ဝက်ကလေးတွေချစ်စရာ.... အိမ်မှာမွေးချင်စရာ... Tiny porkers with a big price tag: £700 'micro-pigs' are the latest celebrity pet craze

Friday, October 9, 2009
ဝက်ကလေးတွေချစ်စရာ.... အိမ်မှာမွေးချင်စရာ...

Tiny porkers with a big price tag: £700 'micro-pigs' are the latest celebrity pet craze







လက်ဘက်ရည်ခွက်သာသာရှိတဲ့ ဝက်ကလေးများ....
Cute: Tiny pigs the size of tea cups are the latest pet craze sweeping across Britain






ကြောင်ထက်တောင်သေးပါသေးတယ်....
Pet with a difference: The micro pigs (pictured with an average sized cat) are much smaller than a standard farm pig and weigh 9oz when they are born





တစ်ကယ်အရွယ်ရောက်လာပြန်တော့ လည်း ကြက်တစ်ကောင်ရဲ့ အရပ်လောက်ပဲမြင့် ပါတယ်...
A 'fully grown' micro pig: The breed, even when they reach maturity, grow to just 14 inches tall



စည်သွပ်ဗူးနဲ နင်လားငါလားပဲ....




မတ်ခွက်နဲ့  သူနဲ့  ......


ဗြိတိန်နိုင်ငံတွင် လက်ဘက်ရည်ပန်းကန်လုံးအရွယ်အစားသာသာမျှသာရှိသော ချစ်စရာ
ဝက်ပုကလေးများအား အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခြင်းသည် ယခုအခါအလွန်ခေတ်
စားနေသည်ဟုဆိုသည်...
အဆိုပါဝက်ပုလေးများ မည်မျှခေတ်စားနေသနည်းဆိုလျှင် ဗြိတိန်နိုင်ငံတွင်ဝယ်သူများလွန်း
သဖြင့် အလွန်ပင်ရှားပါးနပြီး ရောင်းဈေးမှာလည်း တစ်ကောင်လျှင် စတာလင်ပေါင် ၇၀၀
( ဒေါ်လာ ၁၁၀၀ ကျော်  )မျှရှိသည်ဟုဆိုသည်...

အရွယ်ရောက်သည့် တိုင်အောင် အမြင့် ဆယ့် လေးလက်မျှသာရှိသည့်  အဆိုပါဝက်ပုလေးများကို
နာမည်ကျော်အနုပညာရှင်များဖြစ်သည့်  ဟယ်ရီပေါ်တာရုပ်ရှင်မှ Ron Weasley အဖြစ်သရုပ်
ဆောင်သည့်  Rupert Grint  အစရှိသူများကပါ ၀ယ်ယူလျှက်ရှိသည်ဟုဆိုပါသည်...

ဝက်ပုလေးတွေအတွက် ၀ယ်ယူမှာကြားသူတွေများလွန်းလို့  ကျွန်မတို့ မှာနေ့ စဉ်နဲ့ အမျှ ရောင်းဖို့ 
ရှိသေးလားလို့  စုံစမ်းမေးမြန်းသူတွေကိုဖြေကြားနေရတာမနိုင်မနင်းဖြစ်နေရပါတယ်လို့  သူမရဲ့ မူလ
အလုပ်ကနေထွက်ပြီး အဆိုပါဝက်ပုလေးများကို အချိန်ပြည့် မျိုးဖောက်ရောင်းနေသူ Jane Croft
( အသက် ၄၂ နှစ် ) ကပြောကြားခဲ့ ပါတယ်...

