အမှန်အကန်လေလား...အကြံအဖန်လေလား.....

Tuesday, October 20, 2009


Miracle or hoax? Russians puzzled as phrases from the Koran start appearing 'spontaneously' on baby's skin









လူသားကိုရမ်ကျမ်းစာလေလား....
Human Koran: Sacred sayings from the Muslim holy book apparently appear spontaneously on nine-month-old Ali Yakubov's body





အနီးကပ်ကြည့် ယင် ဒီလိုတွေ့ ရမယ်...




ရုရှားနိုင်ငံမှကလေးငယ်တစ်ဦး၏ခန္ဓာကိုယ်အရေးပြားပေါ်တွင် အစ္စလာမ်ဘာသာရေး၊ ကိုရမ် ကျမ်း
မှ စာပိုဒ်၊ စာသား၊ စကားလုံးများ ထင်ပေါ်နေသဖြင့်  လူအများအတွက် သို့ လောသို့ သော၊ အထူး
အဆန်း ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လျှက်ရှိနေစေပါတယ်...

အသက် ကိုးလ အရွယ်ရှိ Ali Yakubov  ကလေးရဲ့  ကျောကုန်း၊ လက်များ၊ ခြေထောက်များနဲ့ ဝမ်း
ဗိုက်တွေပေါ်မှာ ကိုရမ်ကျမ်းမှ အဆိုအမိန့် များ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ နောက်ထပ်စာ
ပိုဒ်အသစ်များ ထပ်ပေါ်လာလိုက်ဖြင့် ရှိနေတယ်လို့  ဆိုပါတယ်..

ထိုကလေးငယ် မွေးဖွားပြီး ရက်သတ္တပတ်အတွင်းမှာပဲ သူ့ ရဲ့ မေးဖျားမှာ Allah အလ္လာဟ်ဟူသော စာ
လုံး စတင်ပေါ်လာပြီးနောက် ထိုကဲ့ သို့ ကျမ်းစာမှစာပိုဒ်များ ထင်ရှားစွာပေါ်လာခြင်းအတွက် ရုရှား
ဆေးပညာရှင်များအတွက် ဖြေရှင်းရခက်သော၊ ရှင်းမပြနိုင်သော ပြဿနာ၊ပုစ္ဆာတစ်ခု ဖြစ်ခဲ့ ရပါ
တယ်...ဆေးပညာရှင်များက အဆိုပါ ကလေး၏ အရေပြားပေါ်မှ စာသားများဟာ တစ်စုံတစ်ယောက်
ကရေးသားထားတာမဟုတ်ပါဘူး လို့ လည်းငြင်းဆိုခဲ့ ကြပါတယ်...

ကလေးရဲ့ မိခင် Madina ကတော့ သူမတို့ ဇနီးမောင်နှံဟာ အခုလို ဘာသာရေးကျမ်းကစာသားတွေ
ကလေးဆီမှာပေါ်မလာခင်အချိန်အထိ ဘာသာရေးကိုသိပ်အလေးမထားခဲ့ ကြပါဘူး လို့ ဆိုပါတယ်...

အစပိုင်းမှာတော့ အခုလို့ ရှင်းမပြနိုင်တဲ့ ဖြစ်ရပ်ကို သူတို့ ဟာ ဘယ်သူ့ ကိုမှ မပြောပြ၊ မပြသခဲ့ ကြ
ပါဘူး....နောက်ပိုင်းမှ သူတို့ ရဲ့ ဆရာဝန်နဲ့  သူတို့ နေထိုင်ရာ Red October ရွာကလေးရဲ့ မူဆလင်
ဗလီဆရာကို ပြသခဲ့ ကြပါတယ်...
သူတို့ နေထိုင်ရာဒေသဟာလည်း မူဆလင်ဘာသာဝင်အများစုလွှမ်းမိုးတဲ့  နေရာဖြစ်ပါတယ်...

