Belgium bans burkas: Women who refuse to show faces to be jailed for a week under draft law

Friday, April 30, 2010

အစ္စလာမ်အမျိုးသမီးများ မျက်နှာဖုံးတပ်ပြီးသွားလာခြင်းကိုဘယ်လ်ဂျီယံတွင်တားမြစ်...


Banned: A 22-year-old woman wears a burka in Brussels, but could 
be jailed if a new law is rubber-stamped later this year

ဘယ်လ်ဂျီယံ နိုင်ငံတွင် ယခုကဲ့ သို့ ဝတ်ဆင်ခြင်းကို ဥပဒေအရတားမြစ်တော့ မည်...
Banned: A woman wears a burka in Brussels, but she could be jailed if a new law is brought in later this year

ဘယ်လ်ဂျီယံနိုင်ငံသည် တွင် ဦးခေါင်းမှ ခြေဖျားအထိ မျက်နှာအပါအ၀င်တစ်ကိုယ်လုံးလွှမ်းခြုံဖုံးအုပ်ထား
သော အစ္စလာမ်ဘာသာဝင်အမျိုးသမီးများဝတ်စုံ  burka  ကိုအများပြည်သူနှင့် ဆိုင်သောနေရာများတွင်
ဝတ်ဆင်ခြင်းကို လုံးဝတားမြစ်သည့်  ပထမဦးဆုံးဥရောတိုက်ရှိ နိုင်ငံဖြစ်လာခဲ့ ပါသည်...

ထိုသို့ ၎င်းတို့ ၏မျက်နှာအပါအ၀င်တစ်ကိုယ်လုံးဖုံးဝတ်စုံကို အများသူငါသွားလာနေထိုင်ရာနေရာများတွင်
ဝတ်ဆင်သူအမျိုးသမီးများကို ထောင်ဒါဏ်အပြစ်ပေးနိုင်သည့် ဥပဒေမူကြမ်းကို ပါလီမန်က အတည်ပြုခဲ့ 
ခြင်းဖြစ်ပါသည်...
သို့ သော်ထိုဥပဒေမူကြမ်းကို ဘယ်လ်ဂျီယံဆီးနိတ်လွှတ်တော်မှအတည်ပြုရဦးမည်ဖြစ်ပြီး လာမည့် ဂျူ
လိုင်လ လောက်တွင်မှ ဥပဒေအဖြစ်သက်ရောက်နိုင်မည်ဖြစ်ပါသည်...

ဗဟိုလက်ယာယိမ်း လွှတ်တော်အမတ် ဒန်နီယယ်ဘက်ကွယ်လိန်း က " လူမြင်ကွင်းလမ်းတွေပေါ်မှာ တစ်

စုံတစ်ဦးရဲ့ ပုံသဏ္ဍာန်ကို သိရှိမှတ်မိစေနိုင်ဖို့ က အများပြည်သူအတွက်ရပ်ရွာအေးချမ်းရေးနှင့် လုံခြုံရေး
ကမရှိမဖြစ်ပိုအရေးကြီးပါတယ်...ပြီးတော့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်လည်းမေးခွန်းထုတ်
စရာ ( ညှိုးမှိန်သေးသိမ်စရာ ) ဖြစ်ပါတယ်....မျက်နှာတစ်ခုလုံးဖုံးပြီးနေရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမ

အတွက်တော့ လမ်းလျှောက်နေရတဲ့ အကျဉ်းထောင် ( ရှင်လျှက်နဲ့ ထောင်ကျနေသလို ) ပါပဲ ..." လို့ 
လွန်ခဲ့ တဲ့  ညကပြောကြားခဲ့ ပါသည်...
အဆိုပါ သမိုင်းဝင်ဥပဒေပြဌာန်းခြင်းဟာ ယခင်အစောပိုင်းဆယ်ရက်ခန့် က ဘယ်လ်ဂျီယံနိုင်ငံရဲ့ ဝန်ကြီး
ချူပ် Yves Leterme နှုတ်ထွက်ခဲ့ ပြီး ပါလီမန် ( အစိုးရလည်း )  ပြိုကွဲခဲ့ ရလို့ ထိုမျက်နှာဖုံးတားဆီးရေး
ဥပဒေကို မဲပေးအတည်ပြုဖို့ နှောင့် နှေးခဲ့ ရပြီးနောက် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ တာဖြစ်ပါသည်...