အခုလိုဝက်ပုလေးများကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်လူတွေအရူးအမူးနှစ်ခြိုက်လာတာရုတ်တရက်ကြီး
ဖြစ်လာတာမို့ အံ့ သြစရာပါပဲ... “

ဝက်ပုလေးများဟာပုံမှန်မွေးမြူရေးဝက်များထက်အရွယ်အစားအလွန်သေးငယ်ကြပြီးမွေးစမှာဆိုလျှင်
၉ အောင်စ သာသာပဲလေးပြီး လက်ဘက်ရည်အချိုပန်းကန်းလုံးခန့် အရွယ်အစားသာရှိပါတယ်...
အသက်နှစ်နှစ်မှာ သူတို့ ဟာအပြည့် အစုံထွားကြိုင်းကြပြီး အလေးချိန် ပေါင် ၄၀ မှ ၆၅ အထိရှိပြီး
အမြင့် ကလည်း ၁၂ လက်မ ကနေ ၁၆ လက်မ လူတွေရဲ့ ဒူးခေါင်းအထိလောက်ပဲရှိတတ်ကြပါတယ်...

သူတို့ ဟာ သက်တမ်းဆယ့် ရှစ်နှစ်သာ နေထိုင်အသက်ရှင်ပြီး ပြုစုစောင့် ရှောက်ရတာ ကရိကထ
နည်းခြင်း၊ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခြင်းနဲ့  သန့် သန့် ရှင်းရှင်းနေတတ်ခြင်းတို့ ကြောင့် ချစ်
စရာအိမ်မွေးတိရိစ္ဆာန် အဖြစ်နာမည်ကျော်လူကြိုက်များလာရတာပါတဲ့ ...
သူတို့ ကိုမွေးထားပြီးယင် ခွေးများလိုအညောင်းပြေလမ်းလည်းလိုက်လျှောက်ပေးစရာမလိုဘူး
ကျန်းမာရေးအတွက်လည်းဘာမှမပူပင်ရပါဘူး....

သူတို့ ဟာအသံလည်းဆူဆူညံညံသိပ်မလုပ်ပါဘူး...အိမ်သာအခင်းသွားတတ်ဖို့ လည်းကျင့် ပေးရ
တာအလွန်လွယ်ကူပါတယ်...သူတို့ ကိုသံယောဇဉ်ဖြစ်သွားတာနဲ့ တစ်ကယ်ကိုချစ်ဖို့ ကောင်းတော့ 
တာပါပဲ...
သူတို့ ဟာ အလွန်ကိုသန့် သန့် ရှင်းရှင်းနေတတ်ပြီး သူတို့ နေရာကိုဘယ်တော့ မှ ညစ်ပတ်ရှုပ်
ပွအောင်မလုပ်တတ်လို့  အလွန်ကိုချစ်ဖို့ ကောင်းပါတယ်တဲ့ ...

သူတို့ ဟာ လူ၊မျောက်၊လင်းပိုင်း တို့ ပြီးလျှင် စတုတ္ထမြောက်အသိဥာဏ်အမြင့် ဆုံး သတ္တ၀ါတွေ
ဖြစ်ပါတယ်...
ခွေးထက်တောင်မှအရွယ်ငယ်သေးတဲ့  ၀က်ပုကလေးများဟာ တစ်ချို့ ခွေးတွေကြောင်တွေနဲ့ 
ဓါတ်မတည့် တဲ့ ရောဂါရှိသူများအတွက်တော့ တစ်ကယ့် ကိုအစားထိုးအိမ်မွေးတိရိစ္ဆာန်ပါပဲ...
တစ်ချို့ သူများကခွေးတွေကြောင်တွေနဲ့ ဓါတ်မတည့် တတ်ကြပါဘူး...ဒါပေမယ့် ဝက်နဲ့ ဓါတ်
မတည့် တာတော့ မရှိပါဘူး...ဘာဖြစ်လို့ လည်းဆိုတော့  ၀က်အရေပြားနဲ့ လူရဲ့ အရေပြား
ဟာ သဘောသဘာဝချင်းဆင်တူပြီး သူတို့ မှာ ခွေးတွေကြောင်တွေလိုအမွေးမဟုတ်တဲ့ လူ့ 
အမွေးလိုမျိုး အမွေးများသာရှိလို့ ပါပဲ...