အခုတော့ ရုရှားနိုင်ငံတောင်ပိုင်းက စစ်မက်ဖြစ်ပွားနေတဲ့ ချေချင်ညာဒေသ အနီးက ဆင်းရဲဒုက္ခ
ရောက်နေတဲ့  Dagestan နယ်က မူဆလင်ဘာသာဝင်တွေအတွက်ကတော့  အဆိုပါအံ့ သြထူး
ဆန်းဖွယ် ကလေးငယ်ဟာ ဘာသာရေးအရ ၀တ်ပြုဆုတောင်း၊ ကိုးကွယ်ရာဖြစ်နေပါတယ်...

” ဒီကလေးငယ်ဟာ ကျွန်တော်တို့ ဒေသမှာဖြစ်ပွားနေတဲ့  ပုန်ကန်မှုတွေနဲ့ အခြေအနေတင်းမာမှု
တွေကို ရပ်တန့် ပြေလျော့ စေဖို့  ထာဝရဘုရားသခင် အလ္လာဟ်အရှင်မြတ်က လွှတ်လိုက်တဲ့  မွန်
မြတ်သန့် စင်တဲ့  ဘုရားသခင်အထိမ်းအမှတ် လက္ခဏာတော်ဖြစ်ပါတယ်...” အဆိုပါဒေသရဲ့ လွှတ်
တော်အမတ် AKhmedpasha Amiralaev  ကပြောပြခဲ့ ပါတယ်...

” ပုံမှန်အားဖြင့်  စာသားတွေဟာ နှစ်ပါတ်ကိုတစ်ကြိမ် ၊ တနင်္လာနေ့ တွေ နဲ့  ကြာသပတေးနေ့ နဲ့ 
သောကြာနေ့ ညတွေမှာ ပေါ်လာလေ့ ရှိပါတယ်...”  လို့  ကလေးရဲ့ မိခင်ကရှင်းပြပါတယ်...

” အခုလိုမျိုး စာသားတွေပေါ်လာယင် Ali ကလေးဟာ နေမကောင်းဖြစ်ရပါတယ်...ကိုယ်ပူချိန်တွေ
တက်လာပြီး၊ သူဟာငိုတော့ တာပါပဲ...အဲဒီလိုမျိုးပေါ်လာပြီဆိုယင် ကလေးဟာလူ့ လွန့် လှုပ်ရှားနေ
လို့ ချီပိုးထိန်းကျောင်းလို့ ကို မရတော့ တာမို့  သူ့ ကို ပုခက်ထဲ ထည့် ထားရတော့ တာပါပဲ....သား
လေး အခုလို ခံစားနေရတာကိုဘာမှမတတ်နိုင်ပဲ ကြည့် နေရတာကိုက စိတ်ထိခိုက်ရပါတယ်...”
လို့  သူမကပြောပြခဲ့ ပါတယ်...

စာသားတွေဟာ တစ်ခုနဲ့ တစ်ခုပြီးတစ်ခု အစားထိုးပြီးတော့ ကို ပေါ်လာနေတာပါလို့ လည်း သူမက
ဆက်ပြောပါတယ်...

ရွာခံ ဗလီဆရာ Abdulla ကတော့  ကမ္ဘာ ကြီးမပျက်စီးခင်မှာ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကိုရမ်
ကျမ်းရဲ့ အဆိုအမိန့် စာသားတွေ ပေါ်လာလိမ့် မယ်လို့  ကိုရမ်ကျမ်းမြတ်မှာ ကြိုတင်နမိတ်ဖတ်ပြော
ထားတယ်လို့  ရွာသားတွေကိုရှင်းပြခဲ့ ပါတယ်...
” ဤနမိတ်ပုံလက္ခဏာ၊စာသားများကို အများပြည်သူမြင်ကွင်းမှ မကွယ်ဝှက်ထားပါနှင့် ...” ဟု အ
ဓိပ္ပါယ်ရ သည်ဟု စာသားတစ်ခုကို အဆိုပါဗလီဆရာက ရှင်းပြခဲ့ ပါတယ်...