နိုင်ငံရေးအရ ဖရိုဖရဲဖြစ်နေချိန်အတွင်းမှာပင် လျော့ ရဲရဲဖွဲ့ စည်းထားသည့် ငါးပါတီ မဟာမိတ်အဖွဲ့ မှလွှတ်
တော်အမတ်များက အဆိုပါအငြင်းပွားဖွယ်ရာဥပဒေကို ယမန်နေ့ ညနေပိုင်းက အတင်းအကြပ်တိုက်တွန်း
အတည်ပြုနိုင်ခဲ့ တာဖြစ်ပါသည်...



BELGIUM Muslim women
 ဒီလိုဝတ်ပြီးအပြင်သွားခဲ့ ယင် ထောင်ဒါဏ် ၇ ရက် ကျခံနိုင်ပါတယ်...

အဆိုပါဥပဒေအရ မည်သူမဆို ဆေးရုံများ၊ ကျောင်းများ၊ ရုံးများ၊ ဆိုင်များ၊ လမ်းများတွင် ( ဦးခေါင်းမှခြေ
ဖျားအထိ ) မျက်နှာကိုဖုံးပြီး သွားလာနေထိုင်ခြင်းကို တားမြစ်နိုင်လိမ့် မည်ဖြစ်ပါသည်...

ပထမဦးဆုံးအကြိမ်ကျူးလွန်သူအမျိုးသမီးများကို ဒါဏ်ငွေ ၁၆၅ ဒေါ်လာ ချမှတ်ပေးဆောင်စေမည်ဖြစ်ပြီး
 ဒါဏ်ငွေပေးဆောင်ရန်ငြင်းဆိုခဲ့ လျှင် သို့ မဟုတ် ဒုတိယအကြိမ် ကျိုးလွန်လျှင်ရက်သတ္တတစ်ပါတ်အထိ
ထောင်ဒါအပြစ်ပေးခံရမည်ဖြစ်သည်...

ဘယ်လ်ဂျီယံနိုင်ငံရှိ ၂ သိန်း ၈ သောင်းအရေအတွက်မျှရှိသော အစ္စလာမ်ဘာသာဝင်များတွင် ၄ ထောင်
သို့ မဟုတ် ၄ သောင်း ( မူရင်းသတင်းတွင် ၄ ရာဟု ဆိုထားသည်၊ မဖြစ်နိုင်ပါ...) ခန့် မျှသောအမျိုးသမီး
များက အပြင်ထွက်တိုင်း မျက်နှာဖုံးထားသည့် burka ၀တ်စုံ ၀တ်ဆင်ပြီးထွက်လေ့ ရှိသည်ဟုခန့် မှန်းကြ
ပါသည်...


အခြားသောဥရောပနိုင်ငံများကလည်းထိုကဲ့ သို့ တားမြစ်သည့် ဥပေဒများ ပြဌာန်းနိုင်ရန်စဉ်းစားဆွေးနွေး
နေစဉ် ဘယ်လ်ဂျီယံတွင် ယခုကဲ့ သို့ ဥပဒေမူကြမ်းအတည်ပြုချက်ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်...
နယ်သာလင် ( ဒတ်ခ်ျ ) နိုင်ငံတွင်လည်း အမျိုးသမီးများ မျက်လုံးသာမြင်သာယုံလှစ်ပြထားပြီး ဦးခေါင်း
အပါဝင် မျက်နှာပါဖုံးထားရသော burka သို့ မဟုတ် niqab ၀တ်စုံများဝတ်ဆင်ပြီး သွားလာခြင်းကိုတား
မြစ်ရန် နိုင်ငံအများအပြားကထောက်ခံအားပေးခဲ့ ကြပါသည်...