အခုတော့ ခွေးအမွှေး၊ကြောင်အမွှေးတွေနဲ့ ဓါတ်မတည့် တဲ့ သားသမီးများရှိတဲ့ မိဘတွေက သူတို့ 
ဆီက ၀က်ပုလေးတွေကိုပဲလာဝယ်နေကြပါပြီလို့  လွန်ခဲ့ တဲ့ ငါးလလောက်က အဆိုပါဝက်ပုသား
ဖောက်မျိုးပွား မွေးမြူရေးကိုစတင်ခဲ့ တဲ့  Christchurch အရပ်က Little Pig Far ( ၀က်ကလေး
များမွေးမြူရေးခြံ ပိုင်ရှင် Miss Croft ကပြောကြားခဲ့ ပါတယ်...

သူမမှာယခုလောလောဆယ် ၀က်ပုလေးအကောင် ၅၀ မျှသားဖောက်ထားပြီး ၀ယ်ယူမှာကြားသူတွေ
ရဲ့ အလိုဆန္ဒပြည့် ဝရအောင် တစ်နေ့ လျှင် ၁၄ နာရီ၊တစ်ပတ် ၇ ရက်၊နားရက်မရှိပဲ အလုပ်လုပ်နေ
ရပါတယ်....သူမရဲ့ လုပ်ငန်းကုမ္ပဏီ ၀က်ဘ်ဆိုဒ် ( ၀က်ရောင်းတဲ့ ဝက်ဆိုဒ်ပေါ့ နော်...) ဟာတစ်ပတ်ကို လာရောက်
လည်ပတ်သူ ၄၀၀၀ မျှရှိပြီး တစ်နေ့ ကို e-mail အစောင် ၆၀ နဲ့  phone calls အကြိမ် ၄၀ အထိ
အမေရိကား၊ ရုရှား၊ စပိန်နဲ့ သြတေးလျ အစရှိတဲ့ နိုင်ငံများကနေမေးမြန်းစုံးစမ်းနေကြပါတယ်...

သူမဟာဝက်တွေကို အမြဲတမ်းပဲချစ်ခင်နှစ်သက်ခဲ့ ပါတယ်တဲ့ ...သူမရဲ့ အကြိုက်ဆုံးအဆိုအမိန့် က
တော့  ၀င်စတန်ချာချီရဲ့  ” လူနဲ့ ဝက်ဟာအတူတူပဲ ” ဆိုတာဖြစ်ပါတယ်...သူမဟာတစ်ခါတစ်ရံ
ဝက်မွေးမြူရေးလုပ်ခဲ့ တာ နှစ်ပေါင်း ၁၅နှစ်ရှိခဲ့ ပါပြီလို့  Miss Croft ကရှင်းပြခဲ့ ပါတယ်..

ဝက်ပုလေးတွေကိုတီဗီမှာမြင်လိုက်ရကတည်းက တစ်ခါတည်းနှစ်ခြိုက်သဘောကျသွား ခဲ့ တာပါပဲ...
အဲဒီတုံးက အပြင်မှာအလွယ်တစ်ကူ ၀ယ်လို့ မရတာမို့ ကိုယ်ကိုယ်တိုင်ပဲသားဖောက်မွေးမြူဖြစ်ခဲ့ 
တာပါလို့ လည်းသူမကဆိုပါတယ်...

ဝက်ပုလေးတွေကိုတီဗီမှာမြင်လိုက်ရကတည်းက တစ်ခါတည်းနှစ်ခြိုက်သဘောကျသွား ခဲ့ တာပါပဲ...
အဲဒီတုံးက အပြင်မှာအလွယ်တစ်ကူ ၀ယ်လို့ မရတာမို့ ကိုယ်ကိုယ်တိုင်ပဲသားဖောက်မွေးမြူဖြစ်ခဲ့ 
တာပါလို့ လည်းသူမကဆိုပါတယ်...

သူမဟာ သူမရဲ့ အဖြစ်ချင်ဆုံးစိတ်ကူးယဉ်အိပ်မက်ထဲကဆန္ဒဖြစ်တဲ့ ဝက်ပုလေးတွေ မျိုးစပ်မွေး
မြူနိုင်ဖို့ လပေါင်းများစွာသုတေသနပြုခဲ့ ရပြီး အခုအခါမှာတော့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ ပါပြီ...