အခုအဖြစ်ပျက်ဟာ ရုရှားနိုင်ငံရဲ့ ရုပ်မြင်၊စာနယ်ဇင်း၊သတင်းမီဒီယာနဲ့ အင်တာနက်အွန်လိုင်း မှာ
တော့ လူအများစိတ်ဝင်စား ဖွယ်ရာဖြစ်ရပ်တစ်ခု ပါပဲတဲ့ ဗျာ...

ကဲ....
     ဆရာတို့ ရေ...
                 ဘယ်လိုများရှင်းပြကြမှာလဲ...
                        တစ်ကယ်ပဲ ကမ္ဘာကြီးပျက်စီးတော့ မည်လော...
                              ကြုံပလေ...ဘုံပွေ ဆိုတဲ့ စကားလေးသာ အမှတ်ရမိတော့ တယ်...

ယုံကြည်သူ၊မယုံကြည်သူများ ...မူရင်းသတင်းဝက်ဘ်ဆိုဒ်သို့ သွားရောက်ဝေဖန်ဆွေးနွေးနိုင်ပါတယ်..



ဒါကတော့ မူရင်းသတင်းအင်္ဂလိပ်လိုပါတဲ့ ...
                               
A baby is sparking a wave of speculation in Russia after phrases from the Koran allegedly began appearing on his skin.


Sayings from the Muslim holy book are said to appear on nine-month-old Ali Yakubov's back, arms, legs and stomach - before apparently fading away and being replaced with new sayings.
Russian medics claimed they are puzzled over the cause of the marks on a baby's skin, which started when the word Allah apparently appeared on his chin within weeks of his birth.

Medics deny that the marks are from someone writing on the child's skin.

His mother, Madina, said that she and her husband were not religious until the writings started appearing on his skin.

Initially they did not show anyone the unexplained writings, she said, until revealing them to their doctor and the imam in their village of Red October which is in a strongly Muslim region.

Now the boy has become a focus of Muslim homage in his troubled home province of Dagestan, close to war-ravaged Chechnya in the south of Russia.

Local MP Akhmedpasha Amiralaev said: 'This boy is a pure sign of God. Allah sent him to Dagestan in order to stop revolts and tension in our republic.'

The boy's mother claimed: 'Normally those signs appear twice a week - on Mondays and on the nights between Thursdays and Fridays.

'Ali always feels bad when it is happening. He cries and his temperature goes up. It's impossible to hold him when it's happening, his body is actively moving, so we put him into his cradle. It's so hard to watch him suffering.'

The phrases regularly replace each other on the baby's skin, she said.

Local imam Abdulla has told locals that the Koran forecasts that before the end of the world, there may be people with its sayings on their bodies.

He said that one sign read: 'Don't hide these signs from the people.'
The story has attracted considerable attention from the Russian media and online.

4 comments:

စိမ်း... said...

မပြောတတ်ဘူး... ဟုတ်ချင်လည်းဟုတ်မှာပေါ့... ဟုတ်ချင်မှလည်း ဟုတ်မယ်... :)

ဒဏ္ဍာရီ said...

ထူးတော့ ထူးဆန်းတယ်နော်။ ဟုတ်လားတော့ မသိဘူး။ ဒါပေမယ့် ဘာပဲ ပြောပြော ဗဟုသုတတော့ ရသွားပါတယ်။

ခင်မင်လေးစားလျှက်

သားကြီး said...

ကမ္ဘာပျက်မပျက်တော့မသိဘူးကိုပီတာရေးး
ကျနော်တော့ ၂၀၁၂ဆိုတဲ့ရုပ်ရှင်ကြော်ငြာကြည့်ပြီးလန့်သွားတာပါပဲ
မိန်းမတောင်မယူရသေးဘူးကွယ် အဟိ
http://www.youtube.com/watch?v=eZxBYItj2sM

သားကြီး said...

ကမ ၻာပ်က္တာကေနာက္မွ
ကျနော်တို့တိုင်းပြည်တော့ပျက်နေရှာပြီ