မကြာသေးခင်ကပင် ဆွစ်ဇာလန်နိုင်ငံတွင် လခြမ်းပုံအထွတ်ပါသည့် မွတ်ဆလင်ဗလီများဆောက်လုပ်
ခြင်းကိုမဲပေးတားမြစ်ခဲ့ ပြီး ပြင်သစ်နိုင်ငံကလည်း ယခုလိုဦးခေါင်းဖုံးပြီးဝတ်ဆင်သွားလာခြင်းကိုတားမြစ်
မည့် ဥပေဒကို လာမည့် ဂျူလိုင်လတွင် မဲပေးဆုံးဖြတ်ရန်ပြင်ဆင်နေပါသည်...

ပြင်သစ်နိုင်ငံတွင်အတည်ပြုမည့် ဥပဒေများအရ ၎င်းတို့ ၏မျက်နှာများကို ဖုံးအုပ်ကွယ်ဝှက်ထားသည့်အ
မျိုးသမီးများကို ဒေါ်လာ ၉၀၀ အထိဒါဏ်ရိုက်မည်ဖြစ်ပြီး ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို သိရှိ
မှတ်တမ်းတင်နိုင်ရန် ရဲစခန်းများတွင် မျက်နှာဖုံးများဖယ်ရှားစေမည်ဖြစ်သည်ဟုဆိုသည်...
မိမိတို့ ၏ဇနီးမယားများအား အတင်းအကြပ် မျက်နှာဖုံးကာဝတ်စုံများဝတ်ဆင်စေသည့် ခင်ပွန်းယောကျာင်္း
များကို ထောင်ဒါဏ်အပြစ်ပေးမည်ဖြစ်သည်...

ပြင်သစ်နိုင်ငံအာဏာရ UMP ပါတီဥက္ကဌ Jean Francois Cope က " မျက်နှာဖုံးဝတ်စုံများဝတ်ဆင်ခြင်း
ကိုတားမြစ်ပိတ်ပင်မည့် ဥပဒေကိုလာမည့် စက်တင်ဘာ လလယ်လောက်တွင်ပြဌာန်းနိုင်လိမ့် မည်ဟု ၀န်
ကြီးချူပ်က ကျွန်တော်တို့ ကိုပြောကြားခဲ့ ပါတယ်...မကြာခင်ကပြုလုပ်ခဲ့ တဲ့ စစ်တမ်းအရ ပြင်သစ်ပြည်
သူလူထု ၇၀ ရာခိုင်နှုံးက အများပြည်သူမြင်ကွင်းမှာ မျက်နှာဖုံးပြီးသွားလာနေထိုင်ခြင်းကို ဆန့် ကျင်ကန့် 
ကွက်ခဲ့ ကြပါတယ်..." ယခုသီတင်းပါတ်အတွင်းပြောကြားခဲ့ ပါသည်...

နိုင်ငံအနှံ့ အပြားထိုကိစ္စကိုအားပေးထောက်ခံလင့် ကစား ပြင်သစ်နိုင်ငံ၏အမြင့် ဆုံးတရားစီရင်ရေးအဖွဲ့ 
ဖြစ်သည့် ပြင်သစ်နိုင်ငံတော်ကောင်စီကမူ မည်သည့် ဥပဒေမျိုးမဆို ဥရောပသမဂ္ဂ၏ လူ့ အခွင့် အရေး
ဆိုင်ရာတရားဥပဒေများဖြင့် တားဆီးပယ်ဖျက်နိုင်သည်ဟု သတိပေးထားခဲ့ ပါသည်...
ယခုပြဌာန်းခဲ့ သောဘယ်လ်ဂျီယံ နိုင်ငံမှ ဥပဒေသည်လည်း အဆိုပါ ( ဥရောပသမဂ္ဂ၏ အခြေခံလူ့ အခွင့် 
အရေး ) ဥပဒေဖြင့် ပင်ပြန်လည်ပယ်ဖျက်ရန် စိန်ခေါ်နိုင်ပါသေးသည်...