အဆိုပါ ၀က်ပုလေးများ မျိုးရဖို့ အတွက် အသားတိုးဝက်မျိုးတွေဖြစ်တဲ့  Tamworth, Kune Kune
နဲ့  Gloucester Old Spot မျိုးတွေကိုအကြိမ်ကြိမ် မျိုးစပ်ပြီး လိုချင်တဲ့ အရောင်စုံဝက်ကလေး
များဖြစ်အောင်ကြိုးစားခဲ့ ရပြီး အခုတော့ တစ်ကောင်ကို ပေါင်စတာလင် ၁၉၅ ကနေ ၇၀၀ အတွင်း
ရောင်းချနိုင်ခဲ့ ပါပြီတဲ့ ....

သူတို့ ဟာအစားအစာကိုကောင်းစွာစားနိုင်ကြပြီး သူတို့ နဲ့ အတူအရုပ်ကလေးများထားပေးခြင်း
ကိုနှစ်သက်ကာတစ်ချို့ ကတော့ သူတို့  အိမ်တဲ့ နေရာလေးတွေမှာ ရေဒီယိုလေးများတောင်တပ်
ထားပေးတတ်ကြပါသေးတယ်...
အဲဒီကနေတစ်ဆင့်တစ်ဆင့် မျိုးပွားခဲ့ တာ အခုတော့  Peanut ဆိုတဲ့ ဝက်ပုမျိုးဟာ ဥရောပမှာ
တော့ ကောင်အသေးဆုံး၊အရွယ်ရောက်ဝက်ပုမျိုးဖြစ်နေပါပြီ...

သူမနဲ့ အတူနေတဲ့  အသက် ၃လ သားအရွယ်တုန်းက  ၂ ကီလို ( ၄.၄ ပေါင် ) သာလေးတဲ့ 
ဝက်ပုလေးဟာသူမရဲ့ ခွေးကလေးနဲ့ အတူအဖော်အဖြစ်ထားပြီး ဆိုဖာပေါ်မှာပဲအိပ်ပါတယ်တဲ့ ...

အသက် ၁၃ လသားအရွယ်မှာတော့ ဝက်မကလေးဟာ ကြီးထွားမှုရပ်တန့် သွားခဲ့ ပြီးအမြင့်  ၁၂
လက်မသာရှိပါတယ်...
သူတို့ ဟာလူတွေနဲ့ သိပ်ပြီးခင်တတ်ကာ၊ပျော်ရွှင်မြူးတူးနေတာမို့ အိမ်မှာမွေးထားရတာသိပ်ကို
အံ့ သြပျော်ရွှင်ဖို့ ကောင်းပါတယ်လို့  Miss Croft ကဆိုပါတယ်...

ကိုယ်ကတီဗီထိုင်ကြည့် နေယင်သူတို့ ဟာပေါင်ပေါ်မှာလာထိုင်နေတတ်ပြီးသူတို့ ရဲ့ ကိုယ်ကိုပွတ်
သတ်ကျီစယ်နေနိုင်တာပေါ့ ...တစ်ခါတစ်ရံသူတို့ က၀ူးဝူးဝါးဝါးနဲ့ စကားတွေပြောလို့ သင်ရယ်မော
နေရမှာတော့ အမှန်ပါပဲတဲ့....


 မူရင်းကတော့ ဒီလိုပါဗျာ....
Tiny pigs the size of tea cups are the latest pet craze sweeping across Britain.
The must-have micro pigs have become so popular they are almost impossible to get hold of in the UK and sell for up to £700 each.

The adorable animals, which grow to just 14in tall, are being snapped up by celebrities, including Harry Potter actor Rupert Grint, who plays Ron Weasley.
‘Demand for micro pigs is soaring and we are inundated with inquiries every day," says Jane Croft, 42, who has given up her job to breed them full time.
‘It's amazing how popular they have suddenly become and just how many people want pigs as pets.’
Micro pigs are much smaller than a standard farm pig and weigh 9oz, about the size of a tea cup when they are born.
At two years old they are fully grown and weigh in around 40-65lb and are around knee height at 12-16in tall.
They can live for up to 18 years, but make popular pets as they are low maintenance, quiet and surprisingly clean.

‘Micro pigs make fantastic pets as they are very low maintenance. You don't have to take them for walks and they have very few health issues,’ said Miss Croft.

‘They don't make much noise, they are easy to toilet train and once they have bonded with you they are very loving.
‘They are actually very clean and never mess in their bedding and are just so adorable.

‘They are also highly intelligent and are the fourth most intelligent species after man, monkey and dolphin.

‘They really are the perfect pets, I don't know why people haven't thought of them before.’

Micro pigs, which grow no bigger than a Labrador, are also good alternative pets for people with allergies.

‘Lots of people are allergic to cats and dogs but you can't get allergies from pigs as their skin is very similar to ours, and the have hair not fur,’ Miss Croft.

‘We've had many parents buy pigs for their children who suffer from fur allergies,’ Miss Croft set up her micro pig breeding business five months ago at Little Pig Farm in Christchurch, Cambs.

She currently has 50 micro pigs, have been working 14 hours a day, seven days a week to keep up with demand.

Her company website has been getting 4,000 hits a week and she gets at least 60 e-mails and 40 phone calls a day from people all over the world, including America, Russia, Spain and even Australia.

‘I have always adored pigs and I love the famous Winston Churchill quote about a pig being man's equal. I have been breeding pigs on and off as a hobby for 15 years,’ said Miss Croft.

'I saw some micro pigs on television and fell in love with them. They have become so popular as pets they were impossible to get hold of so I began breeding them myself.


‘I spent months researching and finding suitable pigs and now at last I am able to do my dream job full-time.’

The pigs are crosses of Miniature Pot Bellied pigs with Tamworths, Kune Kunes and Gloucester Old Spots to create their tiny, colourful Micro Pigs, which are sold for between £195 and £700.

They enjoy good food, lots of toys and even have Classic FM piped to their bedrooms.

The size of the piglets get smaller with every litter with Peanut the piglet believed to be one of the tiniest adult pigs in Europe.

The little pig, who weighed just under 2kg at twelve weeks old, now lives indoors with Miss Croft as a companion to her dog and sleeps on the sofa.

At 13 months she has almost stopped growing and is just 12 inches tall.

‘They really are fantastic fun, highly sociable and make amazing pets,’ said Miss Croft.

'They will sit on your lap while you watch TV so you can scratch their belly. They will even talk to you and have you giggling for hours.'

4 comments:

Beauty Studio USA Branded Store said...

မွေးစရာရှားမှ ရှားသလားကွယ်။ မွေးရင်းလဲ အစာ ၊အစာလဲမွေး။
တစ်ကိုက်စာလေးတွေ။

ကာရံဆူး said...

ကိုပီတာရေ..ဒါဆို ၀က်လိုပဲ ဦးနှောက်မရှိဘူးလို့ ပြောနေကြတာ မှားနေတာပေါ့..ချစ်စရာလေးတွေ... သူတို့ တွေမှာ ထူးထူးဆန်းဆန်းတွေ လုပ်တတ်ပနော်...

စိမ်း... said...

ချစ်စရာလေးတွေနော်... သန့်လည်းသန့်တယ် ကရိကထလည်းမများဘူးဆိုတော့ ဈေးသက်သာရင် တစ်ကောင်လောက်မွေးချင်တယ်... :)

kiki said...

ဝက်ကလေးတွေ ....ချစ်ချာလေးတော့ ...တုတ်ထိုးတော့ လုပ်လို့ ရဘုး နော် ...
မီနီဝက်ကလေးကို မီနီစကပ်လေး ဝတ်ပေးရင် ..ဟိဟိ ...