Blind batboy
Tuesday, October 6, 2009
မျက်စေ့ မမြင်ပေမယ့် လင်းနို့ ကဲ့ သို့ လွတ်လွတ်လပ်လပ်သွားလာနိုင်သူလေး...
Blind batboy
မျက်စေ့ မမြင်ပေမယ့် ...ဘတ်စကတ်ဘောတော့ ကစားနိုင်သေးတယ်...
Little marvel...Blind Lucus Murray  play basket ball using echoes..
သူ့ ကိုအားကျ၊ အတုယူရတယ်...
Inspirational ... Lucas with his cane
မျက်စေ့ နှစ်ကွင်း အလင်းမရရှာသူလေး  Lucas Murray  ဟာ သူရဲ့ နားကို အသုံးပြုပြီး အကြားအာ
ရုံနဲ့  ပတ်ဝန်းကျင်ကို အာရုံခံကာ သိမြင်အောင်ပြုလုပ်နိုင်လို့  သူ့ ကို လင်းနို့ ကောင်လေး လို့ ချစ်စနိုး
နာမည်ပေးထားခြင်းခံခဲ့ ရပါတယ်...
အသက် ရ နှစ် အရွယ်ရှိ ကောင်လေး ဟာ တုန့် ပြန်လာတဲ့ ပဲ့ တင်သံတွေကို အသုံးချပြီး ပတ်ဝန်းကျင်
ရဲ့ အခင်းအကျင်း အနေအထားကို အာရုံမှာထင်နိုင်စွမ်း ရှိတာမို့ သူဟာ ဗြိတိန်နိုင်ငံ အတွက်တော့ ယခု
လိုမျိုး ထူးခြားတဲ့ အရည်အချင်းရှိတဲ့  ပထမဦးဆုံး လူသားတစ်ဦးပါပဲ...
သူဟာပါးစပ်နဲ့  ” တက် ” ခေါက်သံပြုလုပ်ပြီး အဲဒီအသံလှိုင်းရဲ့  တုန့် ပြန်လာပုံကို အာရုံခံစားပြီး အရာ
ဝတ္တုတွေဘယ်နေရာမှာ ဘယ်လိုတည်ရှိတယ်ဆိုတာ သိရှိနိုင်ပါတယ်တဲ့ ....
အဲဒီလို အံ့ မခန်းတဲ့  သူရဲ့ ကိုယ်ပိုင်အစွမ်းနဲ့  သူကလေးဟာ ကစားကွင်းထဲမှာပြေးလွှားဆော့ ကစား
နိုင်ပါတယ်...သူအကြိုက်ဆုံးကစားတာကတော့ ဘတ်စကတ်ဘော ကစားနည်းပါတဲ့ ....ဒါ့ အပြင်သူ
ဟာအဆိုပါ နည်းစနစ်ကိုအသုံးပြုပြီး အမြင့် တက်ခြင်း၊တောင်တက်ခြင်းများကိုပါ ပြုလုပ်နိင်ပါသေး
တယ်တဲ့ ....( အံ့ ရောပဲ...)
အာရုံခံကာ ပတ်ဝန်းကျင်ကို သိရှိတဲ့ နည်းစနစ်ကို ကျွန်တော် တစ်ကယ်ပဲ သဘောကျနှစ်ခြိုက်မိပါ
တယ်....ဒါပေမယ့် အဲဒီလိုမျိုးသိဖို့  တော်တော်ကိုခက်ခက်ခဲခဲ နဲ့  လေ့ လာသင်ယူခဲ့ ရပါတယ် ....”
လို့ ဆိုပါတယ်...
