညာပါကျွမ်းကျင်သောဆရာတော်ဖြစ်ရ
ကား တရားနာသူများမပျင်းမရိ၊မငိုက်မျည်းစေရန် ရယ်ရွှင်ဖွယ်အသောလေးများလည်း အခြေ
အနေကိုကြည့် ပြီး ကြားညှပ်၍ဟောကြားသွားရာ တရားနာသူများ ပျော်တစ်ပြုံးပြုံးနှင့် ကြည်နူး
ချမ်းမြေ့ ပျော်ရွှင်စွာနာကြားနိုင်ခဲ့ ရပေသည်...

ထိုထိုအင်တာနက်စာမျက်နှာများတွင် အငြင်းပွားဖွယ်အကြောင်းအရာများဖြင့်  တစ်မျိုး၊ တရား
တော်ကို များစွာသောနည်းလမ်းတို့ ဖြင့် တန်ဆာဆင်၍ ကျွမ်းကျင်လိမ္မာစွာဟောကြားနိုင်သော
ကြောင့် တစ်ဖုံ၊ဟောပြောရာတွင် တစ်ခြားဆရာတော်များနှင့် မတူ ကွန်ပြူတာ laptop ကိုရှေ့ 
တွင်ချ၍ ( ကျမ်းညွှန်းများ၊ တရားမှတ်စုများ ကိုးကားရန် )ဟောပြောတတ်သည်ကတစ်မျိုး စသည်
တို့ ကြောင့် မြန်မာနိုင်ငံတွင် top 5 ဓမ္မကထိကစာရင်းဝင်သော၊ သူ၏တရားပွဲရက်ရ၇န် အလွန်
ခက်ခဲသည်ဟု နာမည်ကြီးသောဆရာတော်၏တရားကို အစ္စလာမ်ဘာသာကြီးစိုးရာဒူဘိုင်းတွင်
နာကြားခွင့် ရသော ရွှေမြန်မာတို့ ကား ကံကောင်းလေစွ....

ထိုသို့ နာကြားခွင့် ရအောင်၊ ဆရာတော်အားဖူးမြော်ကြည်ညိုခွင့် ရအောင်၊လှူဖွယ်ပစ္စည်းများဖြင့် 
ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခွင့် ရအောင်တာဝန်ယူပင့် ဖိတ်၊စီစဉ်ဆောင်ရွက်ပေးသူများအားအထူး
လေးစားစွာဖြင့် ကျေးဇူးတင်အပ်၊ ကျေးဇူးတင်ထိုက်ပါပေသည်...

5 comments:

စိမ်း... said...

သာဓု သာဓု သာဓု....
ချစ်စရာ ရွှေဓလေ့လေးပါပဲ...
ုဖြစ်နိုင်ရင် ဆရာတော်ဟောခဲ့တဲ့ တရားလေးလည်း နာချင်ပါတယ် ကိုပီတာရေ..
ကိုပီတာဆိုလို့ အစက ဘာသာခြား ထင်ခဲ့မိသေးတယ်.. ဆောရီးပါရှင်...

ADDRESSEE said...

ကောင်းလိုက်တာဗျာ တကယ့်မွတ်ဆလင်တွေဒေသကို ဗုဒ္ဓရဲ့တရားသံရောက်ရှိသွားတာဘဲ ဒါအနာဂတ်အတွက် သတင်းကောင်းဘဲ အဲဒီဒေသမှာရှိတဲ့ မကျွတ်မလွတ် တဲ့သူတွေ တရားရအမျှရကြပြီ

kiki said...

သာဓု ..သာဓု ... သာဓု
သာဓု သုံးကြိမ်ခေါ် လိုက် ပါတယ် ကိုပါတီရေ ..
ဘာသာတရားကို အလေးပေး သဒ္ဓါတရားထက်သန် လှတဲ့  ရွှေမြန်မာတို့ ရဲ့  လေးစားဖွယ်ရာ အလှူနဲ့  တရားပွဲလေး ကို ကိုယ်တိုင် မနာကြားနိုင်ပေမဲ့  ဝမ်းမြောက်စရာ ပုံလေးများ ကို ကြည့်ပြီး မုဒိတာ ပွားမိပါတယ် ။

Anonymous said...

တရားပွဲ Live ကို အင်တာနက်ကနေ ပြီး နာလိုက်ရသေးသဗျ...။

မငုံ said...

ကိုပီတာရေ..တရားပွဲအကြောင်းလေး လာဖတ်တယ်။ တရားနာခွင့် ထပ်ရချင်သေးတယ်။ ဒီလို တရားပွဲ ဖြစ်မြောက်အောင် လုပ်ပေးသူတွေကို တအားကျေးဇူးတင်တာပဲ။