လူသားတွေရဲ့ ဘ၀လုံခြုံစိတ်ချရေးနှင့် လွတ်လပ်စာပြောဆိုနိုင်ခွင့် ၊ ၀တ်ဆင်နေထိုင်နိုင်ခွင့် ဆိုတဲ့ အခြေ
ခံလူ့ အခွင့် အရေးမူ တွေဟာ မသမာသူအနည်းစုကြောင့် ထိခိုက်ခံရမှာတော့ အသေအချာပါပဲ...
(တစ်ချို့ သောအကြမ်းဖက်သမားများက ထိုမျက်နှာဖုံးဝတ်စုံများဖြင့် အကာအကွယ်ယူကာ အသေခံဗုံး
ခွဲခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းများပြုလုပ်ကြလို့ အခုလို တားဆီးပိတ်ပင်တာတွေပေါ်ပေါက်လာရတာ
ဖြစ်ပါတယ်...)

ယခုတားမြစ်ချက်ကိုပဲ ၎င်းတို့ ဘာသာကိုစော်ကားပါတယ်ဆိုပြီး ဘာသာရေးအစွန်းရောက်များက ပြော
ဆိုစည်းရုံးကာ အဆိုပါနိုင်ငံများမှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါသေးတယ်...
ကမ္ဘာကြီးကတော့ ဘယ်နေရာမှ လုံခြုံစိတ်ချရတယ်ဆိုတာမရှိတော့ ပါဘူး...



မူရင်းအင်္ဂလိပ်လိုသတင်းလေးပါ...
Belgium became the first European country to impose a full ban on wearing a burka last night.

Its parliament approved a draft law which states women can be jailed for hiding their faces in public.
The bill - which must be rubber-stamped by the Belgian senate - is set to become law by July.
Centre-Right MP Daniel Bacquelaine said last night: 'The notion of recognising people in the street is essential to maintain public order.
'It's also a question of human dignity. The full face veil turns a woman into a walking prison.'


The ground-breaking legislation comes just ten days after an earlier vote on banning the burka was scuppered by the collapse of the country's parliament and resignation of its prime minister, Yves Leterme.
Despite the political turmoil, MPs in the fragile five-party coalition managed to push through the controversial law yesterday evening.
It means anyone will be banned from covering their face in a public place, including the street, shops, offices, schools and hospitals.
Women will be fined £110 for the first offence.
If they refuse to pay or are caught a second time, they can be jailed for a week. It is estimated up to 400 of the country's 280,000 Muslims wear the burka in public.
The move comes as other countries consider bringing in similar legislation. There is widespread support for a ban on burkas, or full face veils, and niqabs, which cover the head and face but leave the eyes visible, in the Netherlands.
In Switzerland, voters recently supported a ban on the construction of new minarets, while France is preparing to vote in July on its own law banning Islamic headwear.
Under French proposals, women would be fined up to £600 for hiding their faces, and be 'unveiled' at a police station so they could be identified.
Husband who forced their wives to wear burkas would be sent to prison.
Jean-Francois Cope, president of France's ruling UMP party, said this week: 'The prime minister has told us the new law on wearing burkas would be adopted by mid-September.
'A recent survey found 70 per cent of French people are opposed to the wearing of full face veils in public.'
Despite widespread support for a ban, France's highest legal body, the Council of State, has warned any law could be overturned by EU human rights laws.
Belgium's law could also be challenged by the same legislation.

2 comments:

SHWE ZIN U said...

ဒီဥပဒေ ကိုတော့ ကျနော် တို့ ထောက်ခံတယ်ဗျာ ကောင်းလိုက်တာ

ရွှေစင်

ဂျစ်တူး ( မုံရွာ ) said...

ဟုတ်တယ် ကိုပီတာ
ကျနော်လည်း အပေါ်က ရွှေစင်ဦး ပြောသလိုဘဲ
ထောက်ခံတယ်ဗျာ-ဒီဥပဒေကိုအပြည့်အဝထောက်ခံတယ်
အမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆန္ဒပြုတယ်ဗျာ-
အောင်မြင်ပါစေဗျာ-
ဘာသာရေးအစွန်းရောက်တွေနဲ့ တော့ တော်တော်ကလေး
တိုက်ခိုက်ယူရလိမ့် မယ်ထင်မြင်မိပါတယ်။