”  ဘတ်စကတ်ဘော ကစားရတာကို ကျွန်တော်အထူးပဲ နှစ်သက်ပါတယ်... ဘတ်စ်ကက်ဘောကိုပစ်
ထည့် ရတဲ့ ဂိုးကွင်း ဘယ်မှာရှိတယ်ဆိုတာ အဲဒီ တက်ခေါက်သံ နည်းစနစ်နဲ့  ကိုယ့် ဘာသာကိုယ် အာ
ရုံခံပြီး ရှာနိုင်တာမို့  ဘောလုံးကိုအထဲဝင်အောင် ပစ်သွင်းနိုင်ပါတယ်...”  လို့ သူကရှင်းပြပါတယ်...
အဆိုပါ ပဲ့ တင်ရိုက်ခတ်သံမှတဆင့် တုန့် ပြန်တဲ့ အသံလှိုင်းကို အသုံးပြုပြီး သွားလာလှုပ်ရှားတဲ့  နည်း
စနစ်ကို လင်းနို့် များနဲ့  လင်းပိုင် များလည်းအသုံးပြုကြပါတယ်...
Lucas လေးဟာ အရာဝတ္တုတစ်ခု သူနဲ့ ဘယ်လောက်ဝေးတယ်ဆိုတာကို သူပြုလုပ်လိုက်တဲ့ အသံလှိုင်း
သူ့ ဆီကိုပြန်လာတာ ကြာတဲ့ အချိန်ကိုမူတည်ပြီး ခံစားတွက်ချက် သိရှိနိုင်ပါတယ်... တုန့် ပြန်လာတဲ့ အ
သံလှိုင်းရဲ့ ပြင်းအားက အရာဝတ္တုရဲ့ အရွယ်အစားကို ဖော်ပြပြီး အသံလှိုင်းကို ပထမဦးဆုံး ခံစားသိရှိတဲ့ 
နား ဘက်က အဆိုပါ အရာဝတ္တုရဲ့  တည်နေရာကို သိစေနိုင်ပါတယ်တဲ့ .....
တုန့် ပြန်လာတဲ့ အသံလှိုင်းက လျော့ နည်းသွားယင် အရာဝတ္တုဟာ သူ့ ဆီကနေ အဝေးကို လွင့် သွား
တာဖြစ်ပြီး တုန့် ပြန်လှိုင်းတွေက ပြင်းထန်လာယင် သူ့ ဆီ၊ သူ့ ဘက် ကိုတိုးလာတာဆိုတာကို သူခံစား
သိရှိနိုင်လို့  သူဟာကစားကွင်းထဲမှာ သွားလာလှုပ်ရှားကစားနိုင်တာဖြစ်ပါတယ်...
Lucas လေးဟာ မျက်မမြင်တွေသုံးတဲ့  တုတ်တစ်ချောင်းကိုလည်းအသုံးပြုတတ်ပါသေးတယ်...သူ့ နား
နဲ့ အာရုံခံစားသိရှိပြီးတဲ့ နေရာဒေသတွေ၊ အရာဝတ္တုတွေကိုလည်း သူဟာစွဲမြဲစွာ မှတ်မိသိရှိနေပါသေး
တယ်...
သူ့ ရဲ့ ဆရာကတော့ အသက် ၄၁ နှစ်ရှိ ကာလီဖိုးနီးယားနယ်သား World Access for the blind ဆိုတဲ့ 
မျက်မမြင်များအတွက်ကူညီကယ်ဆယ်ရေး အဖွဲ့ ကြီးကိုတည်ထောင်ခဲ့ တဲ့  မျက်မမြင်ပုဂ္ဂိုလ်ကြီး Daniel
Kish  ပဲဖြစ်ပါတယ်...
Lucas ရဲ့ မိဘများဖြစ်တဲ့   အင်္ဂလန်နိုင်ငံ  Dorset နယ် Poole အရပ်က Sarah နဲ့  Iain တို့ က Daniel
ကို တီဗီ အစီအစဉ်တစ်ခုမှာ မြင်တွေ့ ခဲ့ ရပြီး သူတို့ သားလေးဆီကို လာရောက်လည်ပတ်ဖို့ တောင်းပန်
ခဲ့ ကြတာပါ...
