Desperate farmers sell wives to pay debts in rural India

Monday, October 26, 2009

 ချစ်တီးကုလားကိုမယားပေး၍အကြွေးဆပ်ရ


အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ ရှ် ပြည်နယ်နှင့်  မတ္တရာပရာဒေ့ ရှိ ပြည်နယ် တို့ တည်ရှိသော
Bundelkhand ဒေသကြီးတွင် မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးသီးနှံများမဖြစ်ထွန်းပဲ အကြွေး
များပြန်မဆပ်နိုင်သဖြင့် လယ်သမားများမှာ ကြံရာမရဖြစ်နေကြရသည်ဟုဆိုသည်...

ယခုကဲ့ သို့ ရာသီဥတုဆိုးဝါးပြီးစပါးဆန်ရေပြတ်လတ်သည့် နှစ်ကို ဆက်လက် အသက်ရှင်နိုင်ရန်
လယ်သများအများစုကတော့  ” ပိုက်ဆံဝါလား ” ဟု ဟင်ဒီဘာသာဖြင့် ငွေကြေးချမ်းသာကြွယ်
ဝသူများဟု အဓိပ္ပါယ်ရသူများထံ ချဉ်းကပ်ကြရ၊ ငွေတိုးချေးကြရလေသည်...( ပိုက်ဆံဆိုတဲ့ 
စကားဟာ ဟင်ဒီဘာသာကဆင်းသက်လာတာ အခုမှပဲ သိတော့ တယ်ဗျာ...)
အစိုးရထံမှာတရားဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ အဆိုပါ ငွေတိုးချေးစားသူတွေရဲ့ အတိုးနှုံးက
တော့ ကြောက်ခမန်းလိလိ များပြားပါတယ်လို့ လယ်သမားများကဆိုပါတယ်....

အတိုးတွေများလာပြီဆိုယင်တော့  ငွေချေးတဲ့ သူဌေးတွေကပြန်ဆပ်ဖို့  တောင်းဆိုပါတော့ တယ်...
အဲဒီအခါပြန်မဆပ်နိုင်တဲ့  လယ်သမားတစ်ချို့ ကတော့ အဲဒီငွေတွေအတွက် တစ်သက်လုံး သူတို့ 
ကြွေးရှင် ဆီမှာအလုပ်လုပ်ပြီးဆပ်ကြရပါတယ်...

တစ်ချို့ ကတော့ မိုးကမရွာ၊ ရေကမရမို့ စိုက်ပျိုးထားတာတွေ မအောင်မြင်လို့ ငွေပြန်မဆပ်နိုင်တာ
ကြောင့်  အကြွေးရှင်တွေတောင်း သမျှ ပေးရပါတယ်တဲ့ ...

အဆိုပါအကြွေးရှင်သူဌေးတောင်းတဲ့ အထဲမှာ လယ်သမားတွေရဲ့ ဇနီးမယားတွေပါ ပါဝင်ပါတယ်တဲ့ ....
ဟိုးတုံးကမြန်မာနိုင်ငံကိုအင်္ဂလိပ်တွေအုပ်ချူပ်ခဲ့ စဉ်ကပြောခဲ့ ဖူးတဲ့  ချစ်တီးကုလားက အကြွေးနဲ့ 
သိမ်းတယ်ဆိုတဲ့ စကားဟာ အခုထက်ထိ အိန္ဒိယမှာ ရှိနေတုံးပါပဲ....


