ဝက်တုပ်ကွေးရောဂါကာကွယ်နိုင်မည့် သာမာန်ကုတ်ဝတ်စုံ....

Wednesday, October 7, 2009

Japanese suit fights swine flu




ဝက်တုပ်ကွေးကို ကာကွယ်ပေးမယ့် ဝတ်စုံ ဆိုပဲ....



ဂျပန်နိုင်ငံမှ Haruyama Trading  ကုမ္ပဏီ သည် ၀တ်ဆင်သူများအား ယနေ့ ကမ္ဘာတွင်ကူးစက်
ပျံ့ နှံ့ ဖြစ်ပွားနေသော H1N1 ခေါ် ၀က်တုပ်ကွေး ရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည့် 
ကုတ်အင်္ကျီဝတ်စုံတစ်မျိုး တီထွင်ထုတ်လုပ် နိုင်ခဲ့ သည်ဟုဆိုပါသည်...
ကုမ္ပဏီ အနေဖြင့် ဝတ်စုံပေါင်း ၅ သောင်း ထုတ်လုပ်ထားပြီး လာမည့် ကြာသပတေးနေ့ မှ စတင်၍
ဈေးကွက်တွင် ရောင်းချသွားမည်ဟု ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူရဲ့ အဆိုအရသိရပါသည်...

အဆိုပါဝတ်စုံကို ဆေးဝါးဓါတုဓါတ်တစ်မျိုးဖြစ်သည့်  titanium dioxide ဖြင့် လွှမ်းအုပ်ပေါင်းတင်ထား
မည်ဖြစ်ပြီး အကယ်၍ ၀တ်ဆင်သူအနေဖြင့် ရောဂါပိုးမွှားများနှင့်  ထိတွေ့ မိခဲ့ ပါက အလိုအလျောက်
ဓါတ်ပြုပြီး ရောဂါပိုးများကိုရှင်းလင်းသုတ်သင်ပေးသွားမည်ဟု ကုမ္ပဏီပြောဆိုခွင့် ရှိသူ Junko Hirohata
ကဆိုပါသည်...အဆိုပါဝတ်စုံတွင်ပေါင်းတင်ထားသောဓါတ်ပစ္စည်းမျာအထူးအသစ်အဆန်းတော့ မဟုတ်
ချေ...သာမာန် သွားတိုက်ဆေးများနှင့်  အလှပြင်သုံးမိတ်ကပ်ပစ္စည်းများထဲတွင်ပါဝင်သော ဓါတုဓါတ်
တစ်မျိုးဖြစ်သည်ဟုဆိုသည်...

တစ်စုံလျှင် ပေါင်စတာလင် ၃၆၅ ( ဒေါ်လာ ၅၈၀ )  ဖြင့် ရောင်းချမည့် အဆိုပါအမျိုးသားများဝတ်စုံ
ဟာ အခြားသာမာန်အရောင်းစာရေးများ အများဆုံးဝတ်ဆင်လေ့ ရှိသည့် အနောက်တိုင်းဝတ်စုံနှင့် 
အတူတူပင်ဖြစ်ပြီး မည်သို့ မျှပိုမိုထူးခြားမှာမဟုတ်ပဲ...အရောင်အသွေးအနေဖြင့်  မီးခိုးရောင်ဖျော့ ဖျော့ ၊
အနက်ရောင် ( မီးသွေးရောင် ) ၊ အပြာရောင် နှင့်  မီးခိုးရောင် အစင်းကြား တို့ ကိုစိတ်ကြိုက်ရွေးချယ်
နိုင်မှာဖြစ်ပါတယ်...

အကြိမ်များစွာလျှော်ဖွပ်ပြီးသည့် တိုင်အောင် ရောဂါပိုးများမှ ကာကွယ်ပေးနိုင်စွမ်းရှိနေဥိး
မည့် အဆိုပါအနောက်တိုင်းဝတ်စုံကို တစ်နှစ်ကြာမျှ တီထွင်ထုတ်လုပ်ခဲ့ ရကြောင်းကုမ္ပဏီ
ကပြောဆိုခဲ့ ပါသည်...
လွန်ခဲ့ သောနှစ်မှစတင်၍ဖြစ်ပွားခဲ့ သော ၀က်တုပ်ကွေးရောဂါပိုးကြောင့် ဂျပန်နိုင်ငံတွင်အဆိုပါရောဂါ
ကပိုး ကူးစက်ပျံ့ ပွားမည်ကိုအလွန် စိုးရိမ်ထိတ်လန့် လျှက်ရှိကြပြီး ကမ္ဘာတစ်ဝှမ်းလုံးအနေဖြင့် ရောဂါ
ဖြစ်ပွားမှုပေါင်း သုံးသိန်းလေးသောင်း ၃၄၀၀၀၀ ရှိပြီး သေဆုံးသူပေါင်း လေးထောင်တစ်ရာမျှ ရှိသွား
ခဲ့ ပြီဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးကအတည်ပြုစာရင်းထုတ်ပြန်ခဲ့ သည်...

ကာကွယ်နိုင်တဲ့ ဝတ်စုံထုတ်လုပ်နိုင်တယ်ဆိုလို့  ၀မ်းသာရပေမယ့်  သာမာန်ပြည်သူတွေ မ၀ယ်နိုင်တဲ့ 
ဈေးနှုံးမို့ လို့  အပြည့် အ၀တော့ ဝမ်းမသာရပါဘူး...
နောက်တစ်ခုကတော့ လူအများစိုးရိမ်ထိတ်လန့် နေချိန်မှာ ခါတော်မှီစီးပွားရေးလုပ်တယ်လို့ ပဲထင်မိ
ပါတယ်...
A Japanese company, Haruyama Trading Co., has developed a suit that it claims protects the wearer from the deadly H1N1 strain of influenza.

The company has produced 50,000 of the suits and will start selling them on Thursday, according to a company spokesman.

The suit is coated with the chemical titanium dioxide, which reacts to light to break down and kill the virus when it comes into contact with it, according to Junko Hirohata. The chemical is a common ingredient in toothpaste and cosmetics.

The suit - which is indistinguishable from any other worn by Japan's legion of "salarymen" - comes in four colours and styles, which are medium grey, charcoal, navy and a grey pinstripe. It will go on sale for about £365.
The company said it spent a year developing the suit, which retains its properties even after being washed numerous times.

Japan has been gripped by swine flu fear since the global outbreak began a year ago, with the World Health Organisation confirming more than 340,000 cases worldwide and around 4,100 deaths.

2 comments:

စိမ်း... said...

အေးလေ ဈေးကြီးလိုက်တာ...

ဂျူနို said...

နှာခေါင်းစည်း တပ်သွားရတာထက်တော့ စာရင်တော့ မိုက်တာပဲ။
ခက်တာက နှာခေါင်းထဲက ၀င်သွားရင်ကော။