Lucas ကလေးဟာ ပဲ့ တင်တုန့် ပြန်အသံလှိုင်း စနစ်သုံး အတတ်ပညာကို သုံးရက်တည်းနဲ့ အပြင်းအထန်
သင်ကြားလေ့ လာတတ်မြောက်လာခဲ့ တာ နှစ် နှစ်ကျော်ရှိခဲ့ ပါပြီ လို့ သူ့ ရဲ့ မိခင် အသက် ၃၃ နှစ်ရှိ ပြီ
ဖြစ်တဲ့  Sarah ကပြောပါတယ်...
အခုတော့ သူဟာလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်ပြီမို့ ဘယ်သူ့ ဆီကမှ အကူအညီ တောင်းခံ
စရာမလိုတော့ ပါဘူး...ဒါကြောင့် သူဟာ သာမာန် အသက် ၇ နှစ်ကလေးတစ်ယောက်အတိုင်းပါပဲ...
လို့ သူမကဆက်ပြောပြခဲ့ ပါတယ်...
အမြင်အာရုံချွတ်ယွင်းပေမယ့် ..နားကအကြားအာရုံကိုပဲ အထူးကျွမ်းကျင်အောင်အသုံးချတတ်အောင်
ကြိုးစားနိုင်ခဲ့ တာမို့ သူ့ ဘ၀ ကတော့ စိတ်ပျက်အားငယ်စရာ မရှိနိုင်တော့ ဘူးပေါ့ ...
သူလိုအပ်တာ ပံ့ ပိုးပေးတဲ့ မိဘနှစ်ပါးနဲ့  သင်ကြားပေးတဲ့ ဆရာကောင်းတို့ ရဲ့ ကျေးဇူးတွေလည်းပါ
တာပေါ့ ....
အဓိက ကတော့ သူကိုယ်တိုင်က ဘ၀ ကိုအရှုံးမပေးပဲ မလျော့ တဲ့ ဇွဲလုံ့ လနဲ့ ကြိုးစားခဲ့ လို့ ပါပဲ...
ဖြစ်ချင်တာများအလွယ်နဲ့ မဖြစ်ရလို့  အားတော့ မလျော့ နဲ့ နော်...
ကဲမူရင်းလေးကဒီလိုပါတဲ့ ...
BLIND Lucas Murray has been nicknamed Batboy - after learning to "see" using his ears.
The seven-year-old is believed to be the first in Britain to use echoes to visualise his surroundings.
He clicks his tongue on the roof of his mouth and discovers where objects are based on how the sound bounces back.
The amazing technique allows him to run around his playground, play basketball and even go rock climbing.
Lucas, who was born blind, said: "I really like the clicking system but it was quite hard to learn.
"I love basketball. I can use my click to find out where the hoop is myself and throw the ball through."
The echolocation technique is similar to that used by bats and dolphins.
Lucas can work out how far away an object is by the time it takes the echo to return. Its intensity tells him the object's size, and which ear the sound reaches first tells him its position.
He can even work out movement through pitch - with the echo lower if the object is moving away and higher if it is getting closer.The lad also uses a cane and has a great memory for places he has already "scanned" with his ears.
He was taught by blind Californian Daniel Kish, 41, who founded the World Access for the Blind charity.
Lucas's parents Sarah and Iain, from Poole in Dorset, saw Daniel on TV and asked him to visit.
Sarah, 33, said: "Lucas learned echolocation in three intense days two years ago.
"Now he is so independent he hardly needs to ask for help any more than a normal seven-year-old would."
2 comments:
kiki said...
တော်လိုက်တဲ့  ကလေး လေး ပါလား ...
ကိုယ်တို့ များ မြင်နေရက်နဲ့ ဘတ်စ်ကက်ဘော ကို ဝင်အောင် မသွင်းနိုင်ဘူး ..
စိမ်း... said...
လေးစားဖို့ကောင်းလောက်ရဲ့....
ဗီဒီရိုကလစ်လေးပါပါမယ်ဆို လွှတ်ကောင်း...