” အဲဒီလို လင်ကအကြွေးမဆပ်နိုင်လို့ မယားကို သိမ်းပိုက်တဲ့ အဖြစ်အပျက်ဟာ အခုအထိတစ်ကယ်
ကိုရှိနေပါသေးတယ်...” လို့ အမည်မဖော်လိုသူ လယ်သမားတစ်ဦးရဲ့ ဇနီးကပြောပြပါတယ်....
သူမကို အကြွေးရှင်ချစ်တီးသူဌေးက သူမရဲ့ ယောကျာင်္းဆီကနေ ၀ယ်ယူခဲ့ တာ ( အကြွေးနဲ့ သိမ်း
ခဲ့ တာ )  ပါတဲ့ ...
ရက်ပေါင်း ၃၀ ကြာအောင် အဲဒီ လူ ( ချစ်တီး ) ဟာသူမကို သူနဲ့ အတင်းအကြပ် အတူနေစေခဲ့ 
ပါတယ်...အဲဒီနောက်သူမရဲ့ အဖြစ်အပျက်ကို လူတွေသိသွားတဲ့ အခါမှာ သူမဟာရဲစခန်းကိုတိုင်
ကြားခဲ့ တဲ့ တိုင်ကြားချက်ကို ပြန်ရုပ်သိမ်းပြီး သူမရဲ့ ယောကျာင်္းကလည်း သူမကိုပြန်ခေါ်သွားခဲ့ 
ပါတယ်...

အိန္ဒိယနိုင်ငံမှာတော့  အမျိုးသမီးတွေကို အနိုင်ကျင့် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ကြတာ အစဉ်
အဆက်ကိုဖြစ်နေခဲ့ ပါပြီလို့ အိန္ဒိယနိုင်ငံ လူမှုဘ၀ သုတေသနဗဟု ဌာနက ရန်ဂျနာကုမာရီ
ကပြောပြခဲ့ ပါတယ်...

မခံနိုင်လို့ သက်ဆိုင်ရာအာဏာပိုင်တွေထံကို တရားစွဲ ဆိုခဲ့ ယင်လည်း အဆိုပါအမျိုးသမီးတွေ
ကို အားပေးထောက်ခံသူက အနည်းငယ်ပဲရှိပါတယ်လို့ သူမက ပြောကြားခဲ့ ပါတယ်...


အဲဒီအကြောင်းဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်....





မူရင်းသတင်းကတော့ ဒီလိုပါ....

In the region of Bundelkhand, spanning the two northern Indian states of Uttar Pradesh and Madhya Pradesh, drought, debt and desperation have pushed people to extremes. To survive the bad years, some farmers say they turn to the "Paisawalla" -- Hindi for the rich man who lends money. Farmers say the loans from these unofficial lenders usually come with very high interest.
When the interest mounts up, lenders demand payment. Some farmers work as bonded laborers for a lifetime to pay off their debts. Others here say because of years of little rain and bad harvests they are forced to give money lenders whatever they ask for. Sometimes that includes their wives.
"It happens sometimes when somebody borrows money," says a farmer's wife who did not want to be identified. She should know, considering what police say she told them. She said a rich man bought her from her husband. "He did buy me," she says. "That's why he told me he bought me." For 30 days she says the man forced her to live with him. When her case drew public attention, she retracted her police report and her husband took her back.

Ranjana Kumari with India's Centre for Social Research says the exploitation of women is common in the region. And, she says, there is little support for women in India who have the courage to file a case with authorities.

3 comments:

ဒဏ္ဍာရီ said...

အခုလို ခေတ်ကြီးမှာလည်း ဒါမျိုးတွေရှိသေးတယ်လား။ ဟိုး ... အရင် မြန်မာပြည်မှာလည်း အကိုပြောသလို ချစ်တီးက ကြွေးမပေးနိုင်ရင် အကြွေးနဲ့သိမ်းတယ်လို့ ကြားဘူးတယ်လေ။ ဒီလို အရင်းရှင် စနစ်တွေ ပပျောက်သင့်နေပါပြီ။

ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

အိန္ဒိယမှာ အဲလိုတွေ ရှိခဲ့ဖူးတယ်လို့ ဖတ်ဖူးနေပါတယ်။ ခုထိ ရှိနေတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသင့်ပါတယ်။

သားကြီး said...

ပိုက်ဆံဆိုတဲ့စကားအဲကလာတာကိုး
ခုမှပဲသိတော့တယ်