Swiss ref banned over fan insult
Friday, October 9, 2009
Swiss ref banned over fan insult
ခင်ဗျားတို့ အားလုံး...ဒါပဲ....ဆိုတဲ့ ....
 အခုတော့ အဲဒီအနီကတ်ကသူ့ အတွက်ပေါ့ ....
သူဟာကစားသမားတွေကိုအနီကပ်လည်းမကြာခဏပြတတ်ပါတယ်တဲ့ ...
ကားမှုဖြင့် သုံးပွဲတိတိအပယ်ခံရရန်အပြစ်ပေးခံရကြောင်းသိရပါတယ်...
Massimo Busacca ဟာ  FC Baden အသင်းနဲ့  Young Boys  အသင်းတို့ ကစားကြတဲ့ ပွဲမှာပရိတ်သတ်
ကိုဆဲရေးတိုင်းထွာတဲ့ အမူအရာဖြစ်တဲ့ ( သူတို့ အနောက်နိုင်ငံသားတွေအများဆုံးအသုံးပြုကြတဲ့  ....အခု
တော့ အာရှသားတွေပါလိုက်ပြီးအတုခိုးအသုံးပြုကုန်ကြပါပြီ...) လက်ခလယ်တစ်ချောင်းတည်းထောင်ပြ
ပါတယ်...
Baden အသင်းရဲ့ အားပေးသူပရိတ်သတ်တွေကွင်းထဲအထိပြေးဆင်းလာခဲ့ ကြလို့ အားကစားကွင်းအသံ
လွှင့် တဲ့ စနစ်ကနေပရိတ်သတ်ကိုသတိပေးစကားအသံလွှင့် ပေးဖို့ သူကတောင်းဆိုခဲ့ ပါတယ်...
သူဟာပရိတ်သတ်တွေဆီကနေသူ့ ကိုမရပ်မနားအော်ဟစ်ဆဲဆိုနေတာတွေကြောင့် စိတ်ဆိုးဒေါသထွက်
ခဲ့ ရတယ်လို့ ဆိုပါတယ်....
ဒါပေမယ့် သူက ” ကျွန်တော့် ဒေါသကိုမချူပ်တီးနိုင်ခဲ့ ပါဘူး...အဲဒီလိုအားကစားစိတ်ဓါတ်မဆန်တဲ့ အပြု
အမူအတွက်ပရိတ်သတ်ကိုတောင်းပန်ပါတယ် ...” လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ ပါတယ်...
Massimo Busacca ဟာ မနှစ်က ကျင်းပခဲ့ တဲ့  Champion League ဥရောပကလပ်များဖလားပြိုင်ပွဲ
ကြီးအဖြစ်တာဝန်ယူခဲ့ သူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှာ တောင်အာဖရိကမှာကျင်းပမယ့် ကမ္ဘာ့ ဖလားဘောလုံး
ပြိုင်ပွဲမှာလည်းဒိုင်လူကြီးအဖြစ်ပါဝင်တာဝန်ယူပေးဖို့ သူ့ ကိုစီစဉ်ထားပြီးပါပြီ....
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ ချူပ်က သူဟာဆွစ်ဇာလန်နိုင်ငံရဲ့ အကောင်းဆုံး ဒိုင်လူကြီးတစ်ဦးဖြစ်ကြောင်း
ပြောဆိုခဲ့ ပြီးအခုသုံးပွဲပယ်ခံရတဲ့ အပြစ်ဒဏ်ကတော့ ( အယူခံခွင့် မရှိပဲ ) ချက်ခြင်းအကျိုးသက်ရောက်
မှာဖြစ်ကြောင်းသိရပါတယ်....
အင်္ဂလိပ်လိုကတော့ ဒီလိုပါ....
A high-profile Swiss football referee has been given a three-match ban for insulting fans.
Massimo Busacca was pictured waving his middle finger at crowds during a match between FC Baden and Young Boys.
He had asked for a warning to be played over the public address system after Baden supporters ran onto the pitch.
Mr Busacca said he was provoked by the subsequent "verbal abuse" he received from the fans, but he apologised for his "unsporting gesture". "I lost my cool," he said in a statement.
Mr Busacca was in charge at last season's Champions League final between Barcelona and Manchester United and is lined up to referee World Cup matches in South Africa in 2010.
The Swiss football association said he was the "best Swiss referee" but that the suspension was to come into force immediately.
0 comments: